www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 20, 2013

မြိတ် - ထားဝယ် - မော်လမြိုင် - ရန်ကုန် အဆင့်မြင့် အထူးမှန်လုံ ကားသစ်ကြီး ထပ်မံပြေးဆွဲ


မြိတ် ၊ ၂၀-၉-၂၀၁၃

တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့တွင် ယခင်က ကုန်းလမ်းဖြင့် သွားလာရန် အလွန်ပင် ခက်ခဲခဲ့ သည်။ ကားများ ရှိသော်လည်း  လမ်းပန်း ဆက်သွယ်ရေး မကောင်း သောကြောင့် အဆင့်မြင့် ကားများ အသုံးပြု နိုင်ခြင်း မရှိပေ။ မှန်လုံ ခရီးသည် တင်ကားများ ရှိသော်လည်း အစီးရေ နည်းပါးခြင်း ၊ လမ်းကြမ်းမှု ဒဏ်ခံနိုင်ရန် ကားများကို ရွေးချယ် မောင်းနှင် ရခြင်းကြောင့် ခရီးသည်များ သက်တောင့် သက်သာ ခရီးသွား လာမှု မပြုလုပ် နိုင်ခြင်းများ ဖြစ်ခဲ့ ရပါသည်။

ယခုအခါ လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေ ချောမွေ့လာပြီ ဖြစ်သဖြင့် ယာဉ်ကားလိုင်း ကားဟောင်းများ ဖြစ်ကြသော ရွှေလီရတနာ ၊ ရွှေဝယ်ရတနာ ၊ ကောင်းသစ်စံ ၊ တနင်္သာရီ ၊ ရွှေမြင်းပျံ ၊ အောင်ရတနာ ၊ သီဟမင်း ၊ ကြယ်စင်ဟိန်း ၊ ရွှေဝယ်သူ ၊ ရွှေထားဝယ် ၊ အောင်စည်မင်း ၊ စန်းဝင်း ရတနာ ၊ ဟိုင်ဖိုင် ၊ မင်းထက်ဟိန်း ၊ စသည့် ကားလိုင်း များလည်း အဆင့်မြင့်တင် ပြေးဆွဲ လာပြီ ဖြစ်ကြောင်း သိရှိရသည်။


အခြား အဆင့်မြင့် ကားလိုင်း သစ်များ တိုးချဲ့ ပြေးဆွဲ လာကြပြီး ယခုအခါ ''ရွှေပုလဲသီ'' အဆင့်မြင့် အဲယားကွန်း လေအိပ် ကားလိုင်းသစ် အား တိုးချဲ့ ပြေးဆွဲလျက် ရှိကြောင်း ၊ ရိုးရိုး အဲယားကွန်း ကားနှင့် အထူးရှယ် VIP (၃၃) ယောက်စီး ဟူ၍ နှစ်မျိုး ပြေးဆွဲ ပေးလျက် ရှိသည်။ ရိုးရိုးတွင် မြိတ် - ရန်ကုန် ၁၈ဝဝဝ ကျပ် ၊ မြိတ် - ထားဝယ် ၇ဝဝဝ ကျပ်နှင့် မြိတ် - မော်လမြိုင် ၁၅ဝဝဝ ကျပ်တို့ ဖြစ်ပြီး အထူးယာဉ်တွင် မြိတ် - ရန်ကုန် ၂၇ဝဝဝ ကျပ် ၊ မြိတ် - ထားဝယ် ၁ဝဝဝဝ ကျပ် နှင့် မြိတ် - မော်လမြိုင် ၂ဝဝဝဝ ကျပ် တို့ဖြစ်ပြီး ကားအလယ် အောက်ထပ်တွင် အိမ်သာ ပါရှိကြောင်း ခရီးသည်များ အတွက် ဝန်ဆောင်မှု အနေဖြင့် စောင် ၊ ရေသန့် ၊ အအေးဗူး ၊ ချောကလက် ၊ မုန့် နှင့် စနိုးတာဝါများ ကမ်းပေးကြောင်း သိရပါသည်။ တနင်္သာရီတိုင်း ဒေသကြီးရှိ ခရီးသွား ပြည်သူများ  ကုန်းလမ်း ခရီးဖြင့် နောင်တွင် အချိန်ကုန် သက်သာပြီး စိတ်ချမ်းမြေ့စွာ ခရီးသွား လာနိုင်ပြီ ဖြစ်ကြောင်း မြိတ်ခရိုင် မော်တော်ယာဉ် လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းမှု ကော်မတီ ထံမှ သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger