www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 14, 2012

ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းစေရန် Free Car Parking ပြုလုပ်ပေးမည်



ရန်ကုန် ၊ ၁၄-၁၁-၂၀၁၂

ရန်ကုန်မြို့ အတွင်း ယာဉ်ကြော ပိတ်ဆို့မှု လျော့နည်း စေရန်နှင့် ကားပါကင် ပြဿနာများ အဆင်ပြေ စေရန် ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီက Free Car Parking ပြုလုပ် ပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ Free Car Parking ပြုလုပ်မည့် နေရာများမှာ ပုဇွန်တောင် မြို့နယ် ၊ ဗိုလ်တထောင် ဘုရားလမ်း (အနော်ရထာ လမ်းနှင့် မဟာ ဗန္ဓုလ လမ်းကြား) ၊ ပုဇွန်တောင် မြို့နယ် ရေကျော် လိပ်ကန်လမ်း (ရွှေဘုန်းပွင့် ဘုရား အနီး) အထက် ပုဇွန်တောင် လမ်းမကြီး (အေးတံတားထိပ် နှင့် ဗိုလ်ချုပ် အောင်ဆန်း မီးပွိုင့် အထိ ) ၊ ဗိုလ်ချုပ် အောင်ဆန်းလမ်း (သိမ်ဖြူလမ်း နှင့် ဗိုလ်တထောင် ဘုရားလမ်းကြား) ၊ အနော်ရထာလမ်း (ဗိုလ်မြတ်ထွန်း လမ်းနှင့် သိမ်ဖြူလမ်းကြား) ၊ ကြည့်မြင်တိုင် မြို့နယ် အထက် ကြည့်မြင်တိုင် လမ်း ( ဗားကရာလမ်း နှင့် ဟံသာဝတီ လမ်းအထိ) တို့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

တည်ဆောက် ပြီးစီးသဖြင့် ကုန်တင် ယာဉ်ကြီးများ သွားလာနိုင်သော ကွန်ကရစ် လေးလမ်းသွား နှင့် လက်ရှိ ကမ်းနားလမ်းကြား မြေကွက်တွင်လည်း Free Car Parking များ ရပ်နားနိုင်ရန် ပြုလုပ် ပေးလျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger