www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 12, 2012

မြန်မာနိုင်ငံ၏ ပထမဆုံး ပုဂ္ဂလိကပိုင် လေယာဉ်မောင်း အကယ်ဒမီ သင်တန်းကျောင်း ဖွင့်လှစ်မည်



ရန်ကုန် ၊ ၁၂-၁၁-၂၀၁၂

မြန်မာနိုင်ငံ၏ ပထမဆုံး ပုဂ္ဂလိကပိုင် လေယာဉ်မောင်း အကယ်ဒမီ သင်တန်းကျောင်း ( Myanmar Avicition Academy ) ကို ပုသိမ် လေဆိပ်တွင် ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လေယာဉ်မောင်း သင်တန်းကျောင်းကို ထူးကုမ္ပဏီမှ ၂၀၁၃ ခုနှစ် မတ်လတွင် ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သိရသည်။ သင်တန်းကျောင်းကို မလေးရှား နိုင်ငံ လေယာဉ်မောင်း သင်တန်းများတွင် သင်ကြား ပေးလျက်ရှိသည့် မြန်မာ နိုင်ငံသား ပညာရှင်များ နှင့် နိုင်ငံတကာမှ ကျွမ်းကျင် ပညာရှင်များက သင်ကြား ပေးသွားမည် ဖြစ်ကြောင်း ၊ သင်တန်းမှာ ၂ နှစ်ကြာမြင့်မည် ဖြစ်ပြီး သင်တန်း တစ်ခုတွင် ကျောင်းသား ၂၀ ဦး လက်ခံ သင်ကြား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

တစ်နှစ်လျှင် ၂ ကြိမ် ခေါ်ယူ သွားမည် ဖြစ်ပြီး တက္ကသိုလ် ၀င်တန်း အောင်မြင်ပြီး သူများ ၊ GCG O' Level အဆင့် အရည်အချင်း ကိုက်ညီသူများကို လက်ခံ သွားမည် ဖြစ်ကြောင်း သိရသည်။ သင်တန်း ကျောင်းတွင် နိုင်ငံတကာ အသိအမှတ်ပြု Private Pilot Licence Course , Commercial Pilot Licence with Instrument Rating Course နှင့် Airline Transport Pilot Licence Course ( PTPL- Frozen ) သင်တန်းများ ဖွင့်လှစ် သင်ကြား ပေးမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger