www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 11, 2013

ဝါကျွတ်မီးထွန်းပွဲ အတွက် မရှိမဖြစ် ဆီမီးခွက်များကို တပ်ကြီးကျေးရွာ မှ သိန်းချီ ထုတ်လုပ်



မန္တလေး ၊ ၁၁-၁၀-၂၀၁၃

မြန်မာတို့၏ ရိုးရာ ပွဲတော်များ အနက် မြတ်ဗုဒ္ဓအား ရည်စူး၍ မီးပူဖော် သည့် ဓလေ့ကို သီတင်းကျွတ် လတွင် ကျင်းပကြောင်း ၊ မီးပူဇော် ရာတွင် ရှေး အစဉ်အလာ အရ မြေဖြင့် ပြုလုပ်သော ခွက်ထဲတွင် ဆီထည့်၍ ၀ါဂွမ်း အသုံးပြုကာ မီးရှို့ ပူဇော် ကြကြောင်း ၊ ထိုသို့ အသုံးပြု ရာတွင် မြေခွက်များမှာ မရှိမဖြစ် ပစ္စည်း တစ်ခု ဖြစ်ကြောင်း သိရသည်။

၎င်း မြေခွက်များကို အထက် မြန်မာနိုင်ငံ အရပ်ရပ်သို့ အများဆုံး တင်ပို့နေသည့် ကျေးရွာမှာ အမရပူရ မြို့နယ် ၊ တပ်ကြီးကျေးရွာ ဖြစ်ကြောင်း ၊ တပ်ကြီးရွာ မှ ထုတ်လုပ်သည့် မြေမီးခွက် များကို နှစ်စဉ် မြစ်ကြီးနား ၊ ဗန်းမော် ၊ မိုးကောင်း ၊ မိုးညှင်း ၊ တမူး ၊ ကလေး ၊ ရွှေဘို ၊ မုံရွာ ၊ မိုးကုတ် ၊ မိုးမိတ် နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိမြို့များ ၊ မန္တလေး တိုင်းဒေသကြီး အတွင်းရှိ မြို့များသို့ ကုန်သည် များမှတစ်ဆင့် တင်ပို့ ရောင်းချ ကြကြောင်း ၊ တပ်ကြီးရွာ မှ မြေထည် ပစ္စည်း လုပ်ကိုင်သူ အမျိုးသမီး တစ်ဦး ၏ ပြောပြချက် အရ သိရသည်။


ဆီမီးခွက် လုပ်ငန်းသည် မြန်မာ့ရိုးရာ လက်မှု ပညာတစ်ရပ် ဖြစ်သည့် အပြင် မိသားစု ၀င်ငွေ တိုးရေး အတွက် အထောက် အကူပြု ကြောင်း တပ်ကြီးရွာ မှ ထုတ်လုပ်သော မြေဆီမီးခွက် (ပုံ) သည် လက်ရာ လည်း ကောင်းပြီး ဆီမစုပ် ခြင်းကြောင့် လူကြိုက် များကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger