www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, April 3, 2014

တောင်ကြီး ဆေးတက္ကသိုလ် တည်ဆောက်ခြင်း လုပ်ငန်း(၄ဝ) ရာခိုင်နှုန်း ပြီးစီး


တောင်ကြီး ၊ ၃-၄-၂ဝ၁၄

ရှမ်းပြည်နယ် သည် စတုရန်း မိုင်ပေါင်း (၆ဝ၁၅၅) ခန့်ကျယ်ဝန်းပြီး ခရိုင်(၁၃)ခု ၊ ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရတိုင်း (၁)တိုင်း ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ(၄)ခု ၊ ကျေးရွာအုပ်စု (၁၅၄၈)စု ၊ ကျေးရွာပေါင်း (၁၃၃၈၁)ရွာ  ရှိပြီး လူဦးရေ (၄၆) သိန်းကျော် နေထိုင်လျှက် ရှိပါသည် ။ ထိုကဲ့သို့ လူဦးရေ များပြားစွာ နေထိုင်သော ရှမ်းပြည်နယ် တွင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး အတွက် တောင်ကြီး ၊ လားရှိုး ၊ ကျိုင်းတုံ ၊ ပင်လုံ ဒေသတို့တွင် ဝိဇ္ဇာသိပ္ပံ တက္ကသိုလ် ၊ နည်းပညာ တက္ကသိုလ် ၊ ကွန်ပျူတာ တက္ကသိုလ် ၊ ပညာရေး ကောလိပ် နှင့် နည်းပညာ အထက်တန်းကျောင်း များ ဖွင့်လှစ် ထားရှိပြီး ဖြစ်ပါသည်။ 

ယခုအခါ နိုင်ငံတော်မှ တောင်ကြီး ဆေးတက္ကသိုလ် အား ၂ဝ၁၄ ခုနှစ် ၊ ဇန်နဝါရီ မှစတင်၍ တည်ဆောက် လျှက်ရှိပြီး အကျယ်အဝန်း (၂ဝ ဒသမ ၅) ဧက တွင် ပင်မ သုံးထပ် စာသင်ဆောင်အား အလျား (၂၈ဝ)ပေ ၊ အနံ     (၁၁ဝ)ပေ နှင့် ဝန်ထမ်း အိမ်ယာ (၆)ခန်းတွဲ (၃)ထပ် ဆောင်များအား ကုမ္ပဏီ(၈)ခုဖြင့် ဆောက်လုပ်လျှက် ရှိပြီး လုပ်ငန်းများ (၄ဝ) ရာခိုင်နှုန်း ပြီးစီးလျှက် ၂ဝ၁၅ ခုနှစ် အပြီး တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ် အတွင်းရှိ ဆေးတက္ကသိုလ် ကျောင်းသား ကျောင်းသူများ အနေဖြင့် မကွေး ဆေးတက္ကသိုလ် နှင့် မန္တလေး ဆေးတက္ကသိုလ် များတွင် တက်ရောက် ပညာ သင်ကြားလျှက် ရှိပြီး တောင်ကြီး ဆေးတက္ကသိုလ် တည်ဆောက် ပြီးစီးပါက ပြည်နယ် အတွင်းရှိ တက္ကသိုလ် ဝင်တန်း အောင်မြင်၍ ဆေးတက္ကသိုလ် ဝင်ခွင့် ရရှိသည့် ကျောင်းသား ကျောင်းသူများ အနေဖြင့် မိမိပြည်နယ် အတွင်း၌သာ တက်ရောက် ပညာသင်ကြား နိုင်မည် ဖြစ်သောကြောင့် ဒေသခံ ပြည်သူများ နှင့် ကျောင်းသား ကျောင်းသူများ အနေဖြင့် ဝမ်းမြောက် ဝမ်းသာ ဖြစ်လျှက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger