www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, April 22, 2014

သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို ထိန်းသိမ်း


သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို ထိန်းသိမ်း

မြန်မာနိုင်ငံတွင် စီးပွားရေး၊ လူမှုရေး ပြုပြင် ပြောင်းလဲမှု များကို ဖော်ဆောင်ရာ၌ ပီပြင်စွာ ဖော်ဆောင် နိုင်သည့် လုပ်ငန်းရပ်မှာ တယ်လီဖုန်း နှင့် မော်တော်ယာဉ် ဖြစ်သည်။

မြို့ပြနှင့် ကျေးလက်နေ ပြည်သူများ လွယ်ကူစွာ ပြောဆို ဆက်သွယ် နိုင်ရန်အတွက် ဆက်သွယ်ရေး ပစ္စည်း ဖြစ်သည့် လက်ကိုင်ဖုန်း များကို ဈေးနှုန်း ချိုသာစွာဖြင့် အသုံးပြု နိုင်ရန် ဖန်တီး ဖော်ဆောင် ပေးခဲ့ရာ ယခုအခါ လူတန်းစား မရွေး အသုံးပြု ကိုင်ဆောင် နိုင်ကြပြီ ဖြစ်သည်။

လက်ကိုင်ဖုန်း များကို လူတိုင်း အလွယ်တကူ အသုံးပြု နိုင်ခြင်းဖြင့် လူမှု ဆက်ဆံရေး နယ်ပယ်တွင် အကျိုးများ ဖွယ်ရာများ ကိုသာ ရရှိခံစား နိုင်ကြပြီး သုံးစွဲသူ၏ အသုံးပြုမှု အပေါ် မူတည်၍ ငွေကြေး ကုန်ကျမှု အနည်း အများသာ ဖြစ်စေနိုင်သည်။

ထို့ပြင် ထူးခြားသည့် ပြုပြင် ပြောင်းလဲမှုအကျိုးရလဒ် တစ်ခုမှာ မော်တော်ယာဉ် ဖြစ်သည်။ မော်တော်ယာဉ် များကို အများပြည်သူ လူတန်းစား မရွေး အသုံးပြု နိုင်ရန်အတွက် လွတ်လပ်စွာ ဝယ်ယူ တင်သွင်း ခွင့်ပြု လိုက်သောအခါ လူမှုဘဝ အသုံးပြုမှု နယ်ပယ်တွင် လူလတ် တန်းစားများ လွယ်လင့်တကူ ဝယ်ယူ အသုံးပြု နိုင်သကဲ့သို့ အခြေခံ လူတန်းစားများ အတွက်လည်း အသုံးပြု လာနိုင် ပေသည်။

မော်တော်ယာဉ်များ လွတ်လပ်စွာ ဝယ်ယူ တင်သွင်း လာခြင်း၏ အကျိုးဆက်မှာ မြို့ကြီးများတွင် ယာဉ်ကြော ပိတ်ဆို့ခြင်း၊ ယာဉ်အန္တရာယ် ပိုများ လာခြင်းနှင့် ယာဉ်စီးရေ တိုးပွား လာခြင်းတို့ ကြောင့် ယာဉ်များမှ ထုတ်လွှတ်သည့် ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့များ ပိုမို များပြား လာသည်။

မြန်မာနိုင်ငံတွင် ယာဉ်ဟောင်းအပ်၊ ယာဉ်သစ် တင်သွင်းသည့် စနစ်ကို ဖော်ဆောင် သော်လည်း ယာဉ်ဟောင်း ထွက်ခြင်းထက် ယာဉ်သစ် ဝင်ခြင်းက ပိုမို များပြား လာသဖြင့် အန္တရာယ်နှင့် အကျပ် အတည်း ထူပြောမှုမှာ ပိုမို ဖြစ်ပေါ် လာခဲ့သည်။

ယာဉ်အန္တရာယ် သတိပြု ကာကွယ်ရေး နှင့် သွားလာမှု လွယ်ကူ ချောမွေ့စေရေး အတွက် သက်ဆိုင်ရာက အစဉ်တစိုက် အလေးထား ဆောင်ရွက် သကဲ့သို့ တစ်ဖက် တွင်လည်း သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု မဖြစ်စေရေး အထူး သတိပြု ဆင်ခြင် ရမည် ဖြစ်ပေသည်။

လက်ရှိကာလ မြန်မာနိုင်ငံတွင် မော်တော်ယာဉ် စီးရေ သုံးသန်း နှစ်သိန်းကျော် ရှိရာ အဆိုပါ မော်တော်ယာဉ် များမှ ထုတ်လွှတ်သည့် ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့ များသည် သဘာဝ ပတ်ဝန်းကျင် လေထု ညစ်ညမ်းမှုကို ဖြစ်ပေါ် စေနိုင်ပြီး နောင်နှစ်များတွင် ယာဉ်စီးရေ ထိုထက်မက တိုးပွား လာမည်ဖြစ်ရာ လေထု ညစ်ညမ်းမှု ကို ပိုမိုဂရုပြု ဆင်ခြင် ရမည် ဖြစ်ပေသည်။

သို့ဖြစ်ရာ သဘာဝ ပတ်ဝန်းကျင် ကို ကြိုတင် ထိန်းသိမ်းသည့် အနေဖြင့် မြို့ပြနှင့် ကျေးလက် ဒေသများ၊ အထူးသဖြင့် မြို့ပြများတွင် မော်တော်ယာဉ် သွားလာမှု များပြား သောကြောင့် ဖြစ်ပေါ် လာနိုင်သည့် လေထု ညစ်ညမ်းမှု နှင့် နောက်ဆက်တွဲ အကျိုးဆက် များကို ထည့်သွင်း စဉ်းစား ကြရမည် ဖြစ်ပါကြောင်း အကြံပြု ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger