www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, October 6, 2013

လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့မှ တရားမ၀င် သယ်ဆောင်လာသည့် နွားများ ဖမ်းဆီးရမိ



မူဆယ် ၊ ၆-၁၀-၂၀၁၃

ရှမ်းပြည်နယ် ( မြောက်ပိုင်း ) မူဆယ် မြို့နယ် ၊ ဆယ်လန့် ကျေးရွာ အနီး တစ်ဝိုက်တွင် အောက်တိုဘာလ ၄ ရက် နံနက်ပိုင်း က တပ်မတော် စစ်ကြောင်း များမှ နယ်မြေ လုံခြုံရေး တာဝန် ထမ်းဆောင်စဉ် အရပ်ဝတ် များ ၀တ်ဆင် ထားသော လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ မှ အင်အား ငါးဦးခန့်က လက်နက်ငယ် များဖြင့် စတင် ပစ်ခတ် တိုက်ခိုက် သဖြင့် တပ်မတော် စစ်ကြောင်းများ က ပြန်လည် ခုခံ တိုက်ခိုက်ရာ အဆိုပါ လက်နက်ကိုင် အဖွဲ့သည် အနောက်ဘက် သို့ ဆုတ်ခွာ သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ် နေရာအား အသေးစိတ် ရှင်းလင်း ရှာဖွေရာ ကျောက်မဲ မြို့နယ် ပေါက်အင်းကြီး ကျေးရွာနေ ဦးမော် ဦးစီး အင်အား ၂၁ ဦးဖြင့် တရားမ၀င် သယ်ဆောင် လာသည့် အရွယ်စုံ နွား ၄၁ ကောင်အား ဖမ်းဆီး ရမိခဲ့ သဖြင့် မူဆယ်မြို့နယ် ရဲစခန်း မှ တာဝန် ရှိသူများထံ သို့ စနစ်တကျ လွှဲပြောင်း အပ်နှံ ခဲ့ကြောင်း သိရှိရသည်။ (၁၀၀)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger