www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 15, 2013

ရန်ကုန်မြို့ရှိ ၆ထပ် အဆောက်အအုံများ ဓာတ်လှေကားတပ်ဆင်ရမည်

ရန်ကုန် ၊ ၁၅-၈-၂၀၁၃

ရန်ကုန်မြို့တော် ၏ အနာဂတ် မြို့ပြစီမံကိန်း အရ အထပ်မြင့် ဆောက်လုပ်ရာတွင် အနည်းဆုံး ၆ ထပ် အဆောက်အအုံ တိုင်းတွင် ဓာတ်လှေကား တပ်ဆင် ရမည် ဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ က စည်းကမ်းချက် ထုတ်ပြန် ထားကြောင်း တာဝန်ရှိသူ တစ်ဦးထံက သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး တွင် မြို့နယ် အများစုရှိ မြေကွက် ပိုင်ရှင်များ အနေဖြင့် အဆောက်အအုံ များ တိုးတက် ဆောက်လုပ် ရာတွင် အထပ်မြင့်များ ကို အဓိကထား ဆောက်လုပ် လာကြပြီး အများစုမှာ အထပ်မြင့် အပြင် ရေကူးကန် ထည့်သွင်း တည်ဆောက်မှု နှင့် ပန်းဥယျာဉ် ထည့်သွင်း တည်ဆောက်မှု များကို ပြုလုပ် လာကြပြီး ထိုသို့ တည်ဆောက်မှု များကိုလည်း စည်းမျဉ်း စည်းကမ်း များနှင့် အညီ ဆောက်လုပ် ကြရန် ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ အဖွဲ့များက ကြပ်မတ် ဆောင်ရွက်မှုကို တိုးတက် လုပ်ဆောင် နေကြောင်း သိရသည်။ အထပ်မြင့် အဆောက်အအုံ များကို ဆောက်လုပ် ရာတွင် ၆ ထပ်အမြင့်ကို အနည်းဆုံး ဓာတ်လှေကား တပ်ဆင် ရမည်ဖြစ်ပြီး လိုင်စင် ရှိသော ကုမ္ပဏီများ နှင့် ဆောက်လုပ်ရန် ညွှန်ကြား ထားသည့်အပြင် မိမိသဘောဖြင့် ဆောက်လုပ်သော အဆောက်အအုံ များကို တိကျသော အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် စီစဉ် နေကြောင်းလည်း သိရသည်။


လူဦးရေ တိုးတက်မှု များပြားလာသော ရန်ကုန်မြို့ကြီးမှာ အနာဂတ် ကာလတွင် လူဦးရေ ၁၀ သန်းအထက် နေထိုင်သော မြို့ကြီး အဖြစ်သို့ ရောက်ရှိလာမည် ဖြစ်ကြောင်း နိုင်ငံတကာ သုတေသန အဖွဲ့ဖြစ်သော မက်ကင်ဆီ က ထုတ်ပြန် ထားသည်။ ထိုသို့ လူဦးရေ တိုးပွား လာသည်နှင့် အဆောက်အအုံ အမြင့်များ တိုးတက် ဆောက်လုပ်မှုမှာ ယနေ့ကာလ တွင်ပင် များပြား လာနေပြီး တိုးပွား လာသော လူဦးရေ၏ အဓိက လိုအပ်ချက် ဖြစ်သော သောက်သုံးရေ ၊ မိလ္လာစနစ် ၊ ရေနုတ်မြောင်း စနစ် ၊ အမှိုက်သိမ်း စနစ် ၊ ရေဆိုးစွန့် ပစ်သော စနစ်များ ကိုလည်း ဂျပန်နိုင်ငံ နှင့် ပူးပေါင်းပြီး အနှစ် ၄၀ စီမံကိန်း ချမှတ် လုပ်ဆောင် နေကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger