www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, April 4, 2014

နိုင်ငံတကာတွင် အသုံးပြုနေသည့် World Travel Prepaid Card ကို ဧရာဝတီဘဏ် က စတင်ထုတ်ပေးမည်



ရန်ကုန် ၊ ၄-၄-၂၀၁၄

နိုင်ငံတကာတွင် အသုံးပြု နေသည့် World Travel Prepaid Card ကို ဧရာဝတီဘဏ် မှ စတင် ထုတ်ပေးမည် ဖြစ်ကြောင်း ၊ ၄င်း Card ကို ဧရာဝတီဘဏ် နှင့် Visa တို့ ပူးပေါင်း ထုတ်လုပ် သွားမည်ဟုလည်း သိရသည်။

ထို AYA World Travel Prepaid Card သည် မြန်မာနိုင်ငံတွင် အသုံးပြု နေသည့် Visa Card များနှင့် ကွဲပြား ခြားနားမည် ဖြစ်ပြီး စင်ကာပူ နိုင်ငံတွင် အသုံးပြု နေသည့် Pay Wave စနစ်ကို ထည့်သွင်း အသုံးပြု ထားကြောင်း လည်း အဆိုပါဘဏ် မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

အဆိုပါ AYA World Travel Prepaid Card သည် မြန်မာနိုင်ငံ မှ ပြည်ပသို့ သွားရောက် မည့်သူများ အတွက် ရည်ရွယ် ထုတ်လုပ် ထားခြင်း ဖြစ်ပြီး နိုင်ငံရပ်ခြား ရှိ Pay Wave Logo ပါ ဆိုင်းဘုတ်တွင် Pay Wave စနစ်ဖြင့် အမေရိကန် ဒေါ်လာ ၁၀၀ အထိ အများဆုံး အသုံးပြု နိုင်ရန် Visa နှင့် ဧရာဝတီဘဏ် တို့ ပူးပေါင်း ဆောင်ရွက် ထားခြင်း ဖြစ်သည် ဟုလည်း သိရသည်။

၂၀၁၃ ခုနှစ် နိုဝင်ဘာလ တွင် ဧရာဝတီဘဏ် ၏ ATM စက်များတွင် Master Card နှင့် China Union Pay Card များဖြင့် ငွေထုတ်ယူ နိုင်သည့် ၀န်ဆောင်မှု လုပ်ငန်းကို စတင် ဆောင်ရွက်ခဲ့ သည်ဟု သိရပြီး ဧရာဝတီဘဏ် သည် ၂၀၁၀ ပြည့်နှစ်တွင် ဘဏ်လုပ်ငန်း များကို စတင် ဖွင့်လှစ်ခဲ့ကာ ယခုအချိန် အထိ ဘဏ်ခွဲပေါင်း ၆၄ ခု ဖွင့်လှစ် ထားပြီး ဖြစ်သည်ဟု သိရှိရသည်။ ( ကျော်လွင်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger