www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 15, 2013

တရုတ်နိုင်ငံသည် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ဖွံ့ဖြိုး တိုးတက်ရေးကို ဆက်လက် လုပ်ဆောင် သွားမည်


WZ-10

WZ-19


ပေကျင်း ၊ ၁၅-၁၀-၂၀၁၃

၂ဝ၁၂ ခုနှစ်က ထုတ်ဖော် ပြသခဲ့သော WZ-10 နှင့် WZ-19 ရဟတ်ယာဉ် များအား အောင်မြင်စွာ တည်ဆောက် နိုင်ခဲ့သည့်အတွက် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ဖွံ့ဖြိုး တိုးတက်စေရေး ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဘက်ဆိုင်ရာ သိပံ္ပ တက္ကသိုလ်မှ အဆင့်မြင့် သုတေသီ ဗိုလ်မှူးကြီး Du Wenlong က ပြောကြား ခဲ့သည်ဟု ဆင်ဟွာ သတင်း တစ်ရပ်အရ သိရသည်။

တရုတ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်းထုတ် WZ-10 နှင့် WZ-19 တိုက်ခိုက်ရေး ရဟတ်ယာဉ် များအား Changhe နှင့် Harbin လေယာဉ် ထုတ်လုပ်ရေး ကော်ပိုရေးရှင်း တို့မှ ထုတ်လုပ် ထားခြင်း ဖြစ်ကြောင်း Du က ပြောကြား ခဲ့သည်။ Z-9 ရဟတ်ယာဉ် များအား အဆင့်မြှင့် တင်မှုများ ပြုလုပ် နိုင်ပါက တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ဖြစ်လာ နိုင်ကြောင်း ၊ WZ-10 နှင့် WZ-19 ရဟတ်ယာဉ် များသည် တရုတ်နိုင်ငံ၏ လေယာဉ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် သမိုင်းမှတ်တိုင် တစ်ရပ် ဖြစ်ကြောင်း နှင့် ၄င်းရဟတ်ယာဉ် များတွင် ဒုံးပျံ ၈ စင်း ပါဝင်၍ အဆင့် မြှင့်တင်မှုများ ဆက်လက် ပြုလုပ်လျက် ရှိကြောင်း သိရသည်။


WZ-10 ရဟတ်ယာဉ် သည် မြေပြင်ရှိ ပစ်မှတ် အားလုံးကို တိုက်ခိုက် ဖျက်ဆီး နိုင်စွမ်း ရှိသော်လည်း ဝေဟင် တိုက်ခိုက်မှု များတွင် အခြား ရဟတ်ယာဉ်များ ကဲ့သို့ ပြန်လည် တိုက်ခိုက် နိုင်စွမ်း မရှိသေးကြောင်း သိရသည်။ တရုတ်နိုင်ငံ အနေဖြင့် ရုရှားနိုင်ငံ၏ Ka-50 နှင့် Ka-52 ရဟတ်ယာဉ် ၊ အမေရိကန် နိုင်ငံ၏ AH-64 အပါချီ ရဟတ်ယာဉ် များနှင့် တူညီသော စွမ်းဆောင်နိုင်မှု များရရှိ စေရန် အကြီးစား တိုက်ခိုက်ရေး ရဟတ်ယာဉ်များ နှင့် ပိုမို အဆင့် မြှင့်တင်မှုများ ဆက်လက် တိုးမြှင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း နှင့် အနာဂတ် ပုံစံများအတွက် စတင် ဆောင်ရွက်မှု တစ်ရပ် အနေဖြင့် WZ-10 ရဟတ်ယာဉ် များအား ယခုအချိန်တွင် စတင် အသုံးပြု သွားမည် ဖြစ်ကြောင်း Du က ပြောကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger