www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, October 13, 2013

တရုတ် ရေနံတင် သင်္ဘောတစ်စင်း မီးလောင်ပေါက်ကွဲ ၍ ခုနစ်ဦး သေဆုံး




ပေကျင်း ၊ ၁၃-၁၀-၂၀၁၃

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲကျန်း ပြည်နယ် ၊ နင်းဘိုး ကမ်းရိုးတန်း မြို့တွင် အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းက ရေနံတင် သင်္ဘော တစ်စင်း မီးလောင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး ခုနစ်ဦး သေဆုံးခဲ့ပြီး အခြား တစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဆင်ဟွာ သတင်းတစ်ရပ် အရ သိရသည်။

အဆိုပါ မီးလောင် ပေါက်ကွဲမှုသည် နင်းဘိုးမြို့ ကျန်းဟိုင်ဒေသ ကျန်ကျန်း သင်္ဘောကျင်း တွင် အောက်တိုဘာ ၁၂ ရက် နံနက် ၈ နာရီ မိနစ် ၄၀ က ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး ၄င်း မီးလောင်ကျွမ်းမှု ကို နံနက် ၁၁ နာရီခန့်တွင် ငြှိမ်းသတ်နိုင် ခဲ့ကြောင်း သိရသည်။

တန် ၃ဝဝ အလေးချိန်ရှိ အဆိုပါ ရေနံတင် သဘော်ပေါ်တွင် ရေနံ ပမာဏ အများအပြား တင်ဆောင် ထားပြီး ယင်းသင်္ဘောကို ပြင်ဆင်နေစဉ် ပေါက်ကွဲမှု ဖြစ်ပွားပြီး မီးလောင် ကျွမ်းမှုကြောင့် ရေနံများမှာ ယောင်ကျန်းမြစ် အတွင်းသို့ ယိုစိမ့် သွားခဲ့ကြောင်း ၊ ယင်း ယိုစိမ့်မှုများ ကို ဖယ်ရှား ရှင်းလင်း နိုင်ရန်အတွက် ယခုအခါ သင်္ဘော ၆ စင်းကို အခင်း ဖြစ်ပွားရာသို့ စေလွှတ် ခဲ့ကြောင်း ပင်လယ် ရေကြောင်း ရှင်းလင်းရေး အဖွဲ့၏ ပြောကြားချက် များအရ သိရသည်။


ယခုအခါတွင် ပေါက်ကွဲမှု ဖြစ်ပွားရသည့် အကြောင်းအရင်း ကို စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။ ရေနံ ယိုဖိတ်မှု ဖြစ်ပွား ခဲ့သော ယောင်ကျန်းမြစ် သည် ၁၃ဝ ဒသမ ၉၆ ကီလိုမီတာ အရှည်ရှိပြီး နင်းဘိုးမြို့အတွက် ရေအရင်းအမြစ် တစ်ခု ဖြစ်ကြောင်း သိရှိရသည်။

An image of the scene after the oil tanker explosion in Ningbo, Zhejiang province, Oct. 12. (Photo/Xinhua)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger