www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 23, 2014

တိရစ္ဆာန်ဆေးပညာ ကောင်စီဥပဒေ အမှတ် ၉/၉၅ ကို ပြင်ဆင် ရေးဆွဲမည်ဖြစ်ရာ အကြံပြုချက်များ ပေးပို့နိုင်



နေပြည်တော် ၊ ၂၃-၇-၂၀၁၄

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့က ပြဋ္ဌာန်းခဲ့သော တိရစ္ဆာန် ဆေးပညာ ကောင်စီ ဥပဒေအမှတ် ၉/၉၅ ကို ပြင်ဆင် ရေးဆွဲမည် ဖြစ်ရာ ဖြည့်စွက် အကြံပြုချက် များကို ၂၀၁၄ ခုနှစ် သြဂုတ်လ ပထမပတ် အရောက် ပေးပို့ နိုင်ကြသည်။

တိရစ္ဆာန် ဆေးပညာ ကောင်စီ ဥပဒေအမှတ် ၉/၉၅ အား အသေးစိတ် သိရှိလိုပါက www.mlfrd.gov.mm တွင် ၀င်ရောက် ကြည့်ရှုနိုင်ပြီး အကြံပြုချက် များကို ရုံးအမှတ် (၃၆) ၊ နေပြည်တော် ၊ မွေးမြူရေး ရေလုပ်ငန်း နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ၊ မွေးမြူရေး နှင့် ကုသရေး ဦးစီးဌာန ဖုန်း ၀၆၇- ၄၀၈ ၂၄၈ ၊ ဖက်စ် ၀၆၇- ၄၀၈ ၃၄၂ တို့သို့ ပေးပို့ နိုင်ကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger