မြိတ် ၊ ၂၇-၁၀-၂၀၁၂
မြိတ်ခရိုင် ၊ မီးသတ် ဦးစီးဌာနမှ ကြီးမှူး၍
မီးဘေး ကြိုတင် ကာကွယ်ရေး မီးငြိမ်းသတ် ဇာတ်တိုက် လေ့ကျင့်ခြင်းကို ဆိပ်ငယ်ဈေးကြီး
တွင် ဆောင်ရွက်ခဲ့ရာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ၊ မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး နှင့်
ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ လူမှုရေး အသင်းအဖွဲ့ များနှင့် ဈေးသူ ဈေးသားများ တက်ရောက်ကြောင်း
သိရသည်။
အဆိုပါ မီးဘေးကြိုတင် ကာကွယ်ရေး မီးငြိမ်းသတ်
ဇာတ်တိုက် လေ့ကျင့်ခြင်းကို မြိတ်ခရိုင် မီးသတ် ဦးစီးဌာနမှ သန္ဓေ တပ်ဖွဲ့ဝင် ၁၂ ဦး
၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၁၂၅ ဦး တို့က မီးသတ်ယာဉ် ၁၄ စီးဖြင့် မီးငြိမ်းသတ် ဇာတ်တိုက်
လေ့ကျင့်ခဲ့ ကြသည်။
မီးငြိမ်းသတ် ဇာတ်တိုက် လေ့ကျင့်မှု
အပြီးတွင် ဈေးတာဝန်ခံရုံး၌ မီးငြိမ်းသတ် ဇာတ်တိုက် လေ့ကျင့်ခြင်းနှင့် ပတ်သက်၍ အားနည်းချက်
၊ အားသာချက် များကို သက်ဆိုင်ရာ အဖွဲ့အစည်း များ ဆွေးနွေးခဲ့ ကြကြောင်း သိရှိရသည်။
No comments:
Post a Comment