www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 27, 2013

သီဟထွန်း ကုမ္ပဏီမှ အိန္ဒိယနိုင်ငံ ထုတ် ထွန်စက်များ အရစ်ကျ ရောင်းချပေးမည်


မုံရွာ ၊ ၂၇-၉-၂၀၁၃

မုံရွာမြို့ ၊ စက်မှုဇုန်(၁) မြို့ပတ်လမ်း အနီးရှိ သီဟထွန်း ကုမ္ပဏီမှ အိန္ဒိယ နိုင်ငံထုတ် ထွန်စက်များကို ဧရာဝတီဘဏ် နှင့် ချိတ်ဆက်၍ တောင်သူ များသို့ အရစ်ကျ ရောင်းချ ပေးမည် ဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ အခြေစိုက် Escort Company သည် မြန်မာနိုင်ငံ ရန်ကုန်မြို့ တွင် Yangon Tractor Co., Ltd  ရုံးဖွင့်၍ အင်းစိန် မြို့နယ် ၊ ဘုရင့်နောင် လမ်းတွင် Show Room တစ်ခု ဖွင့်လှစ် ထားရှိပြီး ရောင်းအား မြှင့်တင်ရေး စီမံချက် အနေဖြင့် မန္တလေးမြို့ စက်မှုဇုန်(၁) ၊ ပဲခူးတိုင်း ဒေသကြီး ဥဿာမြို့သစ် ၊ ဧရာဝတီတိုင်း ဒေသကြီး ကျုံပျော်မြို့ နှင့် စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ ၊ စက်မှုဇုန်(၁)ရှိ သီဟထွန်း ကုမ္ပဏီ တို့တွင် အရောင်း ပြခန်းများ ဖွင့်လှစ်၍ တောင်သူများ အတွက် ထွန်စက်များကို အရစ်ကျ စနစ်ဖြင့် ရောင်းချ ပေးလျက် ရှိကြောင်း သိရသည်။

မုံရွာမြို့ ၊ စက်မှုဇုန် (၁)ရှိ သီဟထွန်း ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက '' အထူး အစီအစဉ် အဖြစ် မည်သည့် တိုင်းဒေသကြီး မှ မပေးအပ် ခဲ့တဲ့ လက်ငင်း ရောင်းချမှု အစား အရစ်ကျ (၂)ရစ် ၊ (၄)ရစ် စနစ်ဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းမှ အိန္ဒိယနိုင်ငံ ထုတ် Escort ထွန်စက် ဝယ်ယူလိုသော တောင်သူကြီး များကို ဧရာဝတီဘဏ် နှင့် ချိတ်ဆက်ပြီး ရောင်းချ ပေးသွားမှာ ဖြစ်ပါ တယ် .. .. '' ဟု ပြောကြား သည်။


သီဟထွန်း ကုမ္ပဏီသည် ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာရေး နှစ်တွင် လေးဘီး ထွန်စက်ငယ် များကို မော်ဒယ်မြှင့် တင်၍ မြင်းကောင်ရေ (၂၈)ကောင် အင်ဂျင်ဖြင့် ထုတ်လုပ် ဖြန့်ဖြူး ရောင်းချခြင်း ၊ လယ်ယာသုံး စက်ကိရိယာ များမှ ဆက်စပ် ပစ္စည်းများကို ခေတ်မီ စက်ကိရိယာ များ အသုံးပြု၍ ဖြတ်ခြင်း ၊ လိုအပ်သည့် ပုံစံများ ပုံဖော် ပေးခြင်းများကို လက်ခံ ဆောင်ရွက် ပေးခြင်း ၊ လယ်ယာသုံး လေးဘီး ထွန်စက်ငယ် ပုံစံအမှတ် MT-04 (06/07) နှင့် MT-05 (06/07) , MT-05 (06/07)  အင်ဂျင်အား မြင်းကောင်ရေ (၂၈)နှင့် တွဲဖက် အသုံးပြုသည့် လယ်ယာသုံး ကိရိယာ အမျိုးမျိုးကို တောင်သူများ စိတ်တိုင်းကျ ဝယ်ယူ နိုင်ရန် ထုတ်လုပ် ဖြန့်ဖြူး ရောင်းချ ပေးလျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger