www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 3, 2013

ထိုင်းအစိုးရ သည် ပြည်တွင်း သောင်းကျန်းသူ အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးဖွယ်ရှိ



ဘန်ကောက် ၊ ၃-၁၀-၂၀၁၃

ထိုင်းအစိုးရ အနေဖြင့် အကြမ်းဖက် သောင်းကျန်းမှုများ ပပျောက်ရေး အတွက် ကြိုးပမ်းသည့် အနေဖြင့် တောင်ပိုင်း ဒေသရှိ သောင်းကျန်းသူ အဖွဲ့ (BRN) နှင့် ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် နောက်ထပ် ပြည်တွင်း သောင်းကျန်းသူ ၂ ဖွဲ့ ကျော်လည်း ပါဝင် ဆွေးနွေးမည် ဖြစ်ကြောင်း ထိုင်းအမျိုးသား လုံခြုံရေး ကောင်စီ အတွင်းရေးမှူးချုပ် Paradorn Pattanatabutr က အောက်တိုဘာ ၁ ရက်တွင် ထုတ်ဖော် ပြောကြား ခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းတစ်ပုဒ် အရ သိရသည်။

အဆိုပါ သူပုန်အဖွဲ့ များမှာ ထိုင်းနိုင်ငံ တောင်ပိုင်းစွန်းရှိ အကြမ်းဖက်မှု များကို ဆောင်ရွက်လျက် ရှိသောအဖွဲ့များ ဖြစ်ကြောင်း Paradorn က ပြောကြား ခဲ့သည်။ ထိုင်းအစိုးရ နှင့် သူပုန်အဖွဲ့ တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များကို လက်ခံကျင်းပ ပြုလုပ် ပေးနေသော မလေးရှား နိုင်ငံက လာမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များကို အောက်တိုဘာ တတိယမြောက် ရက်သတ္တပတ် အတွင်း ကျင်းပ သွားသင့်သည်ဟု ထိုင်းအစိုးရကို အကြံပြု ပြောကြားထားသည်။


ထိုင်းအစိုးရ အနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပမည့် ရက်အတိအကျ ကို ယခုအချိန်မှ စ၍ လာမည့် ရက်သတ္တတစ်ပတ် အတွင်း သတ်မှတ် ပေးသင့်ကြောင်း နှင့် သက်ဆိုင်ရာ အေဂျင်စီများ အနေဖြင့်ျြွ အဖွဲ့က အဆိုပြုထားသော တောင်းဆိုချက် ၅ ချက်နှင့် ပတ်သက်၍ စဉ်းစားလျက် ရှိကြောင်းလည်း Paradorn က ထပ်လောင်း ပြောကြား ခဲ့သည်ဟု သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger