www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, September 22, 2013

တရုတ်လက်ဖက်အ၀င် များသောကြောင့် လက်ဖက်စိုက် တောင်သူများ အခက်ကြုံ


ရန်ကုန် ၊ ၂၂-၉-၂၀၁၃

မြန်မာနိုင်ငံ ပလောင် တိုင်းရင်းသား များ၏ အဓိက စီးပွားရေး ဖြစ်သော လက်ဖက် စိုက်ပျိုးခြင်း ၊ ထုတ်လုပ် ရောင်းချခြင်း များသည် အိမ်နီးချင်း တရုတ် နိုင်ငံမှ လက်ဖက်များ အဝင်များလာ သောကြောင့်  ပြည်တွင်း လက်ဖက် စိုက်ပျိုးသော တောင်သူများမှာ ဈေးကွက် ထိခိုက်လာပြီး အခက်အခဲများ နှင့် ကြုံတွေ့နေရကြောင်း ပလောင် တိုင်းရင်းသား များထံက သိရသည်။

တရုတ် လက်ဖက်ခြောက် များမှာ မည်သို့ ထုတ်လုပ် ထားသည်ကို မသိရ သော်လည်း အသုံးခံခြင်း နှင့် လက်ဖက်ရည် ဆိုင်များတွင် အသုံးများ လာခြင်း များကြောင့် ပြည်တွင်း စိုက်ပျိုး ထုတ်လုပ် သူများအား ထိခိုက် လာနေပြီ ဖြစ်ကြောင်း လက်ဖက်စိုက် တောင်သူများ က ပြောကြား ခဲ့သည်။ ယခင်နှင့် နှိုင်းယှဉ် ပါက လေးပုံသုံးပုံ ခန့် ကျဆင်းလာပြီး လက်ဖက်စိုက် တောင်သူများမှာ စီးပွားရေး ကျဆင်းမှုများ ရှိနေကြောင်း စုံစမ်း သိရှိရသည်။

ပလောင်ဒေသသည် လက်ဖက်ကို အဓိက စိုက်ပျိုးသော ဒေသဖြစ်ပြီး သားစဉ် မြေးဆက် လက်ဖက် စိုက်ပျိုးခြင်းဖြင့် အသက်မွေးမြူ ကြကြောင်း ၊ ပြည်တွင်း ဈေးကွက် ကမောက်ကမ ဖြစ်ခြင်းသည် လက်ဖက်စိုက် တောင်သူများ၏ လူမှုဘ၀ များကိုပါ ရိုက်ခတ် နေကြောင်း သိရသည်။ မြန်မာနိုင်ငံမှ ထုတ်လုပ်သော လက်ဖက်ခြောက် မှာ အစစ်အမှန် ဖြစ်သောကြောင့် လက်ဖက်ရည် ဆိုင်များတွင် နှစ်ရည်မှ သုံးရည်သာ အသုံး ခံကြောင်း သိရသည်။


အဆိုပါ တရုတ်နိုင်ငံ မှ တင်သွင်း လာသော လက်ဖက်ခြောက် များမှာ လက်ဖက်ရည်ဆိုင် များအကြိုက် ဖြစ်နေပြီး အဖန်ဓာတ် များသောကြောင့် ငါးရည် အထိပင် အသုံးခံ နေသောကြောင့် ပြည်တွင်း လက်ဖက်ရည်ဆိုင် များသို့ ဖြန့်ချိ နေသော လက်ဖက်ခြောက် ဈေးကွက်ကို ပိုမို ထိခိုက် နေရပြီး ဈေးကွက် ပျက်သည်အထိ ဖြစ်နေကြောင်း သိရှိရသည်။ (၄၄၉)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger