www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, April 8, 2014

မြန်မာနိုင်ငံတွင် Bank of India ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ခွင့်ရရှိ


ရန်ကုန် ၊ ၈-၄-၂၀၁၄

အိန္ဒိယနိုင်ငံ ၏ နာမည်ကြီး စီးပွားရေးဘဏ် တစ်ခု ဖြစ်သည့် Bank of India (BOI) ကို မြန်မာနိုင်ငံ တွင် ဘဏ်လုပ်ငန်းများ စတင် ဆောင်ရွက်ရန် အတွက် ၄င်း၏ ကိုယ်စားလှယ် ရုံးအား လာရောက် ဖွင့်လှစ်ခွင့်ပြု လိုက်ကြောင်း သိရသည်။

အဆိုပါ Bank of India (BOI) သည် ၁၉၀၆ ခုနှစ် ကတည်းက စတင် တည်ထောင် ခဲ့သော ဘဏ်တစ်ခုဖြစ်ပြီး ရုံးချုပ်ကို အိန္ဒိယနိုင်ငံ ၊ မွမ်ဘိုင်းမြို့ ၌ ဖွင့်လှစ်ထားကာ ယခုအခါ နိုင်ငံတကာ တွင်လည်း ၄င်း၏ ဘဏ်ခွဲပေါင်း များစွာကို ဖွင့်လှစ် ထားလျက် ရှိသည်။ ထိုဘဏ်ခွဲ များကို အိန္ဒိယနိုင်ငံ အပြင် တခြားသော နိုင်ငံတကာ မြို့ကြီးများ ဖြစ်ကြသည့် နယူးယောက် ၊ ဆွီဒင် ၊ နယူးဇီလန် ၊ တိုကျို ၊ အိုဆာကာ ၊ စင်ကာပူ ၊ ဟောင်ကောင် ၊ ဗီယက်နမ် ၊ နိုင်ဂျီးရီးယား နှင့် ဂျကာတာ စသည်တို့တွင် ဖွင့်လှစ်ထားပြီး ယခုလက်ရှိတွင် ဘဏ်ခွဲပေါင်း ၄၅၄၀ ကျော်ကို ဖွင့်လှစ် ထားပြီး ဖြစ်သည်။

မြန်မာနိုင်ငံ တွင်လည်း နိုင်ငံခြားဘဏ်ခွဲ တစ်ခုအနေဖြင့် လုပ်ကိုင်ခွင့် မရရှိသေးသည့် အတွက် ကိုယ်စားလှယ် ရုံးခွဲအဖြစ် ဖြင့်သာ ဖွင့်လှစ် လုပ်ကိုင် သွားမည်ဖြစ်ပြီး နိုင်ငံခြား ဘဏ်ခွဲများ ဖွင့်ခွင့် ရရှိသောအခါ Bank of India (BOI) ၏ မြန်မာနိုင်ငံ ဆိုင်ရာ ဘဏ်ခွဲတစ်ခု အဖြစ် အဆင့်တိုးမြှင့် လုပ်ကိုင် ဆောင်ရွက် သွားရန် အစီအစဉ် ရှိကြောင်း သိရသည်။

ထို့အပြင် Bank of India (BOI) သည် နိုင်ငံတကာတွင် ၄င်း၏ ATM ကွန်ရက်ကိုလည်း လုံခြုံစိတ်ချ ရပြီး လွယ်ကူ လျင်မြန်စွာ ဆောင်ရွက် နိုင်သော SWIFT ( Society for Worldwide Interbank Financial Telecommunication ) စနစ်ဖြင့် အဆင့်မြင့် ၀န်ဆောင်မှု ပေးထားသော ဘဏ်တစ်ခု ဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ နိုင်ငံခြားဘဏ် များကို ကိုယ်စားလှယ်ရုံးခွဲ များသာ ဖွင့်လှစ်ခွင့်ပြု ထားသော်လည်း ယခု ဘဏ္ဍာရေးနှစ် အတွင်းမှ စတင်ကာ နိုင်ငံခြားဘဏ်ခွဲ များကို ပြည်တွင်း၌ ဖွင့်လှစ်ခွင့် ပေးသွားရန် စီစဉ်ထားပြီး ထိုသို့ လုပ်ဆောင် နိုင်စေရန် အတွက် လိုအပ်သော ဥပဒေများကို လည်း ပြင်ဆင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ နိုင်ငံခြားဘဏ် များကို ပြည်တွင်း၌ ဖွင့်လှစ်ခွင့် ပေးလိုက်ပါက ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ် များအနေဖြင့် စိန်ခေါ်မှုများ ပိုမိုကြုံတွေ့ လာနိုင်ကြောင်း ပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင် တစ်ချို့က ပြောကြား ခဲ့ကြောင်း သိရှိရသည်။ (ဆောင်းဦး)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger