www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, September 17, 2013

ဆီးရီးယား စစ်ဘက်သုံး ရဟတ်ယာဉ်တစ်စီးအား တူရကီလေတပ် ပစ်ချ


ဒမတ်စကတ် ၊ ၁၇-၉-၂၀၁၃

တူရကီ လေပိုင်နက် အတွင်းသို့ မှားယွင်း ဝင်ရောက် လာသည်ဟု ယူဆရသော ဆီးရီးယား စစ်ဘက်သုံး ရဟတ်ယာဉ် တစ်စင်းကို တူရကီ လေတပ်က ပစ်ချခဲ့ကြောင်း ဆီးရီးယား စစ်တပ်က စက်တင်ဘာ ၁၇ ရက်တွင် အတည်ပြု ပြောကြား ခဲ့သည်။

ဆီးရီးယား စစ်တပ်ပိုင် ရဟတ်ယာဉ် တစ်စင်းသည် ၄င်းတို့၏ ပိုင်နက်နယ်မြေ အတွင်းသို့ ထိုးဖောက် ၀င်ရောက်ရန် ကြိုးပမ်းမှု များကို တူရကီနယ်စပ် တစ်လျှောက်တွင် ကင်းလှည့် စစ်ဆေးမှုများ လုပ်ဆောင် နေစဉ် စက်တင်ဘာလ ၁၆ ရက် မွန်းလွဲပိုင်းက ပစ်ချ ခံရခြင်း ဖြစ်ကြောင်း ဆီးရီးယား နိုင်ငံပိုင် သတင်းဌာန တစ်ခုက ထုတ်ပြန်သော အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။

အဆိုပါ ရဟတ်ယာဉ် သည် တူရကီ လေပိုင်နက် အတွင်းသို့ မှားယွင်းဝင် ရောက်မိသည့် အတွက် ၄င်းနိုင်ငံဘက်သို့ ပြန်အလှည့်တွင် ပစ်ချခံရခြင်း ဖြစ်ပြီး ဆီးရီးယား ပိုင်နက် အတွင်းသို့ ပျက်ကျ ခဲ့ခြင်း ဖြစ်ကြောင်း ၄င်း အစီရင်ခံစာ တွင် ဆက်လက် ဖော်ပြ ထားသည်။


တူရကီ တိုက်လေယာဉ် နှစ်စင်းသည် ၄င်းဒေသ များတွင် ကင်းလှည့် စစ်ဆေး နေစဉ် ဆီးရီးယား ရဟတ်ယာဉ် သည် ၄င်းတို့ ပိုင်နက် အတွင်းသို့ ကျူးကျော် ၀င်ရောက် လာခြင်း ဖြစ်ကြောင်း တူရကီ စစ်ဘက်မှ ထုတ်ပြန်သော အစီရင် ခံစာအရ သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger