www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, August 28, 2013

ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ် ပညာရေးဘွဲ့ (၅)နှစ်သင်တန်း အမှတ်စဉ်(၂) ဝင်ခွင့်စာမေးပွဲ ဖြေဆိုပွဲကျင်းပ


လွိုင်ကော် ၊ ၂၇-၈-၂ဝ၁၃

ကယာပြည်နယ် ၊ လွိုင်ကော်မြို့ ၊ အမှတ်(၂) အခြေခံ ပညာ အထက်တန်း ကျောင်းတွင် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ် ပညာရေးဘွဲ့ (၅)နှစ်သင်တန်း အမှတ်စဉ်(၂) ဝင်ခွင့် စာမေးပွဲ ဖြေဆိုခြင်း အား  သြဂုတ်လ ၂၆ ရက်နေ့ နံနက် ၉ နာရီ အချိန်တွင်  ကျင်းပ ခဲ့ကြောင်း သိရသည်။


အဆိုပါ စာမေးပွဲသို့ ဖြေဆိုခွင့် ရရှိသူ (၂၄၅) ဦး ဖြေဆိုခဲ့ပြီး ပညာရေး ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးများ ၊ လက်ထောက် ညွှန်ကြားရေးမှူး များ ၊ လွိုင်ကော် မြို့နယ် ပညာရေးမှူး ၊ အထက်တန်း ကျောင်းအုပ်ကြီး / ဆရာမကြီးများ ၊ လွိုင်ကော် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်ကြည်ဝင်း ၊ နည်းပညာ တက္ကသိုလ်မှ ကျောင်းအုပ်ကြီး ဒေါက်တာ ဇော်ဝင်းအောင် ၊ ပြည်နယ် စည်ပင် သာယာရေး ညွှန်ကြားရေးမှူး ဦးမျိုးနိုင်အောင် ၊ ပြည်နယ် နယ်စပ်ဒေသ ဖွံ့ဖြိုးမှု ကြီးကြပ်ရေး ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းကျော်သွင် နှင့် ကွန်ပျူတာ တက္ကသိုလ် ကျောင်းအုပ်ကြီး ဒေါက်တာ ငြိမ့်ငြိမ့်မြတ် တို့မှ အနီးကပ် ကြီးကြပ်၍ ၊ လူတွေ့ နှုတ်ဖြေ စစ်ဆေး ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger