www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, September 12, 2013

ဧရာဝတီလင်းပိုင်များ မျိုးမသုန်းရေး ထိန်းသိမ်းရေး နယ်မြေ သတ်မှတ်မည်


ရန်ကုန် ၊ ၁၂-၉-၂၀၁၃

ဧရာဝတီမြစ် အတွင်းရှိ ဧရာဝတီ လင်းပိုင်များကို ထိန်းသိမ်းရေး လုပ်ငန်း များနှင့် ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး နယ်မြေများ သတ်မှတ် သွားမည် ဖြစ်ကြောင်း မွေးမြူရေး လုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက ပြောကြား ခဲ့ကြောင်း သိရသည်။

၂ဝ၁၂ ခုနှစ်မှ စတင်၍ ၂ဝ၁၇ ခုနှစ် အတွင်း ၅ နှစ်တာ ကာလ ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး ဆောင်ရွက်မည် ဖြစ်သည်။ မြန်မာနိုင်ငံ တွင် ခန့်မှန်းခြေ အားဖြင့် ဧရာဝတီ လင်းပိုင် အကောင်ရေမှာ အကောင်ရေ ၇၀ အောက် ရောက်ရှိ နေပြီ ဖြစ်ကြောင်း ၊ ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး နယ်မြေများ ကိုလည်း သတ်မှတ်သွားမည် ဖြစ်ကြောင်း ဒုတိယ ၀န်ကြီး ဦးခင်မောင်မောင်အေး က ဆက်လက် ပြောကြား ခဲ့သည်။

'' ဒီရေထဲက နို့တိုက် သတ္တဝါဖြစ်တဲ့ ဧရာဝတီ လင်းပိုင်က သံယောဇဉ် ဖြစ်စရာပါ ၊ သူတို့က လူစကား ကိုလည်း တော်တော် သိတယ် ၊ တော်တော်လည်း နားလည်တယ် ၊ အသိဉာဏ် မြင့်မားတယ် ၊ ကျွန်တော် ကိုယ်တိုင် လည်း ဧရာဝတီ လင်းပိုင်လေး တစ်ကောင်ကို ကယ်ထုတ် ခဲ့ဖူးတယ် ..." ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။ နိုင်ငံတကာ တွင်လည်း လင်းပိုင်များ ဖမ်းဆီးခြင်း နှင့် သတ်ဖြတ်ခြင်း လုပ်ငန်း များကို တင်းကျပ်စွာ တားမြစ်နေပြီး လင်းပိုင် ထိန်းသိမ်းရေး လုပ်ငန်း များကို အရှိန်အဟုန် မြှင့် အောင်ရွက် နေကြောင်း သိရသည်။

မြန်မာနိုင်ငံ တွင် ဧရာဝတီ လင်းပိုင် နည်းသူ ရေအောက် နို့တိုက် သတ္တ၀ါ ဖြစ်သည့် ရေ၀က် ကိုလည်း ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းများ နှင့် ထိန်းသိမ်းရေး နယ်မြေများ သတ်မှတ် သွားမည် ဖြစ်ကြောင်း သိရသည်။


" လင်းပိုင်တို့ ရေ၀က်တို့ ဆိုတာက ရေအောက် နို့တိုက် သတ္တ၀ါ တွေပါ ၊ ဒီ သတ္တ၀ါ တွေက လူနဲ့ အသိဉာဏ် တူတယ် ၊ အရမ်းယဉ်တယ် ၊ အသိဉာဏ် မြင့်တယ် ၊ လူကိုလည်း အန္တရာယ် မပြုဘူး ၊ ဒီသတ္တ၀ါ တွေက ရှားပါးလာပြီ ၊ ဒီသတ္တ၀ါ တွေကို ဖမ်းဆီးခြင်း နဲ့ သတ်ဖြတ်ခြင်း လုပ်ငန်း တွေ မလုပ်သင့်ဘူး  ..... " ဟု မွေးမြူရေး ပညာရှင် တစ်ဦးက သုံးသပ် ပြောကြား ခဲ့ကြောင်း သိရှိရသည်။ (ထက်နေ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger