www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, August 6, 2013

မြန်မာနိုင်ငံသားများ ပြည်ပခရီးသွားမှုကို တရားဝင်ဝန်ဆောင်မှု ပေးနိုင်ရန် ခရီးသွားကုမ္ပဏီများ လုပ်ငန်းလိုင်စင် ချပေးသွားမည်


ရန်ကုန် ၊ ၆-၈-၂၀၁၃

မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းမှ မြန်မာနိုင်ငံ သားများ ပြည်ပ ခရီးသွား ရောက်မှုကို တရားဝင် ၀န်ဆောင်မှု ပေးနိုင်ရန် ခရီးသွား ကုမ္ပဏီများ လုပ်ငန်းလိုင်စင် ချပေးရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

အဆိုပါ ခရီးသွား လုပ်ငန်း ၀န်ဆောင်မှုအား Tourism Law အရ တရားဝင် ခွင့်ပြုချက်နှင့် စနစ်တကျ ဆောင်ရွက် သွားမည် ဖြစ်ပြီး လက်ရှိတွင် နိုင်ငံခြားသား များသာ သွားလာခွင့် ပေးထားကြောင်း နှင့် ပြည်တွင်းရှိ ပြည်သူများ အတွက် ခရီးသွားများ တရားဝင် ခွင့်ပေး ထားခြင်း မရှိကြောင်း မြန်မာနိုင်ငံ ဟိုတယ် နှင့် ခရီးသွား လုပ်ငန်း ၀န်ကြီးဌာန မှ သိရသည်။

" မြန်မာနိုင်ငံသား တွေက များသောအားဖြင့် ကျန်းမာရေး ကြောင့် ဆေးကုသမှု ခံယူတာ ၊ ဆေးစစ်တာ နဲ့ အလည်အပတ် ၊ ဘုရားဖူး လောက်ပဲ သွားတာ ၊ အရင်ကဆို ဒီလို ခရီးစဉ်မျိုး ပို့ဆောင်တာကို ဥပဒေအရ ခွင့်မပြုဘူး ၊ အခု ခရီးစဉ်တွေ အားလုံးကို ၀န်ဆောင်မှု ပေးနိုင်အောင် လုပ်ငန်း လိုင်စင်တွေေ ချပေးဖို့ ဆွေးနွေး နေကြပါပြီ ..... " ဟုယင်း ၀န်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။


မြန်မာနိုင်ငံတွင် ပြည်တွင်း ခရီးသွား နှင့် ပြည်ပခရီးသွား လုပ်ငန်းများ ဆောင်ရွက်သော ကုမ္ပဏီပေါင်း ၁၀၀၀ ကျော်မှ နိုင်ငံခြား ခရီးသွား ၀န်ဆောင်မှု လုပ်ငန်းများ လုပ်ဆောင်လျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger