www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 3, 2014

ကမ္ဘာ့အမွေအနှစ်ဒေသ အဖြစ် ရန်ကုန်မြို့ကို စောင့်ကြည့် စာရင်းသွင်း



ရန်ကုန် ၊ ၃-၃-၂၀၁၄

မြန်မာနိုင်ငံ ၏ စီးပွားရေး ကဏ္ဍ တိုးတက် လာမှုနှင့် အတူ ရန်ကုန်မြို့ သည် ဖွံ့ဖြိုး တိုးတက်မှု ၏ အခြိမ်းခြောက် ခံ အမွေအနှစ် ဒေသအဖြစ် ၂၀၁၄ ခုနှစ်တွင် စောင့်ကြည့် စာရင်း ထည့်သွင်း ခဲ့ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ သန့်မြင့်ဦး က ပြောကြား ခဲ့သည်။

ရန်ကုန်မြို့တော် အတွင်း ရှေးဟောင်း သမိုင်းဝင် အဆောက်အအုံ များမှာ နေရာများစွာ ၌ ရှိနေပြီး ဖွံ့ဖြိုး တိုးတက်မှု အရှိန် ရလာသည်နှင့် အမျှ ထိန်းသိမ်းနိုင်မှု လျော့နည်း လာမည်ကို စိုးရိမ် ရကြောင်း ၊ ထို့အပြင် ရန်ကုန်မြို့ ၏ မြို့ပြ စီမံခန့်ခွဲ ခြင်းသည် မြန်မာနိုင်ငံ တွင် ကြုံတွေ့ နေရသည့် အဓိက စိန်ခေါ်မှု များအနက် တစ်ခု အပါအ၀င် ဖြစ်ကြောင်း ၊ ယင်းအတွက် နယူးယောက် အခြေစိုက် World Monuments Fund အဖွဲ့အစည်း မှ စာရင်း ထည့်သွင်း ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

" ရန်ကုန် သမိုင်းဝင် မြို့လယ် ၀န်းကျင် ဟာ နိုင်ငံရဲ့ ဘီလီယံ ချီတန်တဲ့ ပိုင်ဆိုင်မှု တွေအထဲက တစ်ခုပါ ၊ ဒီတန်ဖိုး ကို မှန်ကန်စွာ စီမံကိန်း ချပြီး ခန့်ခွဲ နိုင်ခြင်းက အာရှရဲ့ မြို့ကြီးတစ်မြို့ အဖြစ် အသွင်ပြောင်း စေမှာ ဖြစ်ပါတယ် ... " ဟု ၄င်းက ပြောကြား ခဲ့သည်။

ယင်းအတွက် မြို့ပြ အမွေအနှစ် များကို ထိန်းသိမ်းရန် ဦးတည်သည့် ဖွံ့ဖြိုးမှု နည်းလမ်းများ ကသာ ရန်ကုန်မြို့တော် ကို အာရှ၌ အလှပဆုံး နှင့် နေချင်စဖွယ် ကောင်းသော မြို့ကြီးတစ်မြို့ ဖြစ်လာ စေမည်ဟု သုံးသပ် မိကြောင်း ၊ လက်ရှိတွင်လည်း မြို့ပြ အမွေအနှစ် များကို ထိန်းသိမ်း စောင့်ရှောက် နိုင်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်း များနှင့် ပူးပေါင်း ဆွေးနွေးလျက် ရှိကြောင်း သိရသည်။

ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့အစည်း ( YHT ) ကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ က ဖွဲ့စည်း တည်ထောင် ခဲ့ပြီး ရန်ကုန်မြို့ပြ အမွေအနှစ် ဗိသုကာ လက်ရာများကို ကာကွယ်ခြင်း ၊ ထိန်းသိမ်းခြင်း ကို ဦးစားပေး သည့် မြို့ပြ ဖွံ့ဖြိုးမှု လမ်းစဉ်များကို အားပေးရန် နှင့် ဖော်ဆောင်ရန် စသည့် ရည်ရွယ်ချက် ဖြင့် ဖွဲ့စည်း တည်ထောင် ခဲ့ကြောင်း သိရှိရသည်။ (စိုးမိုး)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger