www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, March 10, 2013

မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ခေါင်းဆောင်သော အားကစားအဖွဲ့ ထိုင်းနိုင်ငံသို့ထွက်ခွာ



ရန်ကုန် ၊ ၁၀-၃-၂၀၁၃

၂၀၁၃ ခုနှစ် ၊ မတ်လ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ တွင် ကျင်းပ ပြုလုပ်မည့် ပထမအကြိမ် ကမ္ဘာ့အဆင့် သတ်မှတ်ရေး အာရှပတ်လည် မြားပစ် ပြိုင်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်ရန် နှင့် မတ်လ ၁၀ ရက်နေ့၌ ကျင်းပ ပြုလုပ်မည့် အာရှ မြားပစ်အဖွဲ့ချုပ် ကောင်စီ အစည်းအဝေး သို့ တက်ရောက်ရန် မြန်မာနိုင်ငံ မြားပစ် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ ဖြိုးကိုကို တင့်ဆန်း ခေါင်းဆောင်၍ အားကစား ၀န်ကြီးဌာန ၊ ညွှန်ကြားရေးမှူး ဦးကျော်ဦး (ဒုတိယ အဖွဲ့ ခေါင်းဆောင်) ၊ အားကစား နှင့် ကာယပညာ ဦးစီးဌာန မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးရဲမြင့်ထွန်း (အုပ်ချုပ်သူ) ၊ Mr. Lee Sang Bong ( နည်းပြချုပ် ၊ ကိုရီးယား မြားပစ် နည်းပြ) ၊ ပြည်ထဲရေး ၀န်ကြီးဌာန မှ ရဲအုပ် မြတ်သူဇာမြင့် (နည်းပြ) ၊ အားကစား ၀န်ကြီးဌာန မှ နည်းပြ အရာရှိ ရဲမင်းဆွေ (နည်းပြ) နှင့် အားကစား သမားများ ဖြစ်ကြသော သင်းသင်းခိုင် ၊ စန်းယုထွေး ၊ သဇင်အောင် ၊ အောင်ငှိမ်း ၊ ဟောစိမ်းယ နှင့် အေးအေးအောင် တို့ ပါဝင်သော အဖွဲ့ဝင် (၁၂)ဦးသည် ယမန်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ ထွက်ခွာ သွားကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger