www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 9, 2012

မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ် နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရ




ရန်ကုန် ၊ ၉-၁၀-၂၀၁၂

မြန်မာ့ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ် အား ယခုလမှ စတင်၍ နိုင်ငံခြားဘဏ် လုပ်ငန်း လုပ်ကိုင်ခွင့် ပြုလိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သိရသည်။

၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ ပုဂ္ဂလိကဘဏ် များအား နိုင်ငံခြားဘဏ် လုပ်ငန်း လုပ်ကိုင်ခွင့် ပြုလျက်ရှိရာ ကမ္ဘောဇဘဏ် ၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် ၊ သမ၀ါယမဘဏ် ၊ ဧရာဝတီဘဏ် ၊ မြန်မာ့ရှေ့ဆောင်ဘဏ် ၊ ယူနိုက်တက် အမရဘဏ် ၊ ထွန်းဖောင်ဒေးရှင်းဘဏ် အပါအ၀င် ပုဂ္ဂလိကဘဏ် များအား လုပ်ကိုင်ခွင့် ပြုခဲ့ပြီး ဖြစ်ကြောင်း သိရသည်။



မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ် အနေဖြင့် ပို့ကုန်လုပ်ငန်းရှင် များအနေဖြင့် ပို့ကုန်လုပ်ငန်းရှင် များအတွက် နိုင်ငံခြား ငွေကြေးဆိုင်ရာ လုပ်ငန်းများ ( Foreign Current Deposit Account ) အား စတင် ၀န်ဆောင်မှု ပေးနိုင်ပြီ ဖြစ်သည်။

မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ် အား ၁၉၉၆ ခုက စတင်တည်ထောင် ခဲ့ပြီး လက်ရှိကာလတွင် ဘဏ်ခွဲပေါင်း ၆၀ ဖွင့်လှစ်ထားရှိကာ Foreign Current Deposit Account ဖွင့်လှစ်ခြင်းကို မန္တလေးမြို့တွင် ၀န်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger