www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 21, 2013

တိုင်းရင်းဆေးပညာဖြင့် လူထုအခြေပြု ကွင်းဆင်းဆေးကုသ



မန္တလေး ၊ ၂၁-၁-၂၀၁၃

ကျန်းမာရေး ၀န်ကြီးဌာန ၊ တိုင်းရင်းဆေး ပညာ ဦးစီးဌာန အစီအစဉ်ဖြင့် အောင်မြေသာစံ မြို့နယ် ၊ တိုင်းရင်းဆေး ကုဌာန နှင့် မြို့နယ် တိုင်းရင်းဆေး ဆရာများ အသင်းတို့ ပူးပေါင်း၍ တိုင်းရင်းဆေး ပညာဖြင့် လူထု အခြေပြု ကွင်းဆင်း ဆေးကုသခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှ စတင်၍ မန္တလေးမြို့ ၊ အောင်မြေသာစံ မြို့နယ် ၊ ၆၃ လမ်း နှင့် ၂၁လမ်းထောင့်ရှိ ဒေါ်ခဓမ္မာရုံ၌ ပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်း ဆေးကုသရာသို့ ခရိုင် တိုင်းရင်းဆေးမှူး ဒေါ်သန်းဦး ၊ မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်သန်းသန်းအေး နှင့် အဖွဲ့ဝင်များ ၊ မြို့နယ် တိုင်းရင်းဆေး ဆရာများ အသင်း ဥက္ကဋ္ဌ ဦးပြည်စိန် နှင့် အဖွဲ့ဝင်များ ၊ တိုင်းရင်းဆေး တက္ကသိုလ် အလုပ်သင် ဆရာမများနှင့် အသင်းဝင် ဆရာ ၊ ဆရာမများက ရပ်ကွက်နေ ပြည်သူ ၁၅၀ ဦးခန့်အား အခမဲ့ ကွင်းဆင်း ဆေးကုသ ပေးခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger