ရန်ကုန် ၊ ၁၃-၉-၂၀၁၃
သတင်းစာ နှင့် ဂျာနယ် ထုတ်ဝေမည့် စီးပွားရေး
လုပ်ငန်းရှင်များ အတွက် သီးသန့် ဖွင့်လှစ် သင်ကြားမည့် Certificate in Journalism
& Publishing သင်တန်းကို ဖွင့်လှစ် သင်ကြားမည် ဖြစ်ကြောင်း သိရသည်။
ပုဂ္ဂလိက သတင်းစာ နှင့် ဂျာနယ် ထုတ်ဝေ
လုပ်ကိုင်သော စီးပွားရေး လုပ်ငန်းရှင် များအတွက် Certificate in Journalism &
Publishing သင်တန်းကို Capacity Development Institute of Myanmar ( TIPTOP ) မှ စက်တင်ဘာလ
၂၃ ရက်မှ ၃၀ ရက်အထိ ၈ ရက်ကြာ ရက်တို သင်တန်း ဖွင့်လှစ်မည် ဖြစ်ပြီး သင်တန်းချိန် များမှာ
နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဖြစ်သည်။
အဆိုပါ သင်တန်းတွင် သင်ကြား ပို့ချမည့်
ဘာသာရပ် များမှာ သတင်းစာ ပညာ အကြောင်း သိကောင်းစရာ ၊ သတင်းစာ တစ်စောင် အတွက် လိုအပ်သော
ဝန်ထမ်းများ အကြောင်း ၊ သတင်းစာ တစ်စောင် အတွက် ထုတ်လုပ်မှု ကုန်ကျစရိတ် တွက်ချက်ခြင်း
၊ ၀န်ထမ်း ခန့်အပ်ခြင်း နှင့် သင်တန်း ပို့ချခြင်း ၊ အွန်လိုင်း မီဒီယာ အကြောင်း တစေ့တစောင်း
၊ သတင်းစာ ဂျာနယ် ထုတ်လုပ် ဖြန့်ချိခြင်း နှင့် စီမံ ခန့်ခွဲခြင်း ၊ အထွေထွေ ဗဟုသုတ
စသည်တို့ကို သတင်းစာ ၊ ဂျာနယ် များမှ ထုတ်ဝေ သူများ ၊ တာဝန်ခံ အယ်ဒီတာများ ၊ သတင်း
အယ်ဒီတာ များမှ စာတွေ့ ၊ လက်တွေ့ ပို့ချ သင်ကြား ပေးသွားမည် ဖြစ်ကြောင်း နှင့် ယင်း
သင်တန်း တက်ရောက်မည့် သူများ အနေဖြင့် ဖုန်း ၀၉- ၅၁၆ ၂၀၆၂ သို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်း
သိရှိရသည်။ (အိချယ်ရီအောင်)
No comments:
Post a Comment