www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 22, 2013

KIA လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူများ ကျောက်မျက်ကုမ္ပဏီတစ်ခုအား အကြမ်းဖက် တိုက်ခိုက်



နေပြည်တော် ၊ ၂၁-၁-၂၀၁၃

ကချင်ပြည်နယ်အတွင်း အကြမ်းဖက် လုပ်ငန်းများ အဆက်မပြတ် ဆောင်ရွက်လျက် ရှိသည့် KIA လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့သည် စစ်ရေးနှင့် မသက်ဆိုင်သည့် နေရာများအား အကြမ်းဖက် တိုက်ခိုက်လျက် ရှိရာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက် ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ဖားကန့်မြို့နယ် ၊ မရှီကထောင် ရပ်ကွက်ရှိ ဝေအောင်ကမ္ဘာ ကုမ္ပဏီ အုပ်ချုပ်ရေး ရုံးခန်းသို့ KIA ၇ ဦးခန့် ရောက်ရှိလာပြီး ကုမ္ပဏီ ၀န်ထမ်း အိပ်ဆောင်အား ဓာတ်ဆီလောင်း မီးရှို့ကာ ကုမ္ပဏီပိုင် ပါဂျဲရို ကားတစ်စီးအား လက်ပစ်ဗုံးဖြင့် ဖောက်ခွဲ တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

 


KIA ၏ အကြမ်းဖက် တိုက်ခိုက်ခံ ရမှုကြောင့် အရှည် ၁၀၀ ပေ ရှိ ၂ ထပ် ၀န်ထမ်း အိပ်ဆောင် မီးလောင် ပျက်စီးခဲ့သည်။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၈ ရက်နေ့ ရက်စွဲဖြင့် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် သတင်း ထုတ်ပြန်ရေး အဖွဲ့မှ သတင်း ထုတ်ပြန်ချက် (၃/၂၀၁၃) ထုတ်ပြန်ပြီး KIA အဖွဲ့ အနေဖြင့် စစ်ရေးနှင့် မသက်ဆိုင်သည့် ပစ်မှတ်များအား တတိယ အကြိမ်မြောက် တိုက်ခိုက်ခြင်း ဖြစ်သည်။ KIA အဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဒေသတည်ငြိမ်ရေး နှင့် တရားဥပဒေ စိုးမိုးရေးကို များစွာ ထိခိုက်မှု ဖြစ်ပေါ်စေမှု အပေါ် ဒေသခံ ပြည်သူများမှ များစွာ စိတ်ပျက်လျက် ရှိကြောင်း နှင့် KIA လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့အား အပြင်းအထန် ပြစ်တင် ရှုတ်ချလျက် ရှိကြောင်း သိရှိရသည်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger