www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, September 11, 2013

မန္တလေးမြို့၌ ဆီးဂိမ်းတွင် လာရောက် ယှဉ်ပြိုင်မည့် နိုင်ငံတကာ ဘောလုံးအသင်းများ နှင့် မီဒီယာများ တည်းခိုရန် ဟိုတယ်များ စီစဉ်


ရန်ကုန် ၊ ၁၁-၉-၂၀၁၃

မန္တလေးမြို့တွင် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ၌ လာရောက် ယှဉ်ပြိုင်မည့် နိုင်ငံခြား ဘောလုံးအသင်း ၇ သင်းအတွက် ဟိုတယ် ၅ လုံး နှင့် မီဒီယာများ တည်းခိုရန် အတွက် ဟိုတယ် ၃ လုံး စီစဉ် ထားကြောင်း သိရသည်။

လာရောက် ယှဉ်ပြိုင်မည့် ဘောလုံး အသင်းသားများ တည်းခိုရန် အတွက် Mandalay Hill Resort Hotel, Hotel Mandalay, Hotel Queen, ဂရိတ်ဝေါလ် ၊ မင်းသားကြီး နှင့် ရွှေဖြူ ဟိုတယ် များ စီစဉ်ထားပြီး မီဒီယာ နှင့် အထူး ဖိတ်ကြား ထားသူများ အတွက် Sedona Hotel Mandalay, Pacific Hotel များကို စီစဉ် ထားကြောင်း သိရသည်။

ထို့အပြင် နိုင်ငံတကာ မှ လိုက်ပါ ကြည့်ရှုမည့် ၀ါသနာရှင် များနှင့် လေ့လာသူများ အတွက် ကိုလည်း ဟိုတယ် ၅ လုံး စီစဉ်ထားပြီး အရန် ဟိုတယ် ၆ လုံး ကိုလည်း စီစဉ် ထားကြောင်း ၊ ဟိုတယ် တစ်ခုစီတွင် အခန်း ၁၅ ခန်းနှုန်း စီစဉ်ထားကာ လာရောက် ကြည့်ရှု သူများ တည်းခိုမှု အခက်အခဲ မဖြစ်စေရန် ပြုလုပ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ဟိုတယ် နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန မှ သိရသည်။

လက်ရှိ အချိန်တွင် ဆီးဂိမ်း ပြိုင်ပွဲအတွက် ပြည်ပမှ လာရောက်ကြမည့် မီဒီယာများ နှင့် လေ့လာသူ များ တည်းခိုရန် အခန်းပေါင်း ၃၅၈ ခန်း ၊ အားပေးမည့် ပရိသတ်များ အတွက် အခန်းပေါင်း ၇၀၀ ကို ပြိုင်ပွဲ ကျင်းပမည့် ရန်ကုန်တိုင်း ဒေသကြီး ၊ မန္တလေးတိုင်း ဒေသကြီး ၊ နေပြည်တော် နှင့် ငွေဆောင် မှ ဟိုတယ်များတွင် စီစဉ် ထားကြောင်း ၊ ယင်းတည်းခိုရန် အခန်းများကို အွန်လိုင်း မှ တစ်ဆင့် ကြိုတင် မှာယူနိုင်ပြီး စက်တင်ဘာလ ၃၁ ရက် မတိုင်မီ စာရင်း ပေးသွင်းနိုင်ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန မှ သိရသည်။


ပြည်ပမှ လာရောက် ကြည့်ရှုကြမည့် ပရိသတ် များကို ပြိုင်ပွဲရက် များအတွင်း အဆင်ပြေစွာ တည်းခို နိုင်ရန် အတွက် သတ်မှတ် ထားသော အခန်းပေါင်း ၁၀၀၀ ကျော်ရှိပြီး အခန်းခများ အဖြစ် နေပြည်တော် တွင် အမေရိကန် ဒေါ်လာ ၇၀ ၊ ရန်ကုန်တွင် အမေရိကန် ဒေါ်လာ ၁၅၀ ၊ မန္တလေး နှင့် ငွေဆောင် တို့တွင် အမေရိကန် ဒေါ်လာ ၁၀၀ အဖြစ် သတ်မှတ် ထားရာ စာရင်း ပေးသွင်း ရမည့်ရက် ကျော်လွန် သွားပါက လျှော့ပေါ့ သတ်မှတ် ထားသော အခန်းခ နှုန်းဖြင့် တည်းခို နိုင်မည် မဟုတ်ကြောင်း ယခင် မူလ ဈေးနှုန်းဖြင့်သာ တည်းခို ရမည် ဖြစ်ကြောင်း သိရှိရသည်။(၄၅၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger