www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, September 26, 2013

စင်ကာပူနိုင်ငံတွင် ခွဲစိတ်ကုသမှု ခံယူနေသော အရပ် ၇ ပေ ၁၀ လက်မရှိ ကိုဝင်းဇော်ဦး အောက်တိုဘာလဆန်း ပိုင်းတွင် ပြန်ရောက်မည်


ရန်ကုန် ၊ ၂၆-၉-၂၀၁၃

စင်ကာပူ နိုင်ငံတွင် ခွဲစိတ် ကုသမှုခံ ယူနေသော အရပ်(၇)ပေ (၁ဝ) လက်မရှိ လူထူးဆန်း ကိုဝင်းဇော်ဦး သည် အောက်တိုဘာ လဆန်းပိုင်းတွင် မြန်မာ နိုင်ငံသို့ ပြန်လည် ရောက်ရှိမည် ဖြစ်ကြောင်း အကူအညီ စောင့်ရှောက်မှု လုပ်ဆောင် နေသော အသည်း အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဦးခင်မောင်ဝင်း က ပြောကြား ခဲ့သည်။

ကိုဝင်းဇော်ဦး သည် သာမန်ထက် ထူးခြားသော အသွင် ရှိနေသည့် အတွက် ၄င်း၏ သတင်းများ ထွက်ပေါ်ချိန် ၌ ကမ္ဘာ တစ်ဝန်းလုံးမှ စိတ်ဝင် တစား ရှိခဲ့ကြောင်း ကိုဝင်းဇော်ဦး တွင် ယင်းကဲ့သို့ ဖြစ်နေ ရခြင်းသည် Pituitary Gland ကြောင့် Growth များအထွက် လွန်၍ ခန္ဓာကိုယ် အစိတ်အပိုင်းများ အလွန်အမင်း ကြီးထွား လာသည့် ရောဂါ ( Acromegaly ) ဟု ဆေးပညာအရ ခန့်မှန်း သတ်မှတ်ပြီး ဝေဒနာ ခံစားနေရသူ တစ်ဦး ဖြစ်ကြောင်း ၊ ယင်းအတွက် စင်ကာပူ နိုင်ငံသို့ ဆေးကုသမှု ခံယူရန် သြဂုတ်လ ၁၄ ရက်က သွားရောက် ခဲ့ကြောင်း သိရသည်။

'' ခွဲစိတ် ကုသမှု ရလဒ် ကောင်းတယ် ၊ လောလောဆယ် ခရီးကြမ်း သွားတာတွေ ၊ လှုပ်လှုပ်ရှားရှား လုပ်လို့ မရသေးတာ အတွက်ပါ ၊ မြန်မာပြည် ပြန်ရောက်ရင် လည်းသူ့အတွက် ကူညီမှုတွေ ပေးဦးမှာပါ ... '' ဟု ၄င်းက ပြောကြားခဲ့သည်။


ကိုဝင်းဇော်ဦး အား ခွဲစိတ် ကုသမှု အတွက် ကုန်ကျစရိတ် များကို အသည်း အထူးက ဆရာဝန်ကြီး ဦးခင်မောင်ဝင်း အပါအဝင် ကျန် စေတနာရှင် များ ဖြစ်သော ဦးဇော်ဇော်မှ ကျပ်သိန်း ၁ဝဝ ၊ KBZ ဘဏ်မှလည်း ထောက်ပံ့ကူညီ ခဲ့ကြောင်း ၊ ဆေးကုသမှု ခံယူပြီးပါက အလုပ်လုပ်ရန် အခက်အခဲများ ရှိသောကြောင့် ရာသက်ပန် လစဉ် ထောက်ပံ့မှုများ စီစဉ် ထားရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger