www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 6, 2012

လှိုင်သာယာ နှင့် ပန်းဆိုးတန်း ဆိပ်ကမ်းသို့ ခရီးသည်တင် ကူးတို့ ပြေးဆွဲမည်




ရန်ကုန် ၊ ၆-၁၁-၂၀၁၂

ယာဉ်ကြော ပိတ်ဆို့မှု များသည် တစ်နေ့ထက် တစ်နေ့ ပိုမို ဆိုးရွား လာသဖြင့် မြို့ပြ၏ အစွန်အဖျားတွင် နေထိုင်ကြသော ခရီးသွား ပြည်သူများသည် ရုံးတက် ၊ ရုံးဆင်း သွားလာကြရာ၌ ယခင်ကထက် အချိန်ပိုပေး နေကြရသည်။ ၂.၃ သန်း ခန့်ရှိသော ပြည်သူများသည် ရန်ကုန် မြို့တော်ကြီး၌ သွားလာ လှုပ်ရှား နေကြကြောင်း ရန်ကုန်တိုင်း ဒေသကြီး လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီးက ပြောကြားကြောင်း သိရသည်။

ရန်ကုန်မြို့၏ အစွန်အဖျားတွင် နေထိုင်သော အများပြည်သူများ သွားရေး လာရေး အဆင်ပြေ ချောမွေ့စေရန် ပို့ဆောင်ရေး ၀န်ကြီးဌာန ၊ ပြည်ထောင်စု ၀န်ကြီး၏ လမ်းညွှန်မှုဖြင့် ပြည်တွင်း ရေကြောင်းက လှိုင်သာယာ (အက်ဖ်အမ်အိုင်) မှ ပန်းဆိုတန်း ဆိပ်ကမ်းသို့ ကူးတို့ ဖယ်ရီ ပြေးဆွဲပေးမည် ဖြစ်ကြောင်း သိရသည်။ ကူးတို့ ပြေးဆွဲမည့် လမ်းကြောင်းအား တာဝန်ရှိ သူများမှ ကွင်းဆင်း ကြည့်ရှုပြီး ဖြစ်ကာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြ ထားကြောင်း သိရသည်။ ပြည်တွင်း ရေကြောင်းမှ ပြေးဆွဲနေသော ကူးတို့ ၅ ခုရှိပြီး ယခု ပြေးဆွဲမည့် လှိုင်သာယာ - ပန်းဆိုးတန်း ကူးတို့မှာ ၆ ခုမြောက် ကူးတို့ ဖြစ်ကာ လှိုင်မြစ်၏ တစ်ဘက်ခြမ်း လှိုင်သာယာ တွင်ရှိသော ခရီးသွား ပြည်သူများ အတွက် သွားလာမှု လွယ်ကူ သက်သာ စေမည့် အဓိကကျသော ကူးတို့ ဖယ်ရီ ဖြစ်လာနိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger