www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, April 4, 2014

နိုင်ငံတော် ကာကွယ်ရေး တာဝန် ထမ်းဆောင်ရေး အမျိုးသမီး ပါဝင်ပေး


နိုင်ငံတော် ကာကွယ်ရေး တာဝန် ထမ်းဆောင်ရေး အမျိုးသမီး ပါဝင်ပေး

ကမ္ဘာ့ ကုလသမဂ္ဂ ထောင်စုနှစ်သစ် ရည်မှန်းချက် များ၌ ၂ဝ၁၅ ခုနှစ်တွင် ကျား၊ မ ကလေးငယ်များ မူလတန်း ပညာ သင်ယူ ပြီးမြောက်ရေး၊ ပညာရေး အဆင့်အတန်း အားလုံးတွင် ကျား၊ မ ကွာဟချက် ဖယ်ရှားရေး၊ Gender ညီမျှမှု၊ အမျိုးသမီး တို့၏ အခွင့်အရေး ဆောင်ရွက် နိုင်စွမ်း မြှင့်တင်မှု စသည်ဖြင့် အမျိုးသမီးများ ဆိုင်ရာ ရည်မှန်းချက်များ ပါဝင်သည်။

မြန်မာနိုင်ငံ လူဦးရေ၏ ၅၁ ရာခိုင်နှုန်း သည် အမျိုးသမီးများ ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်း အဖြစ် အစိုးရဌာန အသီးသီး တွင် အမျိုးသမီး ဝန်ထမ်း ၅၂ ဒသမ ၃၉ ရာခိုင်နှုန်း၊ ဒုတိယ ညွှန်ကြားရေးမှူး နှင့် အထက် အရာရှိများ အဆင့် တွင် ၃၆ ဒသမ ၆၁ ရာခိုင်နှုန်း ရှိသည်။ နိုင်ငံတော်၏ ဥပဒေပြုရေး အခန်းကဏ္ဍ တွင် ပါဝင်နေသည့် အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ် ၅ဝ ကျော်ရှိကာ နိုင်ငံတော်၏ အုပ်ချုပ်မှု ကဏ္ဍပိုင်းတွင် ပြည်ထောင်စု ဝန်ကြီး နှင့် ဒုတိယ ဝန်ကြီး အဆင့်အထိ ထမ်းဆောင် နေကြသူများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် ပြည်နယ် အစိုးရအဖွဲ့ များတွင် အမျိုးသမီး ဝန်ကြီးများ ပါဝင် ထမ်းဆောင် နေကြသည်။

မြန်မာ နိုင်ငံလုံး ဆိုင်ရာ အမျိုးသမီး ရေးရာ ကော်မတီသည် Beijing Platform for Action နှင့် UNCEDAW တို့နှင့် ကိုက်ညီသော အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာ စီမံကိန်း (၂ဝ၁၃-၂ဝ၂၂) တွင် လုပ်ငန်းနယ်ပယ် ၁၂ ရပ် ချမှတ် ရေးဆွဲ၍ မြန်မာ အမျိုးသမီးများ ဆင်းရဲ နွမ်းပါးမှု လျှော့ချရေး နှင့် အမျိုးသမီး များ၏ အသက်မွေး ဝမ်းကျောင်းကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ဖော်ဆောင် သွားမည် ဖြစ်သည်။

မြန်မာ အမျိုးသမီးများ ၏ ပါဝင်မှု အခန်းကဏ္ဍ မြှင့်တင်ရေး အတွက် နိုင်ငံတော် အစိုးရနှင့် ပြည်သူတို့က ကြိုးပမ်း နေကြ သကဲ့သို့ ပြည်ထောင်စု တပ်မတော် ကလည်း မြန်မာ အမျိုးသမီးများ နိုင်ငံတော် ကာကွယ်ရေး တာဝန် ထမ်းဆောင် ရာတွင် ပါဝင်နိုင်ရေး ဆောင်ရွက်လျက် ရှိရာ အမျိုးသမီး ဗိုလ်လောင်း သင်တန်း အမှတ်စဉ် (၁/၂ဝ၁၄) ဖွင့်လှစ် သင်ကြား လေ့ကျင့် ပေးလျက် ရှိသည်။ ထို့အပြင် အချို့ ရုံးဌာနများတွင် စစ်မှုထမ်း အစားခန့် အရပ်သား အမျိုးသမီး အရာထမ်း/ အမှုထမ်းများ ခန့်အပ် တာဝန်ပေး ထားသည်။

ထပ်မံ၍ ကွန်ပျူတာ ဒီပလိုမာ တပ်ကြပ်ကြီး စာရေး အမျိုးသမီးများ ခန့်ထားမည် ဖြစ်သည်။ လျှောက်ထား လိုသူ အမျိုးသမီးများ အတွက် သတ်မှတ် ထားသော အရည်အချင်းများ၊ လျှောက်လွှာ နှင့် ပူးတွဲတင်ပြ ရမည့် အထောက် အထား များနှင့် ရွေးချယ်ခြင်း ခံရပါက ရရှိမည့် အကျိုးခံစားခွင့် များအား နေ့စဉ် သတင်းစာ များတွင် ဖော်ပြ ထားသည်။

သို့ဖြစ်၍ မြန်မာ အမျိုးသမီး များ၏ ပါဝင်မှု အခန်းကဏ္ဍကို တပ်မတော်က မြှင့်တင် ပေးလျက်ရှိရာ နိုင်ငံတော် ကာကွယ်ရေး တာဝန် ထမ်းဆောင် လိုသည့် တိုင်းချစ် ပြည်ချစ်စိတ် ရှိသူများ လျှောက်ထား နိုင်ကြောင်း မြဝတီ က ထပ်လောင်း နှိုးဆော် လိုက်ရ ပါသည်။ ။



( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger