www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, July 19, 2014

တောင်သမန်အင်းရှိ ငှက်မျိုးစိတ် ၄၄ မျိုးအား ပစ်ခတ်ဖမ်းဆီးခြင်းများ မပြုရန် ဥပဒေပြဋ္ဌာန်း တားမြစ်



မန္တလေး ၊ ၁၉-၇-၂၀၁၄

တောင်တမန်အင်း မှ ငှက်မျိုးစိတ် ၄၄ မျိုးမှာ တောရိုင်း တိရစ္ဆာန်များ နှင့် သဘာဝ အပင်များ ကာကွယ်ရေး နှင့် သဘာဝ နယ်မြေ ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၃၇ အရ ကာကွယ် ထားသော ငှက်များ ဖြစ်သဖြင့် သတ်ဖြတ်ခြင်း ၊ သယ်ဆောင် ရောင်းချခြင်းများ မပြုလုပ်ရန် သစ်တော ဦးစီးဌာန မှ သတိပေး တားမြစ်ချက် ထုတ်ပြန် ထားကြောင်း သိရသည်။

ယင်းကဲ့သို့ ကာကွယ်ခြင်း မှာလည်း ငှက် အမျိုးအစား အလိုက် ကာကွယ်ခြင်း ဖြစ်ရာ ဒေါင်း အမျိုးမျိုး ၊ စင်ရော်ငှက် အမျိုးမျိုး ၊ အောက်ချင်းငှက် အမျိုးမျိုး ၊ သစ်တောက်ငှက် ၊ မင်းန်ဒရင်း ဘဲငှက် ၊ ခြေစိမ်း ရေညှောင့်ငှက် စသော ငှက် အမျိုးအစား များစွာ ပါဝင်ပြီး ငှက်များမှာလည်း ရာသီဥတု အပေါ် မူတည်ပြီး နေထိုင် ကျက်စားလေ့ ရှိကြောင်း သိရသည်။

" ဆောင်းခိုငှက် တွေကတော့ လာတယ် ၊ ဒီမှာက လူနဲ့နီးတော့ လာတဲ့ ငှက်တွေကို ပစ်ခတ် ဖမ်းဆီးတာတွေ ရှိတဲ့အတွက် အဲ့ဒီ ဘေးက ကာကွယ်နိုင်ဖို့ အသိပေး ဆိုင်းဘုတ် တွေတော့ စိုက်ထူ ပေးထားပါတယ် ... " ဟု တောင်သမန် ရောက် ငှက်အသင်းဝင် တစ်ဦးက ပြောသည်။ 

ယခင် အချိန်များက တောင်တမန်အင်း ၌ မိုးတွင်းကာလသာ ကန်ရေ ပြည့်လျှံခြင်းများ ရှိသော်လည်း ယခုအခါ ရာသီတိုင်း၌ ရေများဖြင့် ပြည့်လျှံ နေသောကြောင့် တောင်တမန်အင်း သို့ လာရောက်သည့် ငှက်များ မှာလည်း နေထိုင် ကျက်စားမှု များပြား လာကြောင်း သိရှိရသည်။

မထွန်း (မန္တလေး)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger