www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 19, 2013

မြန်မာနိုင်ငံ၌ နိုင်ငံခြားဘဏ် နှင့် ငွေရေးကြေးရေး ကုမ္ပဏီ ကိုယ်စားလှယ် ရုံးခွဲ လာရောက် ဖွင့်လှစ်မှု ၃၄ ခုအထိရှိလာ

ရန်ကုန် ၊ ၁၉-၈-၂၀၁၃

မြန်မာနိုင်ငံ အတွင်း နိုင်ငံခြားဘဏ် နှင့် ငွေရေးကြေးရေး ကုမ္ပဏီ ကိုယ်စားလှယ် ရုံးခွဲ လာရောက် ဖွင့်လှစ်မှု ၃၄ ခုအထိ ရှိလာကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ထုတ်ပြန်မှု စာရင်းများ အရ သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ် မှ ခွင့်ပြုချက် ရရှိသော နိုင်ငံခြားဘဏ် နှင့် ငွေရေးကြေးရေး ကုမ္ပဏီ ရုံးခွဲများ ထပ်မံ ဖွင့်လှစ်ရန် စိတ်ဝင်စား ကြသော နိုင်ငံခြားဘဏ် နှင့် ငွေရေးကြေးရေး ကုမ္ပဏီ များသည် စောင့်ကြည့် လေ့လာလျက် ရှိကြောင်း ၊ ထို့အပြင် တချို့ ကုမ္ပဏီ များသည် ကိုယ်စားလှယ် ရုံးခွဲများ လာရောက် ဖွင့်လှစ် နိုင်ခြင်း မရှိသော်လည်း ပြည်တွင်း ကုမ္ပဏီများ နှင့် ပူးပေါင်း လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။

လက်ရှိ ပုဂ္ဂလိက ဘဏ်လုပ်ငန်း ၂၂ ခုနှင့် ယင်းတို့၏ ဘဏ်ခွဲ ၅၈၁ ခု အစိုးရဘဏ်များ ဖြစ်ကြသော မြန်မာ့ စီးပွားရေးဘဏ် ၊ မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ၊ နိုင်ငံခြား ကုန်သွယ်မှုဘဏ် ၊ ရင်းနှီးမြှုပ်နှံမှု နှင့် ကူးသန်း ရောင်းဝယ်ရေးဘဏ် စသည့်ဘဏ် ၄ မျိုးသည် ဘဏ်ခွဲပေါင်း ၅၀၅ ခုအထိ ဖွင့်လှစ် လုပ်ကိုင်လျက် ရှိကြောင်း ၊ ၂၀၁၅ ခုနှစ်တွင် စတော့အိတ်ချိန်း ဈေးကွက် ပေါ်ပေါက် လာမည် ဖြစ်ရာ ယင်းအတွက် ပြည်ပမှ ဘဏ်များနှင့် ငွေရေးကြေးရေး ကုမ္ပဏီများ ၊ ကိုယ်စားလှယ် ရုံးခွဲများ လာရောက် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ခွင့်ပြုထားသည့် စာရင်းတွင် Standard Chartered Bank ၊ Sumitomo Mitsui Banking Corporation, The Bank of Tokyo Mitsu Bishi UFJ Ltd, AEON Credit Service Company, Export - Inport Bank of India, Siam Commercial Bank Public Company Ltd စသည့် နိုင်ငံတကာ ငွေကြေး လုပ်ငန်းများ ဖွင့်လှစ် လုပ်ကိုင်လျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger