www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, April 9, 2014

တပ်မတော်၏ လုံခြုံရေး အစောင့်အရှောက်ဖြင့် သန်းခေါင်စာရ်ငး ကောက်ယူရန် ခက်ခဲသော ကျေးရွာများသို့ သန်းခေါင်စာရင်း ဆက်လက်ကောက်ယူ


တပ်မတော်လုံခြုံရေး အစောင့်အရှောက်ဖြင့် ဗန်းမော်ခရိုင် မန်စီမြို့နယ် မံဝိန်းကြီး ကျေးရွာတွင် သန်းခေါင်စာရင်း ကောက်ယူနေမှုကို တွေ့ရစဉ်

တပ်မတော်လုံခြုံရေး အစောင့်အရှောက်ဖြင့် ဗန်းမော်မြို့နယ် လွယ်ဂျယ် ကျေးရွာတွင် သန်းခေါင်စာရင်း ကောက်ယူနေမှုကို တွေ့ရစဉ်

တပ်မတော်လုံခြုံရေး အစောင့်အရှောက်ဖြင့် ဒေါ့ဖုန်းယန် မြို့နယ် မံမော် ကျေးရွာတွင် သန်းခေါင်စာရင်း ကောက်ယူနေမှုကို တွေ့ရစဉ်

နေပြည်တော် ၊ ၉-၄-၂၀၁၄

KIA တပ်ဖွဲ့များ၏ ခြိမ်းခြောက် တားမြစ်မှုကြောင့် ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ ဒေသအချို့ ၌ လူဦးရေ နှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရန် ခက်ခဲလျက် ရှိသောကြောင့် တပ်မတော် မှ လုံခြုံရေး အစောင့်အရှောက် များ အကူအညီပေး၍ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းများအား ဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့တွင် ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ မန်စီမြို့နယ် အတွင်းရှိ ကျေးရွာ ၃၅ ရွာမှ ဒေသခံပြည်သူ ၁၇၂၄၆ ဦး ၊ ဒေါ့ဖုန်းယန် မြို့နယ်ခွဲ အတွင်းရှိ ကျေးရွာ ၆ ရွာမှ ဒေသခံ ပြည်သူ ၁၇၄ ဦး ၊ နောင်စွမ်းမြို့နယ် အတွင်းရှိ ကျေးရွာ ၄ ရွာမှ ဒေသခံ ပြည်သူ ၆၁၁ ဦး ၊ ပန်ခမ်း မြို့နယ် အတွင်းရှိ ကျေးရွာ ၅ ရွာမှ ဒေသခံပြည်သူ ၅၁၈ ဦး ၊ မိုးမိတ် မြို့နယ် အတွင်းရှိ ကျေးရွာ ၄ ရွာမှ ဒေသခံ ပြည်သူ ၈၁၅ ဦး ၊ ပေါင်း ၁၉၃၆၄ ဦး ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင် ၊ မိုးမိတ်မြို့နယ် အတွင်းရှိ ကျေးရွာ ၄ ရွာမှာ ဒေသခံ ပြည်သူ ၉၁၄ ဦး ၊ မန်တုံမြို့နယ် အတွင်းရှိ ကျေးရွာ ၂ ရွာမှ ဒေသခံ ပြည်သူ ၂၂၃ ဦး ၊ နမ္မတူ မြို့နယ် အတွင်းရှိ ကျေးရွာ တစ်ရွာမှ ဒေသခံပြည်သူ ၈၄ ဦး ၊ ပေါင်း ၁၂၂၁ ဦး ၊ စုစုပေါင်း ၂၀၅၈၅ ဦးအား လူဦးရေ နှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူ ခဲ့သည်။

အဆိုပါ လူဦးရေ နှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရန် ခက်ခဲလျက် ရှိသော ဒေသများတွင် ဧပြီ ၃ ရက်နေ့ မှ ယနေ့အထိ ဒေသခံ ပြည်သူ ၅၀၉၁၈ ဦးအား တပ်မတော် ၏ လုံခြုံရေး အကူအညီ ရယူ၍ သန်းခေါင်စာရင်း ကောက်ယူရေး အဖွဲ့က လူဦးရေ နှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်း များ ကောက်ယူ ခဲ့ကြောင်း နှင့် ၄င်း ဒေသအတွင်းရှိ ကျန်ရှိ နေသေးသော ကျေးရွာများအား လည်း ဆက်လက် ကောက်ခံ သွားမည် ဖြစ်ကြောင်း သိရှိရသည်။




No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger