www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 15, 2013

၂၀၁၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်

ရန်ကုန် ၊ ၁၅-၈-၂၀၁၃

အောက်တိုဘာလ ၅ ရက်တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ ကို ကြိုဆို ဂုဏ်ပြုသော အားဖြင့် ၂၀၁၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဆရာ ဆရာမများ ဆောင်းပါး ပြိုင်ပွဲကို အဆင့်မြင့် ပညာအဆင့် ၊ အခြေခံ ပညာ အထက်တန်း ၊ အလယ်တန်း နှင့် မူလတန်း အဆင့်ဟူ၍ အဆင့် ၄ ဆင့်ခွဲကာ ကျင်းပမည် ဖြစ်သည်။

တက္ကသိုလ် ၊ ကောလိပ်များမှ ဆရာ ဆရာများနှင့် အငြိမ်းစား ဆရာ ဆရာမများသည် အဆင့်မြင့် ပညာအဆင့် တွင် လည်းကောင်း ၊ မြို့နယ် ပညာရေးမှူး နှင့် အထက်အဆင့်ရှိ အရာထမ်းများ အခြေခံ ပညာ အထက်တန်း ကျောင်းအုပ်ကြီး များနှင့် အထက်တန်းပြ များသည် အခြေခံ ပညာ အထက်တန်း အဆင့်တွင် လည်းကောင်း ၊ အခြေခံ ပညာ အလယ်တန်း ကျောင်းအုပ်များ နှင့် အလယ်တန်းပြ များသည် အခြေခံ ပညာ အလယ်တန်း အဆင့်တွင် လည်းကောင်း ၊ မူလတန်း ကျောင်းအုပ်များ နှင့် မူလတန်းပြ များသည် အခြေခံ ပညာ မူလတန်း အဆင့်တွင် လည်းကောင်း ပါဝင် ယှဉ်ပြိုင် နိုင်သည်။ ဆောင်းပါး ခေါင်းစဉ်မှာ " ပညာအရည်အသွေး မြင့်မားဖို့ ၊ ဆရာ့ အရည်အချင်း မြှင့်တင်စို့ " ဖြစ်ပြီး စာလုံးရေ ၃၀၀၀ မှ ၄၀၀၀ အတွင်း ရေးသားရန် ၊ စာမျက်နှာ တစ်ဖက်တည်းတွင် သာ ရေးသားရန် ၊ စာမျက်နှာ အမှတ်စဉ် တပ်ရန် နှင့် စာမူနှင့်အတူ ရေးသူအမည် ၊ ပညာ အရည်အချင်း ၊ ရာထူး နှင့် ကျောင်းလိပ်စာ ၊ အိမ်လိပ်စာ တို့ကို သီးခြား စာရွက်ဖြင့် ရေးသားပြီး ပူးတွဲ ဖော်ပြရမည်။


စာမူ ၂ စောင် ၊ ကိုယ်တိုင် ရေးသားကြောင်း ၀န်ခံချက် ၊ ကိုယ်ရေး အကျဉ်း နှင့် ရောင်စုံလိုင်စင် ဓာတ်ပုံ ( တစ်လက်မခွဲ x ၂ လက်မ ) ၃ ပုံတို့ကို စာအိတ်တွင် လုံခြုံစွာ ထည့်သွင်းပြီး ဒေါ်ခင်ဝေမြင့် ကျောင်းအုပ်ကြီး ၊ ရန်ကင်း ပညာရေး ကောလိပ် ၊ ရန်ကုန်မြို့ သို့ ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၃ ရက် နောက်ဆုံးထား ပေးပို့ရမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger