www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, September 1, 2013

CNG နှင့်ခွင့်ပြုမိန့် ရရှိပါက မြို့တွင်း ထပ်မံ ပြေးဆွဲမည့် ယာဉ်လိုင်းများ ရနေ


ရန်ကုန် ၊ ၁-၉-၂၀၁၃

ရန်ကုန်မြို့တော် အတွင်း မော်တော်ယာဉ် လိုင်းများ တိုးချဲ့ ပြေးဆွဲမှုများ ရှိနေရာ ခရီးသည်များ သွားလာရေး အဆင်ပြေ စေရန်အတွက် CNG ခွင့်ပြု မိန့်နှင့် ပြေးဆွဲ ခွင့်ပြုမိန့် ရရှိပါက ထပ်မံ ပြေးဆွဲမည့် မော်တော်ယာဉ် လိုင်းသစ်များ ရှိနေသေးကြောင်း မ-ထ-သ (ဗဟို)မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ကြောင်း သိရသည်။

နိုင်ငံတော် အစိုးရက ခရီးသွားလာ သူများ လွယ်ကူစွာ သွားလာ နိုင်စေရေး အတွက် မော်တော်ယာဉ် လိုင်းသစ်များ တိုးချဲ့ပြေးဆွဲ ခွင့်ပြုထားကြောင်း ၊ သို့သော်လည်း ရန်ကုန်မြို့တော် အတွက် ချထား ပေးသည့် CNG ကုဗပေ တစ်သန်း နှင့် မျှတမှုရှိအောင် တဖြည်းဖြည်း လုပ်ဆောင် နေကြောင်း ၊ ယင်းအတွက် ပြေးဆွဲခွင့် တင်ပြထားသော ယာဉ်လိုင်း တချို့သာ ပြေးဆွဲခွင့် ရရှိနေပြီး နောက်ထပ် ပြေးဆွဲခွင့် တင်ထားသော ယာဉ်လိုင်းများ ရှိနေသေးကြောင်း သိရသည်။

ထို့အပြင် နောက်ဆုံး ပြေးဆွဲခွင့် ချထားမှုတွင် G 2000 ယာဉ်များ သြဂုတ်လ ၁၆ ရက်၌ စတင် ပြေးဆွဲနေကြောင်း ၊ ထပ်မံခွင့်ပြုရန် စီစဉ်ထားရှိပြီး ပြေးဆွဲခွင့် လျှောက်ထားသော ယာဉ် အစီးရေ ၂၀၉ စီး ရှိနေကြောင်း ၊ လျှောက်ထားသော မော်တော်ယာဉ် သုံးပုံ တစ်ပုံခန့်သာ ပြေးဆွဲ နိုင်သေးကြောင်း သိရသည်။


CNG ခွင့်ပြုချက် နှင့် ပြေးဆွဲခွင့်ပြုမိန့် စောင့်ဆိုင်း နေမှုတွင် မထသ (ဗဟို) ယာဉ်လိုင်း ၅ ခုမှ ရိုးရိုးယာဉ်ကြီး အစီးရေ ၆ စီးသည် ပြေးဆွဲမည့် လမ်းကြောင်း ကိုပါ တင်ပြထားပြီး မိုးကောင်းကင် ခရီးသည် ပို့ဆောင်ရေး မှလည်း ယာဉ်အစီးရေ ၇ စီးဖြင့် ပြေးဆွဲရန် CNG ခွင့်ပြုမိန့် စောင့်ဆိုင်း လျက်ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger