www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 21, 2014

ခရီးသွားစဉ် ကြုံရဆုံရတတ်သော စိတ်အနှောင့်အယှက် ဖြစ်မှုများ


ခရီးသွားစဉ် ကြုံရဆုံရတတ်သော စိတ်အနှောင့်အယှက် ဖြစ်မှုများ

ကြယ်စင်စိုး (မန္တလေး)

အဝေးပြေး ကားပေါ်ကနေ မြေကြီးပေါ် ခြေချလိုက် တာနဲ့ အသားစိုင် တစ်ခုကို ကျီးကန်းတွေ ဝိုင်းအုံသလိုမျိုး လူတွေ အနားကို ဝိုင်းအုံ လာကြတယ်။ ခေါင်းရမ်းပြလို့ လဲမရ၊ လက်ခါပြလို့ လဲမယုံ၊ လက်ကိုစွဲသူက စွဲနဲ့ ဒီကြားထဲ အဆိုးဆုံး ကတော့ ပါလာတဲ့ ခရီးဆောင် အိတ်ကို အတင်းဆွဲယူကာ ဆိုင်ကယ် နောက်ထိုင်ခုံပေါ် သွားတင် နေလို့ မျက်နှာထား တင်းတင်းနဲ့ မနည်း ပြန်တောင်းယူ လိုက်ရတယ်။

စိတ်ညစ်ရ ပါတယ်။ ဒီလူတွေနဲ့တော့ တစ်လမ်းလုံး စီးလာရတဲ့ ကားကလဲ ကျပ်သပ်ပြီး ဖက်နဲ့ထုပ် ထားသလိုမျိုး စီးလာရ တာမို့ ခြေထောက်တွေ လမ်းမလျှောက် ချင်တော့ လောက်အောင် ပင်ပန်းရတဲ့ အထဲ...။ ဒီလူတွေနဲ့တော့ တော်တော်ပဲ ခက်ပါတယ်လို့ စိတ်ထဲမှာ ညည်းညူရင်း အဲဒီလူတွေ ကြားကနေ အတင်း ရုန်းထွက် လာခဲ့ရတယ်။

ဒီယုန်မြင်လို့ ဒီချုံကို ကြိုထွင်ထား သလိုမျိုး အကြိုစောင့် နေဖို့အတွက် မှာထား ပေမယ့်လဲ ကားအဝင်စော နေတာမို့ ချိန်းထားတဲ့ သူနဲ့ လွဲချော်မှု ဖြစ်ရပြီပေါ့။ နားလည် ပေးနိုင်ပါ တယ်လေ။ အဲ...နားမလည် ပေးနိုင်တာက အစောက ပြောတဲ့လူတွေ။ လူတွေ အားလုံးကို ကြည့်လိုက်ပြန် တော့လဲ အားလုံးက ဇာတ်ကြမ်းကား တစ်ကားထဲက လိုလူ လေးငါးယောက် လောက်က ပစ္စည်းလု၊ အနုကြမ်း စီးမယ့် ပုံမျိုးတွေ။ ဒါမျိုးတွေကို သူတစ်ယောက် တည်းတွေ့ကြုံ ခံစားနေရတာ လားဆို တော့ မဟုတ်ဘူး။ ဒီကားပေါ်မှာ ပါလာကြတဲ့ ခရီးသည်တွေ အားလုံး လိုလိုလဲ ခံစား နေရသလို ခရီးသွားဖူး ကြသူတိုင်းလဲ ဒီအဖြစ်မျိုး တွေကို တွေ့ကြုံ ခံစားဖူးကြ မှာပါ။ သူ့အနေနဲ့ ယောက်ျား ရင့်မာကြီး ပေမို့ တော်ကာ ကျပေတယ်။ မိန်းမသားများ ဆိုရင် မလွယ်ကြောပဲ။ လက်စွဲသူက တစ်မျိုး၊ ခရီးဆောင်အိတ် တွေကို ကိုင်သူက တစ်ဖုံနဲ့ ဣနြေ္ဒ ပျက်စရာ လဲ ကောင်းသလို အရှက်ရ စရာလဲ ကောင်းပါတယ်။

အခုလဲ ကြည့်ဦးလေ။ ကျွီ...ဆိုတဲ့ ကားဘရိတ် အုပ်သံမှ မဆုံးသေး။ လူနှစ်ယောက်က ကားပေါ်ကို ပြေးတက် လာကြပြီး အပေါက်ဝ ကနေ ပိတ်ရပ်ထား ကြတယ်။ သူတို့နောက်ကို ကြည့်လိုက် ပြန်တော့လဲ လူတွေက တသီတတန်းကြီး။

''ဦးလေးကြီး ဘယ်လိုက်ပို့ ရမလဲ။ အရှင်ဘုရား ဘယ်ကြွမလဲ မသိဘူး။ ဟိုဘက်က အဒေါ်ကြီး ဆိုင်ကယ် ရှိတယ်နော်။ ဆိုင်ကယ် သွားမလား အစ်မ ဆိုင်ကယ် ရှိတယ်နော်...'' အစရှိတဲ့ စကားတွေကို ပါးစပ်ကနေ အမြှုပ်တစီစီ ထွက်အောင် ရေရွတ် နေကြတယ်။ ဒါနဲ့တင်လား ဆိုတော့ မဟုတ်သေးဘူး။ မုန့်ဆီကြော် ဘယ်နေမှန်း မသိ၊ နှုတ်ခမ်း အနာနဲ့ တည့်ပါ့ မလားဆိုတဲ့ အပေါက်မျိုး တွေနဲ့ ပြောလိုက်ကြ၊ ဆိုလိုက်ကြ တာများ''ဟေ့ ပထမ ဆင်းလာတဲ့ လူက ငါ့လူနော်။ ဒုတိယ ဘုန်းကြီးက ငါ့အတွက်ဟေ့၊ သုံးယောက်မြောက် က ငါ့ဟာနော်။ေ အးအဲဒီ လူနောက် က အမကြီးက ငါနော်''။ ကြားကြ ပါရဲ့လား။ မသိတဲ့ လူသာဆိုရင် ဒီကားပေါ်က ဆင်းလာတဲ့ လူတွေကပဲ သူတို့အိမ်သူ၊ အိမ်သားတွေ ကျနေတာပဲ။

ခက်တော့ ခက်ပါတယ် ဒီလူတွေနဲ့ တော့။ သူတို့လက်က လွတ်ရင်ပြီးရော ဆိုတဲ့သဘောနဲ့ ခရီးဆောင်အိတ် ကိုကိုင်ပြီး ခြေဦးတည့်ရာ လျှောက်လာ လိုက်တာ၊ သွားနေတဲ့ နေရာက ( မရောက်ဖူးတဲ့ အရပ်ဒေသ ဆိုတော့) တောင်လား၊ မြောက်လား၊ အရှေ့လား၊ အနောက်လား ဆိုတာ မသဲကွဲ။ ချိန်းထားတဲ့သူက ခုချိန်ထိ ရောက်မလားသေး။ ဖုန်းဆက်မယ် လုပ်ပြန်တော့ လိုင်းကမမိ၊ လိုင်းမိ ပြန်တော့လဲ ကိုယ့်စကား သူမကြားနိုင် သလို သူ့စကားကိုလဲ ကိုယ်မသဲကွဲ။

ဟော...ရှေ့မှာ လာပြန်ပြီ။ မုဆိုးက သားကောင်ကို တွေ့တဲ့ မျက်နှာမျိုးနဲ့ အနားကို ချဉ်းကပ် လာပြန်တော့ မထူးတော့ ပါဘူးဆိုပြီး ရောက်တဲ့ နေရာမှာပဲ ငုတ်တုတ် ထိုင်နေလိုက်မိ တော့တယ်။ ပြန်ပြီး အခေါ်အထူး လုပ်နေပြန် လို့လဲ မောရုံ သက်သက်ပေါ့။ ရှေ့ဆက် သွားနေရင်လဲ ဒီလို လူတွေနဲ့ပဲ တွေ့ပြီး စိတ်ကျဉ်းကျပ် နေရဦးမှာ။ ထိုင်နေလိုက် တော့မှပဲ စိတ်သက်သာရာ ရတော့တယ်။ နဖူးပေါ်က စီးကျလာတဲ့ ချွေးစတွေကို လက်ကိုင် ပဝါနဲ့ သုတ်လိုက်ရင်း အတွေးစ တွေက စီးလာတဲ့ အဝေးပြေး ကားပေါ်ဆီ ပြန်ရောက် သွားတယ်။

သူလဲ သူ့ထိုင်ခုံနဲ့သူ၊ ကိုယ်လဲ ကိုယ့်ထိုင်ခုံနဲ့ ကိုယ်။ အတူတူ ပိုက်ဆံ ပေးစီးရတာချင်း ဖြစ်ပေမယ့်လဲ ခရီးသည် အချင်းချင်း တစ်ဦးနဲ့ တစ်ဦး စိတ် အနှောင့်အယှက် မဖြစ်စေ (မပြုမိ) ဖို့တော့ လိုတာပေါ့။ ပြောမယ့်သာ ပြောရတာပါ။ အမြဲတစေလို ခရီးသွားရင် ကံမကောင်း တတ်ဘူး ဆိုတာကို သတိထား မိကာမှ အမှတ်ရ နေမိတယ်။ ခရီးသွား တဲ့အခါတိုင်း လိုလိုမှာ စိတ်ညစ်စရာ တစ်ခုမဟုတ် တစ်ခုနဲ့တော့ တွေ့ကြုံရတာ ချည်းပဲ။

ကြည့်ပါဦး...။ ဒီလူဘေး ကပ်လျက် ထိုင်ခုံပေါ် ရောက်လာပြီး ကတည်းက အန္တရာယ် ပေးမယ့် သတ္တဝါ တစ်ကောင် အလား ထင်မှတ်ကာ တတ်နိုင်သမျှ ခန္ဓာကိုယ်ကို ကျုံ့ကျုံ့လေး ထိုင်ပြီး နေခဲ့ပေမယ့်လဲ ''ညီလေး ကွမ်းထွေးဖို့ ပါဆယ်အိတ် တစ်လုံးလောက် ပေးပါကွာ'' ဆိုတဲ့ စကား ကြားလိုက် ရတာနဲ့တင် ခါးကြားက လက်ကိုင် ပဝါကို ထုတ်ကာ နှာခေါင်းကို ပိတ်ဖို့ ပြင်ဆင်ထား လိုက်တယ်။

တစ်ယာပြီး တစ်ယာ၊ တစ်ထုပ်ပြီး တစ်ထုပ် ဝါးနေ လိုက်တာများ ဆင်ရဲ့ နှာမောင်းပေါ်ကို ကြံချောင်း တင်ပေးလိုက်တဲ့ အခါ လျှောခနဲ စုတ်ယူ လိုက်သလိုမျိုး၊ မျက်ရိပ်ပြ လို့လဲ မမြင်၊ လက်ဟန် ခြေဟန် ပြလို့လဲမရ၊ စကားပြော လိုက်တဲ့ အချိန်တိုင်း ထွက်ကျလာတဲ့ အစက်အပြောက် တွေက ခန္ဓာကိုယ် ပေါ်က အဝတ်အစားပေါ်မှာ ဟိုတစ်စ ဒီတစ်စ။

ကားဘီး လှိမ့်လိုက်တိုင်းမှာ လှုပ်ချည်တစ်ခါ ရမ်းချည်တစ်လှည့် ဖြစ်သွားတဲ့ ရဲရဲနီကာ ဖောင်းကား ပြည့်လျှံနေတဲ့ ကြွပ်ကြွပ်အိတ် ထုပ်ကြီးကို လက်က ကိုင်ဆောင် ထားတာ မြင်လိုက် ရတော့ မှောက်များ မှောက်ကျ  လိုက်ရင်ဆိုတဲ့ အတွေးက အသိစိတ်ထဲ ရောက်လာကာ ရတက်မအေး သလို ပူမိပြန်တယ်။

''ညီလေးကိုယ့်ကို ဒါလေးကို အပြင် ပစ်လွှတ်ပေး စမ်းပါကွာ'' ကိုင်ဆောင် ထားတဲ့ မသတီစရာ ပါဆယ်ထုပ်ကြီး ကို ကားစပါယ်ယာ ကောင်လေးဆီကို ထိုးပေးရင်း ပြောတော့'' ဟာဗျာ... ခင်ဗျားဘာသာ အပေါက်ဝ ကနေ ပစ်ချလိုက် ပါလား'' ဆိုကာ ကားစပါယ်ယာ ကောင်လေး နောက်ကို တွန့်ဆုတ် သွားတယ်။

ဘယ်လို လူစားမျိုး ပါလိမ့်။ လူတစ်ယောက်မှာ ရှိသင့် ရှိထိုက်တဲ့ အသိတရားတွေ ခေါင်းပါး လှချည်လား။ သူမို့လို့ ဒီအထုပ်ကြီးကို တခြား တစ်ယောက်ကို လွှင့်ပစ် ခိုင်းရက်ပေတယ်'' လို့ စိတ်ထဲမှာ တွေးနေ ဆဲမှာပင်...။

''ဝှီး...ဖတ်၊အို...ဘုရားရေ...'' နှုတ်ကနေ မြည်တမ်း ရေရွတ် မိလောက်အောင် အထိ အဲဒီလူရဲ့ လုပ်ရပ်က အောက်တန်း ကျပါတယ်။ ဘေးနားက မှန်တံခါးကို ဆွဲဖွင့်ပြီး မျက်နှာရှေ့ ကနေ လက်ထဲက အထုပ်ကြီးကို လမ်းမပေါ် ပစ်ချ လိုက်တာများ ဆောရီး...ပါဆိုတဲ့ အကြည့် တစ်ချက်သာ ကြည့်ပြီး နေသားတကျ သူ့နေရာသူ ပြန်ထိုင် သွားတယ်။ အောက်က လမ်းသွား လမ်းလာ ခရီးသွားနေတဲ့လူ တစ်စုံတစ်ယောက် ပေါ်ကိုများ ကျသွား လိုက်ရင်ဆိုတဲ့ စိုးရိမ်မှုနဲ့ အတူ ဘယ်တော့များမှ ခရီးသွားတဲ့ အခါ စိတ်ချမ်းသာမှု အပြည့်အဝ ရနိုင်မယ် မသိဘူး ဆိုတာကို အောက်မေ့မိရင်း ဒီခရီးစဉ်လေး အမြန်ပြီး ဆုံးပါစေလို့ပဲ... ဆုတောင်း နေမိ ပါတော့တယ်...။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page