ဧရာဝတီတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင် တပ်မတော် နည်လှည့် ဆေးကုသရေးအဖွဲ့က
ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ
ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးစဉ်
တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့
ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား
ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးစဉ်
နေပြည်တော် ၊ ၆-၂-၂၀၁၄
ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ဒေသခံ ပြည်သူများအား တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) ဖြင့် တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးလျက် ရှိရာ ဖေဖော်ဝါရီ ၃ ရက်နှင့် ၄ ရက်တွင် ၀ါးခယ်မ မြို့နယ် ၊ ကျုံမငေး ကျေးရွာ နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူ ၁၉၆၀ ဦးအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့သည်။
အဆိုပါ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောက်ရွက် ပေးနေမှုကို ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းက ဧရာဝတီတိုင်း ၀န်ကြီးချုပ် ဦးသိန်းအောင် ၊ တပ်မတော် အရာရှိကြီး များနှင့် တာဝန်ရှိ သူများက သွားရောက် ကြည့်ရှု အားပေးစကား ပြောကြားပြီး တိုင်းဒေသကြီး ၀န်ကြီးချုပ် က ဆေးဝါး လာရောက် ကုသသော လူနာများ အတွက် စားသောက် ဖွယ်ရာများ ထောက်ပံ့ ပေးအပ် သည်။
တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) ဖြင့် တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့များက ဇန်န၀ါရီ ၁၄ ရက်မှ ဖေဖော်ဝါရီ ၄ ရက်အထိ ဧရာဝတီတိုင်း ဒေသကြီး တစ်လျှောက် ရှိ ကျေးရွာများမှ ဒေသခံ ပြည်သူ ၁၄,၃၉၂ ဦးအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးနိုင် ခဲ့ကြောင်း သိရှိရသည်။ (၁၀၀)
No comments:
Post a Comment