ဖိလစ်ပိုင် ၊ ၁၄-၁၀-၂၀၁၃
အောက်တိုဘာ ၁၃ ရက်၌ ကျင်းပသော ဖိလစ်ပိုင် အစိုးရနှင့် မိုရိုအစ္စလာမ်မစ် လွတ်မြောက်ရေး တပ်ဦး( MILF ) ၏ (၄၁) ကြိမ်မြောက် တရားဝင် ဆွေးနွေးပွဲတွင် စေ့စပ် ညှိနှိုင်းရေးမှူး များသည် ဘန်ဆာမိုရို သဘောတူညီ ချက်မူဘောင် ( FAB ) ၏ ကျန်ရှိသော နောက်ဆက်တွဲ အချက် နှစ်ချက်အား သဘောတူ လက်မှတ် ရေးထိုး နိုင်ခြင်း မရှိဘဲ ပြီးဆုံး ခဲ့သည်ဟု ဆင်ဟွာ သတင်းတစ်ရပ် အရ သိရသည်။
သို့ရာတွင် ၄င်းတို့ အနေဖြင့် အဆိုပါ အကြောင်းအရာ များဖြစ်သည့် အာဏာခွဲဝေရေး နှင့် တည်ငြိမ် အေးချမ်းရေး တို့နှင့် ပတ်သက်၍ ကြီးမားသော တိုးတက်မှု ရှိခဲ့ကြောင်း နှင့် အပြည့်အ၀ အပြန်အလှန် နားလည်မှု ရရှိခဲ့ကြောင်း ပြောကြား ခဲ့သည်။
ဖိလစ်ပိုင် အစိုးရနှင့် MILF တို့သည် အသွင် ကူးပြောင်းရေး ဆိုင်ရာ အစီအစဉ်များ ၊ ဖွဲ့စည်းပုံ စည်းမျဉ်း နှင့် သယံဇာတ ခွဲဝေရေး စသည့် နောက်ဆက်တွဲ အချက်အလက် များကို ယခုနှစ် စောစောပိုင်းတွင် သဘောတူ လက်မှတ် ရေးထိုး ခဲ့ကြပြီး နောက်ဆက်တွဲ အချက် ၄ ချက် နှင့် FAB တို့ကို ငြိမ်းချမ်းရေး သဘော တူညီမှု၏ တစ်စိတ်တစ်ပိုင်း အားဖြင့် ထားရှိ သွားမည် ဖြစ်၍ ယခုနှစ် ကုန်ပိုင်းတွင် လက်မှတ် ရေးထိုး သွားဖွယ် ရှိကြောင်း သိရသည်။
အဆိုပါ ငြိမ်းချမ်းရေး သဘောတူညီ ချက်၏ ရည်မှန်းချက် မှာ မွတ်ဆလင် အများစု နေထိုင်ရာ မင်ဒါနာအို ပြည်နယ် တွင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတစ်ခု ဖွဲ့စည်း၍ ဘန်ဆာမိုရို မျိုးနွယ်စု အစိုးရ တစ်ရပ် ထူထောင်ခြင်း အားဖြင့် ဖိလစ်ပိုင် တောင်ပိုင်းတွင် နှစ် ၄၀ ခန့်ကြာ ဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခအား အဆုံးသတ်ရေး ဖြစ်ကြောင်း သိရှိရသည်။






No comments:
Post a Comment