www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, September 17, 2013

တရားမ၀င် အကြောအားတိုးဆေး များကို ရန်ကုန်မြို့ လူစည်ကားရာ နေရာများတွင် ရောင်းချနေ


ရန်ကုန် ၊ ၁၇-၉-၂၀၁၃

ရန်ကုန်တိုင်း ဒေသကြီး အတွင်း ဗိုလ်တထောင် မြို့နယ် ၊ ပန်းဘဲတန်း မြို့နယ် နှင့် မင်္ဂလာ တောင်ညွန့် မြို့နယ် များရှိ လူစည်ကားရာ နေရာများဖြစ် သော ကားဂိတ် ၊ ဘူတာရုံ များ၌ ပြည်ပ နိုင်ငံများမှ တရားမ၀င် တင်သွင်းသည့် အကြော အားတိုးဆေး များကို ပေါ်ပေါ် တင်တင် ရောင်းချ နေကြောင်း တွေ့ရ သည်။

အဆိုပါ ဆေးများမှာ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်လုပ်ခွင့် လိုင်စင် ချမှတ်၍ ထုတ်ဝေ ခွင့်ပြု ထားခြင်း မရှိသော ဆေးဝါးများ ဖြစ်ပြီး ယင်းဆေးများ သုံးစွဲမိပါက နှလုံး အားနည်းခြင်း နှင့် မျက်စိမှုန်ခြင်း များအပြင် အဆုတ် တွင်ရှိသော သွေးကြောများ ပြတ်တောက် နိုင်ခြင်း အစရှိသော ရောဂါများ ဖြစ်ပွား စေနိုင်ကြောင်း ကျန်းမာရေး ၀န်ထမ်း တစ်ဦးက ပြောကြား ခဲ့သည်။

ထိုသို့ အများ ပြည်သူများ သွားလာ နေသည့် နေရာများတွင် ယင်းကဲ့သို့ ဆေးဝါးများ အပြင် အမြင် မတင့်တယ်သည့် ပုံများကိုပါ ထည့်သွင်း ရောင်းချ နေခြင်းများ ကြောင့် ခရီးသွား ပြည်သူများမှာ ရှောင်ကွင်း သွားလာ နေရပြီး စိတ်အနှောင့် အယှက်များ နှင့် နေ့စဉ် ကြုံတွေ့ နေရသည်ဟု ကျောက်တံတား မြို့နယ်တွင် နေထိုင်သူ တစ်ဦးက ပြောကြားခဲ့သည်။


ထိုသို့ တရားမဝင် ဆေးဝါးများကို ထုတ်လုပ် ဖြန့်ဖြူး ရောင်းချပါက မြန်မာနိုင်ငံ ဆေးဝါးဥပဒေ များအပြင် မူးယစ်ဆေးဝါး ဥပဒေများ ဖြင့်လည်း အရေး ယူနိုင်ကြောင်း ဥပဒေ ပညာရှင်များက ပြောကြား ခဲ့ကြောင်း သိရှိရသည်။ (ရဲမြတ်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger