www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 17, 2013

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံရှိ စက်မှုလုပ်ငန်း ကုမ္ပဏီများအား ကြည့်ရှုလေ့လာ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
CETC International ကုမ္ပဏီ ဥက္ကဋ္ဌ ဖြစ်သူ Mr. Long Bin နှင့်
စုပေါင်း အမှတ်တရ ဓာတ်ပုံရိုက်စဉ်

နေပြည်တော် ၊ ၁၇-၁၀-၂၀၁၃

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင် သည့် မြန်မာ့ တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် အောက်တိုဘာ ၁၅ ရက် ၊ နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ CATIC ကုမ္ပဏီသို့ ရောက်ရှိရာ ကုမ္ပဏီ ဥက္ကဋ္ဌ Mr. Ma Zhiping နှင့် အဖွဲ့မှ ကြိုဆို ကြသည်။ ထို့နောက် ကုမ္ပဏီ အစည်းအဝေး ခန်းမ၌ ဥက္ကဋ္ဌ Mr. Ma Zhiping နှင့် တာဝန်ရှိ သူများမှ လေယာဉ် ၊ ရဟတ်ယာဉ် ထုတ်လုပ်မှု အခြေအနေ များကို ပရိုဂျက်တာ ဖြင့် ရှင်းလင်း တင်ပြခဲ့သည်။  ထို့နောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် CATIC ကုမ္ပဏီ ဥက္ကဋ္ဌ တို့သည် အထိမ်းအမှတ် တံဆိပ်နှင့် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန် လဲလှယ် ကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
CATIC ကုမ္ပဏီ ဥက္ကဋ္ဌ Mr. Zhiping နှင့် တွေ့ဆုံ ဆွေးနွေးစဉ်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ သည် ဆက်လက် ထွက်ခွာခဲ့ရာ ဒေသ စံတော်ချိန် နံနက် ၁၁ နာရီတွင်  နှင့် အဖွဲ့မှ ကြိုဆိုသည်။ ပထမဦးစွာ စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးကြပြီး အစည်းအဝေး ခန်းမတွင် ဥက္ကဋ္ဌ Mr. Long Bin နှင့် တာဝန်ရှိ သူတို့မှ အဆင့်မြင့် နည်းပညာသုံး အီလက်ထရောနစ် ပစ္စည်း ထုတ်လုပ်မှု များအား ရှင်းလင်း တင်ပြသည်။  ထို့နောက် CETC ကုမ္ပဏီ၏ အဆင့်မြင့် နည်းပညာဖြင့် တည်ဆောက် ထားသည့် Innovation Center အတွင်း လှည့်လည် ကြည့်ရှု ကြသည်။ ဆက်လက်၍ CETC ကုမ္ပဏီမှ တည်ခင်း ဧည့်ခံသည့် ဂုဏ်ပြု နေ့လယ်စာ သုံးဆောင်ကြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ကုမ္ပဏီ ဥက္ကဋ္ဌ Mr. Long Bin တို့သည် အထိမ်းအမှတ် တံဆိပ်နှင့် အမှတ်တရ လက်ဆောင်များ အပြန်အလှန် လဲလှယ် ကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
CETC ကုမ္ပဏီ Innovation Center အတွင်း လှည့်လည် ကြည့်ရှုစဉ်

 ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့သည် ဒေသ စံတော်ချိန် မွန်းလွဲ ၂ နာရီတွင် နိုင်ငံတော် ကာကွယ်ရေး သိပ္ပံနှင့် စက်မှုဗျူရို ( SASTIND ) သို့ ရောက်ရှိရာ ဗျူရိုမှူး Mr. Ma Xinguri မှ ကြိုဆို သည်။ ထို့နောက် ဧည့်ခန်းမ တွင် ဗျူရိုမှူး Mr. Ma Xinguri မှ နိုင်ငံတော် ကာကွယ် ရေးသိပ္ပံနှင့် စက်မှုဗျူရို၏ လုပ်ငန်း ဆောင်ရွက်မှု များကို ရှင်းလင်း တင်ပြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် Mr. Ma Xinguri တို့သည် အထိမ်းအမှတ် တံဆိပ်နှင့် အမှတ်တရ လက်ဆောင်များ အပြန်အလှန် လဲလှယ် ကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား
ဗျူရိုမှူး Mr. Ma Xinguri က အထိမ်းအမှတ်တံဆိပ် ပေးအပ်စဉ်

 ဒေသစံတော်ချိန် ညနေ ၃ နာရီတွင် ယင်းမှ ဆက်လက် ထွက်ခွာခဲ့ရာ ZTE ကုမ္ပဏီသို့ ရောက်ရှိခဲ့ပြီး ကုမ္ပဏီ ဥက္ကဋ္ဌ Mr. Zhang Renjun နှင့်အဖွဲ့မှ ကြိုဆို သည်။ ယင်းနောက် ကုမ္ပဏီ ရှင်းလင်းဆောင်၌ ကုမ္ပဏီမှ Telecom လုပ်ငန်း ဆိုင်ရာ များကို ပရိုဂျက်တာ ဖြင့် ရှင်းလင်း တင်ပြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ကုမ္ပဏီ ဥက္ကဋ္ဌ Mr. Zhang Renjun တို့သည် အမှတ်တရ လက်ဆောင်များ အပြန်အလှန် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်


ZTE ကုမ္ပဏီ အတွင်း လှည့်လည် ကြည့်ရှုစဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger