ဒုတိယကမ္ဘာစစ်က တွင်တွင်ကျယ်ကျယ်
အသုံးပြုခဲ့သော ဗြိတိန် Spitfire plan
ရန်ကုန် ၊ ၃၀-၁၀-၂၀၁၂
ဒုတိယကမ္ဘာစစ် အတွင်းက မြန်မာနိုင်ငံတွင်
မြှုပ်နှံထားခဲ့သည့် တိုက်လေယာဉ် များကို ဗြိတိန် နိုင်ငံက ၂ နှစ်အတွင်း ရှာဖွေသွားမည်
ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
မြှုပ်နှံထားသည့် တိုက်လေယာဉ် များမှာ
ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် အနီးဝန်းကျင်တွင် မြှုပ်နှံထားကြောင်း ၊ အဆိုပါ တိုက်လေယာဉ်
များရှာဖွေ ခဲ့သည်မှာ ယခုအကြိမ် နှင့်ဆိုလျှင် ၃ ကြိမ် ရှိပြီ ဖြစ်ကြောင်း ၊ ၂၀၀၀ ပြည့်နှစ်က
အစ္စရေး ကုမ္ပဏီက ရှာဖွေခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် စင်ကာပူ အခြေစိုက် ကုမ္ပဏီ အဖွဲ့တို့က
ရှာဖွေခဲ့ရာ အောင်မြင်မှု မရှိခဲ့ကြောင်း သိရသည်။
အဆိုပါ လေယာဉ်များမှာ အသုံးမပြုရသေးသော
လေယာဉ်များ ဖြစ်ပြီး ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်အနီးရှိ တောင်စောင်းတွင် မြှုပ်နှံထားကြောင်း
၊ အကယ်၍ ရှာဖွေ တွေ့ရှိပါက တိုက်လေယာဉ် တစ်စီးကို နိုင်ငံတော် အစိုးရအား ပေးရမည် ဖြစ်ပြီး
ကျန်တွေ့ရှိချက်များ အပေါ် မူတည်၍ ဆောင်ရွက်သော ကုမ္ပဏီ ၂ခုက ၅၀ ရာခိုင်နှုန်းစီ အချိုးကျ
ရရှိမည် ဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment