www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 21, 2013

UK စာရင်းကိုင် စာမေးပွဲ အင်္ဂလိပ်စာ အခမဲ့ စစ်ဆေးပေးမည်



ရန်ကုန် ၊ ၂၁-၁-၂၀၁၃

ဗြိတိန်နိုင်ငံ အသိအမှတ်ပြု LCCI စာမေးပွဲ အတွက် လိုအပ်သည့် အင်္ဂလိပ်စာ စာမေးပွဲကို Hawaii Education က ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နှင့် ၁၀ ရက်နေ့ တို့တွင် အခမဲ့ စစ်ဆေး ပေးမည် ဖြစ်ကြောင်း သိရသည်။

၂ နာရီကြာ စစ်ဆေးမည့် အဆိုပါ စာမေးပွဲ အောင်မြင်မှုကို Grade A, B နှင့် C ဟု သတ်မှတ်ကာ ၁၀၀ ရာခိုင်နှုန်း စကောလားရှစ် ၊ ၅၀ ရာခိုင်နှုန်း နှင့် ၂၅ ရာခိုင်နှုန်း ဟူ၍ အဆင့်လိုက် ပေးအပ် သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အခမဲ့ အရည်အချင်း စစ်စာမေးပွဲကို ဖြေဆိုလိုသူများ အနေဖြင့် Hawaii Education ၊ အမှတ်(၁၉၂) ၊ ပထမထပ် ၊ ၂၈ လမ်း (အထက်) ၊ ပန်းဘဲတန်း မြို့နယ် ၊ ရန်ကုန်မြို့ ၊ ဖုန်း ၀၁- ၂၄၈၂၁၁ သို့ ဆက်သွယ် မေးမြန်း နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger