www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 13, 2012

The Bangkok International Fashion Fair & Bangkok International Leather Fair 2013 တွင် ပါဝင် ပြသရန် မြန်မာနိုင်ငံအား ဖိတ်ခေါ်




ရန်ကုန် ၊ ၁၃-၁၁-၂၀၁၂

ထိုင်းနိုင်ငံ ၊ ဘန်ကောက် မြို့တွင် ၂၀၁၃ ခုနှစ် ၊ မတ်လ ၁၃ ရက်မှ ၁၇ ရက်ထိ ကျင်းပ ပြုလုပ်မည့် The Bangkok International Fashion Fair & Bangkok International Leather Fair 2013 တွင် မြန်မာနိုင်ငံမှ ပါဝင် တက်ရောက်ရန် ထိုင်းနိုင်ငံ ၊ ဘန်ကောက် မြို့ရှိ မြန်မာသံရုံးမှ တစ်ဆင့် ဖိတ်ကြား အကြောင်းကြား လာကြောင်း သိရသည်။

အဆိုပါ ပြပွဲတွင် Causal Wear, Formal / Business Wear / Childern Wear တို့ အပါအ၀င် ဖက်ရှင်နှင့် အထည်အလိပ် ဆိုင်ရာ ပစ္စည်းများ ၊ စက်ကိရိယာ များပါဝင် ကြမည်ဖြစ်ပြီး အာဆီယံ နှင့် အာရှတို့မှ လာရောက် ပြသလိုသူ များအတွက် ၅၀ ရာခိုင်နှုန်း လျော့ပေးမည် ဖြစ်ကြောင်း ယင်းပြပွဲတွင် အနည်း ဆုံး ပြခန်း (၅)ခန်း လျှောက်ထားရမည် ဖြစ်ကြောင်းလည်း ဖော်ပြ ပါရှိသည်။

သို့ဖြစ်ပါ၍ The Bangkok International Fashion Fair & Bangkok International Leather Fair 2013 သို့ သွားရောက် ပြသလို သူများ အနေဖြင့် ပြသမည့် ကုမ္ပဏီ အမည် ၊ ပြသမည့် ပစ္စည်း စာရင်း ၊ (Invoice) တို့ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှု လက်မှု လုပ်ငန်းရှင် များအသင်းချုပ် ( UMFCCI ) သို့ ပေးပို့ သွားရမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger