www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 20, 2013

လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး ပညာရေးကဏ္ဍ မြှင့်တင်ပေး


လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး ပညာရေးကဏ္ဍ မြှင့်တင်ပေး

အယ်ဒီတာ့အာဘော်

နိုင်ငံတော်တွင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး အတွက် ပညာရေးသည် အဓိက ကျသော အခန်းကဏ္ဍ ဖြစ်သည်။ ပညာရေး ဝန်ကြီးဌာန သည် အခြေခံပညာ ကဏ္ဍ အမျိုးသား ပညာရည် မြင့်မားရေး နှီးနှော ဖလှယ်ပွဲကို ၂ဝ၁၂ ခုနှစ် အတွင်းက ဆောင်ရွက် ခဲ့သည်။ နှီးနှော ဖလှယ်ပွဲ သို့ ၀ိဇ္ဇာ သိပ္ပံ ပညာရှင် ကြီးများ ၊ ပညာရေး သုတေသန အဖွဲ့ ၊ စာစစ်အဖွဲ့ ၊ အဆင့်မြင့် ပညာ နှင့် အခြေခံ ပညာအဆင့် တို့မှ ပညာရေး ဝန်ထမ်းများ နှင့် ဆရာ ၊ ဆရာမများ ၊ ဖိတ်ကြား ထားသူများ တက်ရောက်၍ အခြေခံပညာ နှင့် အဆင့်မြင့် ပညာကဏ္ဍ အလိုက် လက်ရှိ ပညာရေး လုပ်ငန်း ဆောင်ရွက်ချက် များအပေါ် စုပေါင်း ဆွေးနွေး သုံးသပ် ခဲ့ကြပြီး ပြုပြင် ပြောင်းလဲ သင့်သော လုပ်ငန်း များကို အကြံပြု ခဲ့ကြသည်။

နိုင်ငံတော် အစိုးရသည် အခြေခံပညာ ကဏ္ဍတွင် အခြေခံပညာ အဆင့်အလိုက် ကျောင်းဝင်နှုန်း ၊ ကျောင်းနေနှုန်း ၊ အတန်း ကူးပြောင်း သင်ယူနှုန်း နှင့် အဆင့် ကူးပြောင်း သင်ယူနှုန်း တို့ မြင့်မား တိုးတက် လာအောင် ဆောင်ရွက်လျက် ရှိသည်။ ၂ဝ၁၁ - ၂ဝ၁၂ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် ကာလမှ စ၍ မူလတန်း အဆင့် ကျောင်း

သား ၊ ကျောင်းသူများ အတွက် ကျောင်းသုံး ဖတ်စာအုပ်များ အခမဲ့ ထောက်ပံ့ ပေးခဲ့သည်။ ၂ဝ၁၂ - ၂ဝ၁၃ ပညာသင်နှစ် တွင် မူလတန်း
အဆင့် ကျောင်းသား ၊ ကျောင်းသူများ အတွက် ကျောင်းသုံး စာအုပ် အပြည့်အစုံ နှင့် လေ့ကျင့်ခန်း စာအုပ် ခြောက်အုပ်စီ ထောက်ပံ့ပေး ခဲ့သည် ပညာသင် ဆုများ ချီးမြှင့် နိုင်ရေး အတွက် အခြေခံ ပညာ အလယ်တန်း ပညာင်ဆု နှင့် အထက်တန်း ပညာသင်ဆု စာမေးပွဲများ ကျင်းပပြီး ပညာသင်ဆုများ ချီးမြှင့်ပေးခဲ့သည်။

ဘက်စုံ ပညာရည် ပြည့်ဝသော နိုင်ငံ သားကောင်းများ ပေါ်ထွန်း လာစေရန် ပြုစု ပျိုးထောင် ပေးနိုင်ရေး အတွက် အားကစား ၊ ရသ (ပန်းချီ ၊ ဂီတ) ၊ စာရိတ္တ နှင့် ပြည်သူ့နီတိ အလေ့အကျင့် ကောင်းများ ၊ ကျင့်ဝတ် စည်းကမ်းများကို နားလည် လက်ခံ ကျင့်သုံး လာအောင် လေ့ကျင့် သင်ကြား ပေးလျက် ရှိသည်။ အခြေခံပညာ ကဏ္ဍတွင် အနှစ် ၃ဝ နှစ် ရှည် ပညာရေး စီမံကိန်းများ နှင့်အညီ ကျောင်းနေ အရွယ် လူငယ်အားလုံး ပညာသင်ယူခွင့် ရရှိရေး နှင့် ပညာ သင်ယူရန် အခက်အခဲ ရှိသော ကျောင်းသား ကျောင်းသူ များအတွက်လည်း ပညာသင် ထောက်ပံ့ကြေး များ ချီးမြှင့် ပေးနိုင်ရန် ဆောင်ရွက် သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဘက်စုံ လွှမ်းခြုံ နိုင်သော ပညာရေး စနစ် အကောင် အထည်ဖော် ရာတွင် နိုင်ငံတော် အစိုးရနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ ၊ နိုင်ငံတကာ အဖွဲ့အစည်းများ ၊ ပညာရေး စေတနာရှင် များ ပူးပေါင်း ဖြည့်ဆည်း ဆောင်ရွက် ပေးလျက် ရှိသည်။ ကလေးဗဟိုပြု ချဉ်းကပ် သင်ယူမှု ပုံစံနှင့် သင်ကြား လေ့ကျင့် ပေးနိုင်ရေး အတွက် မူလတန်းသင် ဆရာ ၊ ဆရာမ များအား သင်ကြားရေး သင်တန်းများ ဖွင့်လှစ် လေ့ကျင့် ပေးခဲ့သည်။

ဘက်စုံ လွှမ်းခြုံနိုင်သော ပညာရေး ကဏ္ဍ လေ့လာ သုံးသပ်ရေး လုပ်ငန်း နှင့် လက်တွေ့ကျသော ပညာရေး မြင့်တင်မှု အကောင် အထည်ဖော်ရေး လုပ်ငန်းများ ဆိုင်ရာ ရှင်းလင်း ဆွေးနွေးပွဲကို ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် နေပြည်တော် ရှိ ပညာရေး ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပ ခဲ့သည်။ နိုင်ငံတော် ၏ အနာဂတ် ကာလ များတွင် ဒီမိုကရေစီ စနစ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပညာရေး ကဏ္ဍ အရေးပါမှု ကို အလေးထား ဆောင်ရွက် လျက်ရှိရာလက်တွေ့ ကျသော ပညာရေး ပြုပြင် ပြောင်းလဲမှု များကို ၂၀၁၄ -၂၀၁၅ ပညာသင် နှစ်မှစ၍ အကောင် အထည်ဖော် သွားမည် ဖြစ်သည်။

လက်တွေ့ကျသော ပညာရေး ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက် ရာတွင် လက်တွေ့ ကျသော ပညာရေး မြှင့်တင်မှု အကောင် အထည်ဖော်ရေး ကော်မတီ ၊ အထူးလုပ်ငန်း အဖွဲ့ ၊ အကြံပေး အဖွဲ့နှင့် လုပ်ငန်း ကော်မတီ ၁၈ ဖွဲ့ တို့ကို ဖွဲ့စည်း၍ ခေတ်စနစ် နှင့် လိုက်လျော ညီထွေ ဖြစ်သော မူဝါဒ ၊ စီမံကိန်း များနှင့် အမျိုးသား ပညာရေး ဥပဒေ ၊ ဆက်စပ်သော ဥပဒေများကို ရေးဆွဲပြုစုလျက်ရှိသည်။

သို့ဖြစ်၍ နိုင်ငံတော်တွင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး အတွက် အဓိကကျသော ပညာရေး ကဏ္ဍ မြှင့်တင်ရေး လုပ်ငန်းများ တွင် ပညာရေး စေတနာရှင် များ၏ ကူညီ ပံ့ပိုးမှုများ လိုအပ်လျက် ရှိရာ ယခုထက် ပိုမို ပါဝင်ကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger