www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, October 12, 2013

ဆင်များသည် လူသားတို့၏ လေ့ကျင့် သင်ကြား ပေးရန် မလိုဘဲ နားလည် သိမြင်နိုင်



၁၂-၁၀-၂၀၁၃

ဆင်များသည် လူသားတို့၏ ခြေဟန် လက်ဟန်ကို အသိအမှတ် ပြုစေရန် အတွက် လေ့ကျင့် သင်ကြား ပေးရန်မလိုဘဲ အလိုလို နားလည် သိမြင်နိုင်စွမ်း ရှိကြောင်းနှင့် ၄င်းတို့သည် လူကဲ့သို့ သိမြင် နိုင်သည်ဟု ယခင်က တွေးထင် ခဲ့ကြ သည်ထက် ပိုမိုသိမြင် နိုင်စွမ်း ရှိကြောင်း သိပ္ပံပညာရှင် များက ထုတ်ဖော် ပြောကြား ခဲ့သည်။

ဆင်များသည် လေ့ကျင့် သင်ကြားပေးမှု မရှိဘဲ ဆက်သွယ်မှု ကို နားလည်ရန် အတွက် ၄င်းတို့၏ နှာမောင်းများကို အသုံးပြု နိုင်ဖွယ် ရှိသည်ဟု စကော့တလန် နိုင်ငံ St. Andrews တက္ကသိုလ်မှ ကျွမ်းကျင် ပညာရှင်များက ယုံကြည် ထားကြောင်း သိရသည်။ ထိုကဲ့သို့သော စွမ်းရည်သည် ရှုပ်ထွေးပြီး စုဝေး နေထိုင် တတ်သည့် ဆင်များ၏ အခြေချမှု စနစ်မှ ပြောင်းလဲ ဖြစ်ပေါ် လာခဲ့ခြင်း ဖြစ်ကြောင်း နှင့် စုဝေး နေထိုင် တတ်သည့် ဆင်များ၏ အခြေချမှု စနစ်တွင် ပြောဆိုမှု မပါဝင်သည့် အမူအရာ များကို နားလည် သိမြင်နိုင်မှု ပါဝင်ကြောင်း သိရသည်။


ဆင်များ အနေဖြင့် လူသားများ ကဲ့သို့ သိမြင် ခံစားနိုင်ကြောင်း နှင့် ၄င်းတို့အကြား အချင်းချင်း အကူအညီ ပေးမှု ၊ အားပေးမှု ၊ စာနာမှုများ ပါဝင်ပြီး ရှုပ်ထွေးလှ သည့် ကွန်ရက် တစ်ခုအတွင်း ၌ အခြေချ နေထိုင်မှုသည် ၄င်းတို့ ဆက်လက် ရှင်သန် ရပ်တည်ရေး အတွက် အရေးကြီး လှကြောင်း ပါမောက္ခ Richard Byrne က ပြောကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger