www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, July 19, 2014

ငှက်လမ်းညွှန်သင်တန်း ဖွင့်လှစ်မည်


ရန်ကုန် ၊ ၁၉-၇-၂၀၁၄

မြန်မာငှက် နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်း၏ အစီအစဉ်ဖြင့် ငှက်လမ်းညွှန် သင်တန်း ( Training Bird Guide ) အမှတ်စဉ်(၁) ကို ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သိရသည်။

သင်တန်း လျှောက်လွှာ များကို ဇူလိုင်လ ၂၃ ရက် နောက်ဆုံး ထား လက်ခံ သွားမည် ဖြစ်ပြီး သင်တန်း ကာလမှာ သြဂုတ်လ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ ငါးပတ်ကြာမည် ဖြစ်ကာ လှော်ကား သဘာဝ ဥယျာဉ်၌ ( ညအိပ် စခန်းချ ) ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သိရသည်။

" သင်တန်းမှာ နံနက် ၆ နာရီမှ ညနေ ၆ နာရီခွဲ အထိ လက်တွေ့ ငှက်ကြည့် လေ့လာ ကြရမှာပါ ၊ သင်တန်း ပြီးရင် ပုဂံ ၊ ပုပ္ပါး ၊ အင်းလေး ဒေသ တွေကို လေ့လာရေး အတွက် သွားမယ့် ခရီးမှာတော့ တည်းခိုစရိတ် ၊ စားစရိတ် ၊ ခရီးစရိတ် တော့ ကုန်ကျမှာ ဖြစ်ပါတယ် ... " ဟု မြန်မာငှက် နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်းမှ တာဝန်ရှိသူ တစ်ဦး က ပြောကြားသည်။

ငှက်လမ်းညွှန် သင်တန်း ( Training Bird Guide ) အမှတ်စဉ်(၁) တွင် ငှက်မျိုးစိတ် အကြောင်း ၊ သဘာဝ ၀န်းကျင် နှင့် ဗီဇမျိုးစုံ မျိုးကွဲ ထိန်းသိမ်းရေး အရေးပါမှု ၊ ငှက်များ၏ ဂေဟဆိုင်ရာ အကျိုးပြုမှု ၊ ငှက်ကြည့် ခြင်းနည်း ပညာရပ် များကို မြန်မာ ဘာသာဖြင့် သင်ကြား ပေးမည် ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ သင်တန်းသို့ တက်ရောက် လိုသူများ အနေဖြင့် ကျန်းမာရေး ကောင်းမွန်ကာ တောတွင်း ခရီး သွားနိုင်သူ ၊ သဘာဝ ပတ်ဝန်းကျင် ၌ ကြံ့ကြံ့ခိုင်ခိုင် သွားလာ နိုင်သူ ဖြစ်ရမည် ဟု သိရသည်။

လေ့လာမှု များကို လှော်ကား ဥယျာဉ်၌ ပြုလုပ်ရမည် ဖြစ်ပြီး သင်တန်းသား ဦးရေ ၁၅ ဦး လက်ခံမည် ဖြစ်ကာ ယင်း ၁၅ ဦးအပြင် Darwininitiative ၏ ထောက်ပံ့မှုဖြင့် သင်တန်းသား ၉ ဦး ပါဝင် သင်ကြားမည် ဖြစ်ကြောင်း သိရှိရသည်။

ယောသူလေး



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger