www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, August 14, 2013

ထိုင်းအစိုးရ နှင့် ထိုင်းတောင်ပိုင်း ခွဲထွက်ရေး သူပုန်အဖွဲ့တို့ ရက်ပိုင်းအတွင်း တွေ့ဆုံဆွေးနွေးမည်

ထိုင်းကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ
၁၄-၈-၂၀၁၃

ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ထိုင်းအစိုးရ ကိုယ်စားပြု အကြမ်းဖက် ကိုင်တွယ် ဖြေရှင်းရေး အဖွဲ့သည် ထိုင်းတောင်ပိုင်း ခွဲထွက်ရေး သူပုန်အဖွဲ့ ( BRN ) ၏ အစိုးရထံ တောင်းဆို ထားသည့် အချက် ၅ ချက်အား စဉ်းစား ဆုံးဖြတ်ရန် ယခု ရက်သတ္တပတ် အတွင်း တွေ့ဆုံ ဆွေးနွေး သွားမည် ဖြစ်ကြောင်း သြဂုတ်လ ၁၃ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်း တစ်ပုဒ်အရ သိရသည်။

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ဖြစ်ပွားနေသည့် ပြဿနာရပ် များအား ဖြေရှင်းရန် အတွက် မူဝါဒ နှင့် မဟာဗျူဟာ များ ချမှတ် အကောင် အထည်ဖော် ဆောင်ရွက်ရေး ဌာနသည် ခွဲထွက်ရေး အဖွဲ့၏ တောင်းဆိုချက် များနှင့် ပတ်သက်၍ ဖြစ်နိုင်ချေအား အစည်းအဝေး တွင် ဆုံးဖြတ် ပေးသွားမည် ဖြစ်ကြောင်း ထိုင်းကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ က သြဂုတ်လ ၁၂ ရက်တွင် ထုတ်ဖော် ပြောကြား ခဲ့သည်။

ခွဲထွက်သူပုန် ( BRN) အဖွဲ့၏ တောင်းဆိုချက် အချို့ကို ထိုင်းအစိုးရက လိုက်လျော ခဲ့ပါက ဆွေးနွေးပွဲများ ပိုမို ပြုလုပ်နိုင်ဖွယ် ရှိကြောင်း ၊ အဆက်မပြတ် ဗုံးခွဲ တိုက်ခိုက်မှု များသည် BRN အဖွဲ့၏ တောင်းဆိုချက်များ အပေါ် မြန်ဆန်စွာ စဉ်စား ဆုံးဖြတ်ရန် ထိုင်းတာဝန်ရှိသူ များအား ဖိအားပေးလျက် ရှိနေကြောင်း နှင့် BRN အဖွဲ့သည် ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ချိုးဖောက်သည့် လုပ်ရပ်များ လုပ်ဆောင်နေလျှင် တောင်းဆိုချက် အချို့နှင့် ပတ်သက်၍ တွေ့ဆုံ ဆွေးနွေးနိုင်မည် မဟုတ်ကြောင်း ပရာယုဒ် က ပြောကြား ခဲ့သည်။


ဗုံးခွဲ တိုက်ခိုက်မှုများ ရပ်တန့်ရေး အတွက် ထိုင်းအစိုးရအဖွဲ့ က ခွဲထွက်သူပုန် BRN အဖွဲ့အပေါ် ဖိအားပေး နိုင်မည် မဟုတ်သော်လည်း ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ ၏ ကူညီမှုဖြင့် ၄င်းတို့အား ဖိအားပေး နိုင်ကြောင်း ထိုင်းကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ က ထပ်လောင်း ပြောကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger