www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, October 13, 2012

စီးပွားရေးကြော်ငြာဆိုင်းဘုတ် ခွင့်ပြုမဲ့ စိုက်ထူမှု ကျပ်တစ်သိန်း ဒဏ်ရိုက်အရေးယူ




ရန်ကုန် ၊ ၁၃-၁၀-၂၀၁၂

လှိုင်မြို့နယ် ၊ ပြည်လမ်းရှိ (ပျိုးဥယျာဉ်) အနီး လူသွားစင်္ကြီ ၊ စည်ပင်သာယာ မြေပေါ်တွင် ၄၅x၁၅ ပေရှိ စီးပွားရေး ကြော်ငြာ ဆိုင်းဘုတ် Bill Board အား သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက် ရယူခြင်း မရှိဘဲ (ခွင့်ပြုမဲ့) စိုက်ထူခဲ့သဖြင့် ရန်ကုန်မြို့တော် စည်ပင်ယာသာရေး ကော်မတီ တည်ဆဲ ဥပဒေနှင့်အညီ တရားစွဲဆိုခဲ့ရာ လှိုင်မြို့နယ် စည်ပင်သာယာ တရားရေး အဖွဲ့က အဆိုပါ Bill Board ပိုင်ရှင်အား ဒဏ်ငွေ ကျပ်တစ်သိန်း ဒဏ်ရိုက် အရေးယူခဲ့ကြောင်း သက်ဆိုင်ရာ ဌာနမှ သိရသည်။

မြိုကတော် သာယာလှပရေး အတွက် စီးပွားရေး ကြော်ငြာဆိုင်းဘုတ်များ စိုက်ထူရာတွင် မြို့ပြလမ်းများ ၊ လမ်းလယ်ကျွန်း များနှင့် အ၀ိုင်းများရှိ ပတ်ဝန်းကျင်တွင် မြင်ကွင်း လှပတင့်တယ် စေရန် မူလဆိုင်းဘုတ် များအား စက်တင်ဘာ ၁ ရက်မှ စတင်ဖြုတ်သိမ်းရန် ကြေညာထားခဲ့ပြီး ပိုင်ရှင်ကိုယ်တိုင် မဖြုတ်သိမ်းဘဲ ကျန်ရှိသော ဆိုင်းဘုတ်များကို မြို့တော် စည်ပင် အစီအစဉ်ဖြင့် ဖြုတ်သိမ်းခဲ့ရာ ဓာတ်တိုင် ကြော်ကြာ ၄၉၅ ခု ၊ ကြော်ငြာ ဆိုင်းဘုတ် Bill board ၄၀၁ ခုအထိ ဖြုတ်သိမ်းပြီး ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger