www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label ဆေးဝါးသုတ. Show all posts
Showing posts with label ဆေးဝါးသုတ. Show all posts

Sunday, April 23, 2017

A pint of strawberries a day could stave off breast cancer, study finds



Scientists used an extract from the Alba strawberry to feed female mice with breast cancer tumors, as well as lab-grown cancer cells. They found tumors stopped growing or shrank.

• A study on mice with breast cancer tumors showed an improved condition when they
were fed a concentrate of strawberries
• After five weeks on a strawberry-boosted diet, the mice showed no sign of progressing
cancer spread - and in many, their tumors even shrank
• It builds on previous studies showing how strawberries boost artery health

Eating just 15 strawberries a day protected mice from aggressive breast cancer in a new medical study.

Scientists used an extract from the Alba strawberry to feed female mice with breast cancer tumors, as well as lab-grown cancer cells. 

In total, the strawberries made up 15 percent of the mice's diet. That is just shy of the recommended daily amount of fruit we should eat each day, and would be equivalent to a punnet of strawberries.

After five weeks on a strawberryboosted diet, the mice showed no sign of progressing cancer spread - and in many, their tumors even shrank.

Dr Maurizio Battino, from the Marche Polytechnic University in Italy, said: 'We saw a significant reduction in the weight and volume of the tumor.'

The cancer cells used in the experiments were from a highly aggressive and invasive strain.

However, the researchers stressed that results from animal tests do not necessarily mean the same effects will be seen in humans.

Previous studies have already shown that eating between 10 and 15 strawberries a day can make arteries healthier by reducing blood cholesterol levels.

Phenolic plant compounds in the fruits are thought to be responsible for the beneficial effects.

Breast cancer cell line studies showed that strawberry extract blocked biological processes involved in tumour growth and spread. 

The activity of several genes playing a role in metastasis, or cancer spread, were reduced. 

At the same time, one gene believed to suppress the spread of breast cancer, Htatip2, became more active.

DrBattino said: 'The majority of diseases, including cancer, are complex, and involve complex interactions between cellular and molecular systems that determine the development of the disease.

'These results are without a doubt valid for understanding potential effects of strawberries on breast cancer and the molecular mechanisms involved, but they must be complemented with clinical and epidemiological studies to verify whether humans experience the same positive effects as we have observed in mice.'

The study appears in the latest edition of the journal Scientific Reports.

#Themyawadydaily

Monday, April 3, 2017

စိတ်ကိုပြောင်းလဲစေသော ကြောက်မက်ဖွယ် Flakka ဆေးဝါးအန္တရာယ်



( TMK ဘာသာပြန်သည်။ )

အခုတလော ကိုယ်လုံးတီးချွတ်ပြီး လမ်းပေါ် လျှောက်သွားနေတဲ့ ဓာတ်ပုံသတင်း တွေကို လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ တစ်ကြိမ်ထက်မက တွေ့လိုက်ရတဲ့အတွက် အနောက်နိုင်ငံတွေ က စိတ်ကိုပြောင်းလဲ စေတဲ့ ကြောက်မက်ဖွယ် Flakka ဆေးဝါးဟာ ကျွန်တော်တို့ဆီကိုလဲ ရောက်လာပြီလားလို့ စိုးရိမ်မိသွား ပါတယ်။

Flakka ကို Zombie Drug လို့လဲ ခေါ်ကြပါတယ်။ နာမည်ကျော် Train to Bhusan ဆိုတဲ့ ဇာတ်ကားကို ကြည့်ပြီးသူတိုင်းက Zombie ဆိုတာကို ကောင်းကောင်း သိကြပါတယ်။ Flakka ဆေးဝါးကို သုံးထားသူတွေဟာ ကယောင်ကတမ်း တွေပြော၊ မြေပြင်မှာလူးလိမ့်၊ အဝတ်အစားတွေ အားလုံးချွတ်ပြီး လျှောက်ပြေး၊ ကားတွေ၊ နံရံတွေကို ခေါင်းနဲ့ပြေးတိုက်၊ နောက်ဆုံး ကိုယ့်မျက်နှာကို အရေပြားတွေ စုတ်ပြတ်သွား တဲ့အထိ ကုတ်ခြစ်ဆွဲဖြဲ တတ်ကြသလို အခြားလူတွေကိုလဲ မျက်နှာတစ်ခုလုံး ရစရာမရှိအောင် လိုက်ကုတ်တတ် ကြပါတယ်။

အမြင်မှာ ဆားပွင့် ခပ်ကြီးကြီးတွေနဲ့ တူပါတယ်။ ကိုကင်းလိုလို၊ ဘိန်းဖြူလိုလို ဖြစ်ပြီး ရှူသွင်းတာ၊ ဆေးတောင့်လုပ်ပြီး သောက်တာ အစရှိသဖြင့် သုံးစွဲကြပါတယ်။ Flakka သုံးထားပြီးရင် မူမမှန်တဲ့ပုံစံနဲ့ အားတွေရှိနေ ပါတယ်။ 

တစ်ခါတုန်းက ဖလော်ရီဒါ ပြည်နယ်မှာ Flakka သုံးပြီး လူနှစ်ယောက်ကို သတ်ဖြတ် လိုက်သူဟာ အသက် ၁၉ နှစ်ပဲ ရှိသေးတဲ့ ကျောင်းသားလေးပါ။ တစ်ယောက်ကို မျက်နှာချည်း ကိုက်ထားတာ ဖြစ်ပါတယ်။ ဒီကျောင်းသားမှာ ပြစ်မှုဟောင်း မရှိပါဘူး။ သူ Flakka သုံးပြီးသတ်လိုက်တဲ့ လူနှစ်ယောက် ကတော့ အသက် ၅၃ နှစ်နဲ့ ၅၉ နှစ် အသီးသီး ရှိသူတွေ ဖြစ်ပါတယ်။

Flakka ဆိုတာဘာလဲ။ Texas Poison Centre Network က ရှင်းပြထားချက် အရ Flakka ဆိုတာ alpha-pyrrolidinopentiophenone (alpha-PDP) ဖြစ်ပါ တယ်။ တရုတ်နိုင်ငံက အများဆုံး ထုတ်လုပ်ပြီး တစ်ကြိမ်သုံးစာကို အမေရိကန် ငါးဒေါ်လာထိ ပေးရပါတယ်။ Flakka က အဖြူ ဒါမှမဟုတ် ပန်းရောင် ပုံဆောင်ခဲ တွေနဲ့ လာပါတယ်။ အနံ့နံပါတယ်။ အမှတ်တမဲ့ ကြည့်လိုက်ရင် ငါးအလှမွေးကန် တွေထဲမှာ ထည့်တဲ့ ဖြုန်းကျောက်ခဲ အသေးလေး တွေနဲ့ တူပါတယ်။ 

Flakka က စိတ်ကိုလှုံ့ဆော် ပေးပါတယ်။ Bath Salt လို့အရပ်ထဲမှာသိကြတဲ့ Cathinone အုပ်စု ဖြစ်ပါတယ်။ တရားမဝင် မူးယစ်ဆေးဝါး အဖြစ် သတ်မှတ်ခံရတဲ့ လူလုပ်ဆေးဝါးတွေ များလာလို့ ဒီ Flakka ကို အစားထိုး ထုတ်လုပ်ဟန် တူတယ်လို့ ဂရိန်ဗြိတိန် နဲ့ အမေရိကန် က ပညာရှင်များက သုံးသပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Flakka တစ်ဖြစ်လဲ Bath Salt တစ်ဖြစ်လဲ Cathinone ဆိုတာ Mephedrone အုပ်စု ဖြစ်တဲ့အတွက် အရင်တုန်းက တားမြစ်ကန့်သတ်  စာရင်းထဲမှာ မပါပါဘူး။ ဂရိန်ဗြိတိန် နဲ့ အမေရိကန် မှာလဲ အရင်နှစ်လောက်က မှစပြီး တရားမဝင်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးအဖြစ် သတ်မှတ်ပြီး ကန့်သတ်လိုက်တာပါ။ Flakka ဟာ နိုးကြားမှု ၊ အာရုံစူးစိုက်မှုနဲ့ ခွန်အားတို့ကို မြင့်တက်စေ ပါတယ်။ လွန်ကဲစွာ သုံးစွဲလိုက်တဲ့ အခါမှာတော့ ဖော်ပြပါအတိုင်း မကြားဝံ့၊ မမြင်ဝံ့ တာတွေ ဖြစ်ကုန်တာပါ။

Flakka လွန်ကဲသွားလို့ လူသားစားသူတွေ ဖြစ်ကုန်တာလား။ ၂ဝ၁၄ခုနှစ်တုန်းက ဖလော်ရီဒါပြည်နယ်မှာ လူလူချင်း ကိုက်သတ် ခဲ့သူ တစ်ဦးဟာ Flakka ရဲ့ အခြေခံ Bath Salt ကိုသုံးထားတာ စစ်ဆေးတွေ့ရှိခဲ့ ပါတယ်။ ဒါပေမဲ့ Bath Salt သုံးလို့ လူကို ကိုက်ချင်စိတ် ဖြစ်လာတာ မဟုတ်ဘဲ စိတ်ကိုပြောင်းလဲ စေလို့သာ ဖြစ်နိုင်မယ်လို့ ပညာရှင်များက ယူဆကြပါတယ်။ သာမန်လူ အတွက်တော့ ဒါဟာ Bath Salt သုံးလို့လူကို ကိုက်တာပဲပေါ့။ ဒီတော့ Flakka သုံးစွဲမှု လွန်ကဲသွားရင်လဲ Zombie တွေလို ဖြစ်ကုန်ပါတယ်။

ရုပ်ရှင်ထဲက Zombie တွေလိုပဲခြေတွေ၊ လက်တွေ ကွေးညွတ်၊ မြေပြင်ပေါ်မှာ လူးလိမ့်၊ အဲဒီထဲကလိုပဲ ထူးဆန်းတဲ့ အသံတွေထွက်ပြီး ကိုယ့်ပါးနှစ်ဖက်ကို မျက်စိအောက် ကနေ မပြဲမချင်း ဆွဲဖြဲကြတာကို မှတ်တမ်း ဗီဒီယိုတွေမှာ တွေ့ရပါတယ်။ အခြားလူကို တိုက်ခိုက်ရင်လဲ မျက်နှာကို တိုက်ခိုက်လေ့ရှိပြီး ပုံမှန်မသွား နိုင်တော့ဘဲ ဖင်နဲ့ တရွတ်တိုက် သွားသူ၊ လေးဖက်ထောက် သွားသူ၊ နံရံကို တက်ဖို့ ကြိုးစားသူ၊ လမ်းပေါ်ကကား တွေကို ခေါင်းနဲ့ ဝင်ဆောင့်သူတွေကို တွေ့ရပြီး ကိုယ်လုံးတီး ချွတ်ပြီး လမ်းလျှောက်တာက အသိမ်မွေ့ဆုံးသော ဆိုးကျိုး သက်ရောက်မှုလို့ ဆိုရမလိုဖြစ် နေပါတယ်။

အခြားမူးယစ်ဆေးဝါး တွေလိုပဲ လွန်ကဲသွားရင် အသက်အန္တရာယ် ရှိပါတယ်။ ဆေးကြောင့် မသေလဲ စိတ်ကြွပြီး လမ်းပေါ်မှာ လျှောက်လုပ်နေလို့ မတော်တဆ ဖြစ်ပွားသေဆုံး နိုင်ပါတယ်။ မတော်တဆ ဖြစ်ပြီး မသေလဲ အခြားလူတွေကို သေစေနိုင်ပါတယ်။ အခြား လူတွေကို မသေစေလဲ ကိုယ့်မျက်နှာကို ကိုယ်သေရာပါမယ့် အပျက်အစီးမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါ့ပြင် တစ်သက်လုံး လူ့ဘောင် လူ့အသိုင်းအဝိုင်း ထဲမှာ မျက်နှာ မဖော်ရဲအောင် အရှက်ရသွားနိုင် ပါကြောင်း Flakka ရဲ့ အန္တရာယ်ကို လေ့လာရေးသား တင်ပြလိုက်ရ ပါတယ်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၃၂)

Wednesday, March 22, 2017

ပင့်ကူအဆိပ်သည် လေဖြတ်သူများအတွက် ဆေးဝါးတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိ


ပင့်ကူအဆိပ်သည် လေဖြတ်သူများအတွက် ဆေးဝါးတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိ

လေသင်တုန်း ဖြတ်ခြင်းကြောင့် ကမ္ဘာပေါ်၌ တစ်နှစ်လျှင် လူခြောက်သန်းခန့် သေဆုံးနေရပြီး အသက်ရှင် ကျန်ရစ်သူ ငါးသန်းခန့်မှာမူ ဘဝတစ်သက်တာ လုံးကို မသန်မစွမ်းဘဝဖြင့် နေထိုင်ဖြတ်သန်း သွားရသည်။

အဆိပ်ပြင်းသော ပင့်ကူများ၏ အဆိပ်တွင် ပါဝင်သော ပရိုတိန်း တစ်မျိုးသည် လေသင်တုန်း ဖြတ်ပြီးနောက် ဖြစ်ပေါ်လာနိုင်သည့် ဦးနှောက်ပျက်စီးမှုကို လျော့နည်း စေနိုင်ဖွယ်ရှိကြောင်း သြစတြေးလျ သုတေသန ပညာရှင်များက တွေ့ရှိထားသည်။

ဆေးဝါးကုသမှုတွင် အထောက်အကူ ဖြစ်စေသည့် ပရိုတိန်းကို ရှာဖွေရာတွင် ပင့်ကူအဆိပ် သည် အမြဲတမ်း အကောင်းဆုံးသော နေရာတစ်ခုဖြစ်သည်။ အကြောင်းရင်း မှာမူ ၄င်းတို့၏ အဆိပ်သည် အင်းဆက်ပိုးမွှား များ၏ အာရုံကြောစနစ်ကို ပစ်မှတ်ထားကာ ပြောင်းလဲဖြစ်ပေါ် စေခြင်းကြောင့် ဖြစ်ကြောင်း ကွင်းစလန်းနှင့် မိုနက်ရှ် တက္ကသိုလ်တို့မှ သိပ္ပံပညာရှင် များကဆိုသည်။

ကမ္ဘာပေါ်တွင် အန္တရာယ်အရှိဆုံး အဆိပ်များအနက် တစ်ခုကို သယ်ဆောင် ထားသော funnel-web မျိုးစိတ်ဝင် ပင့်ကူများ၏ အဆိပ်တွင် အဆိုပါပရိုတိန်း ပါဝင်ခြင်းဖြစ်ပြီး သြစတြေးလျ ဒေသတွင်သာ တွေ့ရလေ့ရှိသည့် ၄င်းပင့်ကူမျိုးစိတ်ဝင် ပင့်ကူ သုံးကောင်ကို ကွင်းစလန်း ကမ်းရိုးတန်းရှိ ဖရေဆာကျွန်း ပေါ်မှ ဖမ်းဆီးရမိပြီးနောက် ဓာတ်ခွဲခန်းသို့ ယူဆောင်လာကာ လေ့လာစမ်းသပ်မှုများ လုပ်ဆောင် နေကြောင်း သုတေသနအဖွဲ့ ခေါင်းဆောင် ဂလန်းကင်း က ပြောသည်။

ထို့နောက်တွင် သိပ္ပံပညာရှင် များသည် အဆိုပါပင့်ကူ များ၏ အစွယ်များကို လျှပ်စစ်ဖြင့်ထိတွေ့ လိုက်သည့်အခါ ကြွက်သားများ လှုပ်ရှားမှုကြောင့် ထွက်ပေါ်လာသည့် အဆိပ်များကို သုတေသနပြု လေ့လာခြင်း ဖြစ်သည်။

ယင်းအဆိပ်တွင် Hi la ဟု အမည်ရှိသည့် သေးငယ်သော ပရိုတိန်းတစ်မျိုး ပါဝင်ပြီး ယင်း ပရိုတိန်းသည် လေသင်တုန်းဖြတ် ပြီးနောက် ဖြစ်ပေါ်လာသည့် ဦးနှောက် ပျက်စီးမှုအတွက် အဓိကကျသော ဦးနှောက်အတွင်းရှိ အက်စစ် ဆန်သော အိုင်ယွန် ဆက်ကြောင်း များကိုတားဆီး ပိတ်ဆို့ပေး နိုင်သည်။

Hi la ပရိုတိန်း၏ စိတ်လှုပ်ရှားဖွယ် အကောင်းဆုံးသော အချက်များအနက် တစ်ခုမှာ လေသင်တုန်း ဖြတ်ခြင်းစတင် ဖြစ်ပွားပြီးနောက် ရှစ်နာရီအကြာ အထိ ထူးခြားသော အဆင့်များကို အကာအကွယ် ပေးထားနိုင်ခြင်း ဖြစ်သည်။ ထိုသို့ကာကွယ် ပေးထားနိုင်မှုသည် လေသင်တုန်း ဖြတ်ခြင်းကို ကုသရန်အတွက် အခွင့်အလမ်းများကို ပိုမိုရရှိစေခြင်း ဖြစ်သည်။

ထို့ပြင် Hi la သည် အောက်ဆီဂျင် ပြတ်လပ်မှုကြောင့် သက်ရောက်မှု ရှိသည့် ဦးနှောက် အတွင်းပိုင်း နေရာကိုလည်း ကာကွယ်မှုအချို့ ပေးနိုင်သည်။ ယင်းဦးနှောက် အတွင်းပိုင်း နေရာသည် လေသင်တုန်း ဖြတ်ခြင်းကြောင့် ဖြစ်ပေါ်သည့် ဆဲလ်များ အလျင်အမြန် သေဆုံးမှုကို ပြန်လည် အစားမထိုးနိုင်သည့် နေရာတစ်ခု ဖြစ်သည်။

အဆိုပါပင့်ကူ အဆိပ်ကို လက်ရှိ၌ ကြွက်များတွင်သာ စမ်းသပ်ထားခြင်း ဖြစ်ပြီး အကယ်၍ လူများတွင် အမှန်တကယ် အသုံးဝင်ပါက လေသင်တုန်း ဖြတ်သော လူနာတစ်ဦးကို လူနာတင်ကား အပေါ်မှာပင် အရေးပေါ်ကုသမှု ပေးနိုင်သည့် အတွက် ယင်းလူနာ အနေဖြင့် အသက်ရှင်သန် နိုင်သော အခွင့်အရေး ပိုမိုရရှိ စေမည် ဖြစ်ပေသည်။

Peptide in funnel-web spider venom slows death of neurons in rats after stroke, study shows

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၂)

Tuesday, March 21, 2017

နှစ်စဉ် ကလေး ၁၂၀၀၀ ဦးထက်မနည်း ဆေးဝါးမှတစ်ဆင့် ဘိန်းအဆိပ်သင့်မှု ခံစားနေရ



နယူးယောက် ၊ ၂၁-၃-၂၀၁၇

အမေရိကန် ပြည်ထောင်စုတွင် ဆယ်ကျော်သက်များ ကိုသာမက ကလေးသူငယ်များ ကိုပါ ဆရာဝန်များက မှားယွင်းစွာဖြင့် ဘိန်းပါသော အကိုက်အခဲ ပျောက်ဆေးများကို ပေးမိသည့် အတွက် နှစ်စဉ် ကလေး ၁၂၀၀၀ ဦးထက်မနည်း ဆေးဝါးမှတစ်ဆင့် ဘိန်းအဆိပ်သင့်မှုကို ခံစားနေရကြောင်း အမေရိကန် ပြည်ထောင်စု၊ ရောဂါ ထိန်းချုပ်ရေးနှင့် တားဆီး ကာကွယ်ရေးဌာန CDC က ထုတ်ပြန် ကြေညာသည်။ 

ဆရာဝန်များက အသက်ငယ်ရွယ်လွန်း သူများကို  buprenorphine ကဲ့သို့ ဆေးဝါးများကို သတိမမူမိဘဲ ပေးမိနေခြင်း ဖြစ်ကြောင်း၊ ၄င်းဆေးဝါးသည် ဘိန်းစွဲခြင်းကို ဖြတ်ရာတွင် အသုံးပြုသည့် ဆေးဝါးများအုပ်စု တွင် ပါဝင်ကြောင်း၊ ဆယ်ကျော်သက် များကမူ အဆိုပါဆေးဝါး များကို မလိုအပ်ဘဲ အလွဲသုံး နေကြသည်ကို လေ့လာတွေ့ ရှိရကြောင်း CDC မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။ 

" အကိုက်အခဲ ပျောက်ဆေး အပြင်းစားတွေမှာ ဘိန်းအာနိသင် ပါဝင်ပါတယ်။ လူကြီးတွေမှာတောင် ဒီဆေး တွေကို  စွဲလန်းတဲ့ ရောဂါကြောင့် ဘိန်းအဆိပ်သင့်မှု ဖြစ်ပွားသေဆုံး တာကို မကြာခဏ ကြားသိနေရ ပါတယ်။ အဲဒီလို ဆေးအပြင်းစား မျိုးကို ဆယ်ကျော်သက် တွေကိုပေးမိရာ ကနေ အခုဆိုရင် လူမမည်အရွယ် ကလေးငယ်တွေ ကိုတောင်  မှားယွင်းတိုက်ကျွေး မိတာတွေ ဖြစ်ပွားနေပါတယ်။ နှစ်စဉ် ကလေးပေါင်း သောင်းနဲ့ ချီ ဆေးရုံကို တက်ရောက်ကုသမှု ခံယူနေရပါတယ်။ ဒီလိုဖြစ်နေတာကို ထိရောက်စွာ ဟန့် တားဖို့  အချိန်တန် နေပါပြီ " ဟု ၄င်းက ဆက်လက် ပြောပြသည်။ 

အမေရိကန် ပြည်ထောင်စုသည် ဘိန်းအာနိသင် ပါသော အပြင်းစား အကိုက်အခဲ ပျောက်ဆေးများ၏ လွှမ်းမိုး ချယ်လှယ်မှုကို တဖြည်းဖြည်း ခံနေရပြီဖြစ်ကြောင်း၊ ၄င်းဆေးဝါးများကို မူးယစ်ဆေးဝါး သဖွယ်သုံးစွဲ လာကြ ပြီး ဆေးလွန်ကဲသေဆုံးမှုသည်လည်း စံချိန်တင်များပြား လာပြီဖြစ်ကြောင်း၊ ၂၀၁၄ တစ်နှစ်ထဲတွင် ဘိန်းပါသည့် အကိုက်အခဲ ပျောက်ဆေး လွန်ကဲစွာ သုံးစွဲမှုကြောင့် သေဆုံးသူ ၄၇၀၀၀ ဦးရှိခဲ့ကြောင်း၊ ၄င်းနှစ်တွင်ပင် ယာဉ်/လမ်း အန္တရာယ်ကြောင့် သေဆုံးသူ ၃၂၀၀၀ ဦးသာရှိခဲ့ရာ ကမ္ဘာပေါ်တွင် လူသေဆုံးမှု အများဆုံး ကိုဖြစ်စေသည့် ယာဉ်တိုက်မှုကြောင့် သေဆုံးသူဦးရေ ကိုပင် ဘိန်းပါသည့် ဆေးလွန်ကဲမှုကြောင့် သေဆုံးသူ ဦးရေက ကျော်လွန် သွားခြင်းပင် ဖြစ်ကြောင်း သိရသည်။ 

ဘိန်းဖြူအာနိသင် ပါရှိပြီး ကလေးငယ်များ ကိုပင် တိုက်ကျွေးမိ နေသော ဆေးဝါးများမှာ hydrocodone, codeine, oxycodone, propoxyphene, tramadol, morphine, methadone, buprenorphine, meperidine, hydromorphone, fentanyl, အစရှိသည့် ဆေးဝါးများဖြစ်ကြောင်း၊ ကလေးငယ်များ ဖြစ်သည့် အလျောက်  ၄င်းဆေးဝါးများကို အလိုအလျောက် ရရှိလာခြင်း မဟုတ်ဘဲ ဆရာဝန်က ဆေးညွှန်း ပေး၍သာ စတင်ရရှိခြင်း ဖြစ်သည့်အတွက် အမေရိကန် ပြည်ထောင်စုတွင် ၄င်းကိစ္စကို ကြပ်မတ်ဆောင်ရွက် သွားတော့မည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ

Friday, March 10, 2017

ပြည်တွင်းဈေးကွက်များရှိ တိုင်းရင်းဆေးများတွင် နိုင်ငံခြားဆေးများ ရောနှောပါဝင်နေမှု ရှိ-မရှိကို စစ်ဆေးမည်



ရန်ကုန် ၊ ၁၀-၃-၂၀၁၇

ပြည်တွင်းဈေးကွက် များရှိ တိုင်းရင်းဆေး များတွင် နိုင်ငံခြားဆေးများ ရောနှောပါဝင် နေမှု ရှိ- မရှိကို မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါး ထုတ်လုပ်သူများ နှင့် လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းကာ အသင်းပိုင် ဓာတ်ခွဲခန်း ထူထောင် စစ်ဆေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ တိုင်းရင်းဆေး ဆရာများအသင်း၏ သတင်းများအရ သိရသည်။

မြန်မာ့ တိုင်းရင်းဆေးဝါး များသည် မြန်မာနိုင်ငံသို့ နိုင်ငံခြား ဆေးဝါးများ မရောက်ရှိ သေးသည့် အချိန်ကာလ ကတည်းက မြန်မာနိုင်ငံတွင် စိတ်ချယုံကြည် အားကိုး အသုံးပြုနေသည့် အစွမ်းထက် ဆေးဝါးများ ဖြစ်သည်။ အချို့သော နိုင်ငံခြားဆေး များနှင့် ကုသ ပျောက်ကင်းမှု မရှိသည့် ရောဂါများကို မြန်မာ့ တိုင်းရင်းဆေး များဖြင့် ကုသ ပျောက်ကင်းမှုများ ရှိသည်။

ယခုအခါ မြန်မာ့တိုင်းရင်းဆေး များကို ခေတ်မီအဆင့်မြင့် နည်းပညာများ၊ စက်ကိရိယာ များဖြင့် ထုတ်လုပ်လာပြီး နိုင်ငံတော်က လည်း မြန်မာ့ တိုင်းရင်းဆေး လောက ဖွံ့ဖြိုးတိုးတက် ရေးအတွက် အလေးပေး ဆောင်ရွက်လျက် ရှိသည်။ ထို့ကြောင့် မြန်မာ့ တိုင်းရင်းဆေး ဈေးကွက်ပိုမို ကျယ်ပြန့်လာခဲ့သည်။ ထိုသို့ မြန်မာ့ တိုင်းရင်းဆေး ဈေးကွက် တိုးတက်ကျယ်ပြန့် လာသဖြင့် အချို့သော ထုတ်လုပ် ရောင်းချသူများက မြန်မာ့တိုင်းရင်းဆေးများတွင် နိုင်ငံခြားဆေးဝါး များရောနှော ထုတ်မှုများ ရှိလာနိုင်သည်။

ထို့ကြောင့် အများပြည်သူ ဘေးအန္တရာယ် ကင်းရှင်းသည့် မြန်မာ့ တိုင်းရင်းဆေးဝါး များကို အသုံးပြုနိုင်ရေး နှင့် မြန်မာ့ တိုင်းရင်း ဆေးဝါးများ၏ အစွမ်းထက်မြက် မှုကို မှေးမှိန်မှု မဖြစ်စေရေး အတွက် ပြည်တွင်းဈေးကွက် များရှိ တိုင်းရင်းဆေး များတွင် နိုင်ငံခြားဆေးများ ရောနှောပါဝင်နေမှု များကို စစ်ဆေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ

Wednesday, March 1, 2017

WHO က ဆေးယဉ်ပါး ဗက်တီးရီးယား ၁၂ မျိုးကို ထုတ်ပြန်ကြေညာ



ဂျီနီဗာ ၊ ၁-၃-၂၀၁၇

ကမ္ဘာ့ကျန်းမာရေးအဖွဲ့  (WHO) က ပထမဆုံးအကြိမ် ဆေးယဉ်ပါး ဗက်တီးရီးယား (၁၂)မျိုးတို့ ၏ အမျိုးအမည်ကို ထုတ်ပြန်ကြေညာ လိုက်ပြီး ၄င်း ဗက်တီးရီးယား များသည် ရောဂါကို ဖြစ်စေနိုင်ပြီး ပဋိဇီဝဆေးများ ကို ခုခံနိုင်စွမ်း ရှိနေသည့်အတွက် ၄င်း ဗက်တီးရီးယား များကို နှိမ်နင်းနိုင်မည့် ပဋိဇီဝဆေးဝါးသစ် များကို ထုတ်လုပ်ရန် လိုအပ်ကြောင်း ပြောကြားသည်။ 

သို့ သော် အဆိုပါ ဆေးယဉ်ပါး ဗက်တီးရီယား (၁၂) မျိုးအား နှိမ်နင်းနိုင်နည့်  ပဋိဇီဝဆေးကို ထုတ်လုပ်ရန်မှာ အရှိန်ကျသွားရုံ မက ရပ်တန့်သွားပြီ ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ရရာ ပဋိဇီဝဆေးဝါး များဖြင့် အဆိုပါ ဆေးယဉ်ပါး ဗက်တီးရီးယား များကို ထိန်းချုပ်ရန် ကြိုးပမ်း နေရကြောင်း၊ လူသား တစ်ရပ်လုံး၏ ကျန်းမာရေးကို အထူးထိခိုက် စေနိုင်သည် ဖြစ်သောကြောင့် ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီများ၊ သုတေသနခန်း များအား ပဋိဇီဝ ဆေးဝါးအသစ် ထုတ်လုပ်နိုင်ရေး အဆောတလျင် ဆောင်ရွက်ကြရန် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ နှင့် အခြား တာဝန်ရှိ အဖွဲ့ အစည်းများက လှုံ့ဆော်လျက် ရှိကြောင်း သိရသည်။ 

ဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီများ အနေဖြင့် ပို၍ထိရောက်စွာ ပူးပေါင်းဆောင်ရွက်မှု ရှိလာစေရေးကို ရည်ရွယ်ကာ အဆိုပါ ဆေးယဉ်ပါး ဗက်တီးရီးယား (၁၂) မျိုးတို့ ၏ အမျိုးအမည်ကို ထုတ်ပြန် ကြေညာခြင်း ဖြစ်ကြောင်း၊ အစိုးရအဖွဲ့က မချုပ်ကိုင်တော့ဘဲ ကုမ္ပဏီများကို ဆေးဝါး အပြိုင်အဆိုင် ထုတ်လုပ်ခွင့်ပြု လိုက်ခြင်းအားဖြင့် ကာကွယ်ဆေး၊ ကုသဆေးနှင့် ပဋိဇီဝဆေးများ အချိန်စောပြီး ထွက်ပေါ်လာမည် ဟု ယုံကြည်ရကြောင်း WHO မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။ 

သို့ သော် မည်မျှပင် မြန်ဆန်အောင် ဆေးဝါးထုတ်လုပ် စေကာမူ ဆေးတစ်မျိုးကို ထုတ်လုပ်ခြင်း၊ စမ်းသပ်ခြင်း၊ လိုအပ်သလို ပြန်လည် ပြုပြင်ခြင်း၊ ထပ်မံစမ်းသပ်ခြင်း၊ လူတို့ တွင် စမ်းသပ်ခြင်း၊ စောင့်ကြည့်ခြင်း အစရှိသည့် အဆင့်များစွာ ပြည့်စုံပြီးမြောက် နိုင်ရေးမှာ ၁၀ နှစ်ထက် မနည်း ကြာမြင့် တတ်ကြောင်း၊ ယင်း (၁၀)နှစ်တာ ကာလအတွင်း လူ့ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အသက်ကယ်တင် နိုင်မှုနှုန်းတို့  ကျဆင်းကုန်မည် ကို စိုးရိမ်ရသည့် အနေအထားတွင် ရှိကြောင်း သိရသည်။ 

ဆေးယဉ်ပါး ဗက်တီးရီးယား အများစုသည် အူမကြီးတွင် တွေ့ ရသည့် ဗက်တီးရီးယားများ ဖြစ်ကြောင်း၊ အထူး သဖြင့် ၀မ်းပျက်ဝမ်းလျှော ခြင်းကို ဖြစ်စေနိုင်သည့် E.coli ဗက်တီးရီးယား အမျိုးအစားကို လူသိများကြောင်း၊ အသက်အန္တရာယ်ကို မပေးလျင်လည်း အလွန်ဆိုးရွားသည့် ကျန်းမာရေး ပြဿနာများကို ခံစားရမည် ဖြစ်ကြောင်း၊ လိုအပ်သော ကုသမှုများ မပေးနိုင်လျင် အသက်အန္တရာယ် ရှိကြောင်း၊ စိတ်ပျက်ဖွယ် ကောင်းသည့် ကိစ္စတစ်ခုမှာ ဆေးယဉ်ပါး ဗက်တီးရီးယား အများစုသည် ဆေးရုံများမှ တစ်ဆင့် ပျံ့ နှံ့ နေခြင်း ဖြစ်ကြောင်း သိရသည်။ 

WHO က ထုတ်ပြန်လိုက်သော အောက်ဖော်ပြပါ ဆေးယဉ်ပါး ဗက်တီးရီးယား (၁၂)မျိုးတို့တွင် အများစုမှာ ဆေးရုံ ဆေးခန်းများမှ တစ်ဆင့် ပျံ့ နှံ့ လေ့ရှိသော ဗက်တီးရီးယားများ ဖြစ်ကြောင်း သိရသည်-

WHO priority pathogens list for R&D of new antibiotics

Priority 1: CRITICAL
  1. Acinetobacter baumannii, carbapenem-resistant
  2. Pseudomonas aeruginosa, carbapenem-resistant
  3. Enterobacteriaceae, carbapenem-resistant, ESBL-producing

Priority 2: HIGH
  1. Enterococcus faecium, vancomycin-resistant
  2. Staphylococcus aureus, methicillin-resistant, vancomycin-intermediate and resistant
  3. Helicobacter pylori, clarithromycin-resistant
  4. Campylobacter spp., fluoroquinolone-resistant
  5. Salmonellae, fluoroquinolone-resistant
  6. Neisseria gonorrhoeae, cephalosporin-resistant, fluoroquinolone-resistant

Priority 3: MEDIUM
  1. Streptococcus pneumoniae, penicillin-non-susceptible
  2. Haemophilus influenzae, ampicillin-resistant
  3. Shigella spp., fluoroquinolone-resistant


မြ၀တီနေ့စဉ်သတင်းစာ

Wednesday, February 22, 2017

သက်တမ်းကုန်ဆေးဝါးများ သောက်သုံးမှုမရှိစေရန် ကျေးလက်ဒေသများအထိ ကွင်းဆင်းပညာပေးမည်



ရန်ကုန် ၊ ၂၂-၂-၂၀၁၇

ရာသီ အကူးအပြောင်း ကာလတွင် ဖြစ်ပွားလေ့ရှိသည့် ဖျားနာမှု များကြောင့် ဆေးဝါး သောက်သုံးရာ၌ ကျေးလက်နေ ပြည်သူ အများစုမှာ သက်တမ်းကုန်ဆုံး နေသော ဆေးများကို စပ်ဆေးအဖြစ် ဝယ်ယူသောက် နေသဖြင့် ထိုဆေးဝါးများ သောက်သုံးမှု မရှိစေရန် ကျေးလက်ဒေသ များသို့ သွားရောက်ကာ ကွင်းဆင်း အသိပညာပေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနမှ သိရသည်။

ရာသီဥတု အကူးအပြောင်းတွင် ဖြစ်ပွား တတ်သည့် ဖျားနာမှုများကို သက်တမ်းကုန် နေသော ဆေးဝါးများဖြင့် စပ်ဆေး ရောင်းချသည့် ဆိုင်မှဝယ်ယူ သောက်သုံးမိ ပါက တစ်ခဏတာ ရောဂါဝေဒနာများ ပျောက်ကင်း သလို ခံစားရသော်လည်း ဘေးထွက်ဆိုးကျိုး များစွာရှိကြောင်း သိရသည်။

''ဒီဆေးတွေက သက်တမ်းကုန်ဆုံး နေတာတွေလား ဆိုတာ ကိုယ်က မသိနိုင်ပါဘူး။ ဒါကို ဝယ်ယူ သောက်သုံးနေတဲ့ ပြည်သူတွေ အန္တရာယ်များလို့ ပညာပေးမှု ပြုလုပ်သွား မှာပါ။ ဒါ့အပြင် ဆေးရောင်း ချသူတွေ၊ ဆေးဆိုင်ကို ကြီးကြပ်ကွပ်ကဲ မယ့်သူတွေပါ ဆေးဘက်ဆိုင်ရာ ပညာရပ်နဲ့ ပတ်သက်ပြီး သိသင့်တဲ့ အချက်တွေကို သိရှိမှ ဆေးဆိုင် ရောင်းချခွင့်ပြုဖို့ စီစဉ်ဆောင်ရွက် နေပါတယ်'' ဟု မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန ဆေးဝါးဌာန ညွှန်ကြားရေးမှူးေ ဒါက်တာ ဒေါ်သိင်္ဂီဇင် က ပြောသည်။

ဈေးကွက်အတွင်း၌ သက်တမ်းကုန်ဆုံး နေသော ဆေးဝါးများကို ၁ဝ ထုပ်ပါ တစ်ပါကင်လျှင် ငွေကျပ် ၁၅ဝဝ ဖြင့် ရောင်းချလျက် ရှိသည်။ ထိုဆေးဝါးများကို ကျန်းမာရေး ဗဟုသုတ နည်းပါးသော ပြည်သူများက ဝယ်ယူသောက် သုံးနေကြသည့် တချို့ ကျေးလက်နေပြည်သူ များသည်လည်း ယင်းဆေးများကို စွဲသောက် လာသဖြင့် အန္တရာယ်ရှိကြောင်းကို အသိပညာပေး လုပ်ငန်းများဖြင့် ဆောင်ရွက်ပေး sသွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

Thursday, January 19, 2017

ရှောက်ခါးသီး မှ ခြင်မကိုက်ရန် ဆေးဖော်စပ်ရာတွင် အောင်မြင်သဖြင့် တရားဝင်ထုတ်လုပ်မည်



ရန်ကုန် ၊ ၁၉-၁-၂၀၁၇

မြန်မာနိုင်ငံရှိ ရှောက်ခါးပင်မှ ရရှိသော ရှောက်ခါးသီး၊ အခွံနှင့် အရွက် များမှအဆီကို ထုတ်ယူကာ ပိုးလောက်လမ်း သေဆေး နှင့် ခြင်မကိုက်ဆေး စမ်းသပ်ရာ အောင်မြင်မှု ရရှိခြင်းကြောင့် တရားဝင် ထုတ်လုပ်၍ အသုံးပြုနိုင်ရန် စီစဉ်သွားမည် ဖြစ်ကြောင်း ဆေးသုတေသန ဦးစီးဌာန ဆေးသုတေသန မှူး ဒေါက်တာ မောင်မောင်မြ ထံမှ သိရသည်။

''တိုင်းရင်းဆေးပင် တစ်မျိုးဖြစ်တဲ့ ရှောက်ခါးသီးရဲ့အဆီနဲ့ ခြင်တွေကို ထိရောက်စွာ နှိမ်နင်းဖို့ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလ ကစပြီး ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလကုန် အထိ ပြင်းအားအမျိုးမျိုးနဲ့ ဖော်စပ်ထားတဲ့ ရှောက်ခါးသီးရဲ့ အခွံ၊ အသီးတို့နဲ့ အဆီပြုလုပ် ထားတဲ့ ဖျော်ရည် အသီးသီးမှာ ခြင်သားလောင်းတွေ ကိုထားပြီး ခြင်မကိုက်အောင် ကာကွယ်နိုင်စွမ်း ဘယ်လောက်ရှိတယ် ဆိုတာကို စမ်းသပ်တာ အောင်မြင်ခဲ့တယ်။ ဒါ့အပြင် (၄၅) ကြိမ်မြောက် ဆေးသုတေသန ဦးစီးဌာန စာတမ်းဖတ်ပွဲနဲ့ ပြိုင်ပွဲမှာလည်း ဒီဆေးဖော်စပ်မှုနဲ့ ပတ်သက်ပြီး ဒုတိယဆု ရရှိခဲ့တယ်။ ဒါကြောင့် တရားဝင် ထုတ်လုပ်သွားဖို့ ဆောင်ရွက်သွား မှာပါ'' ဟု ဒေါက်တာ မောင်မောင်မြ ကပြောသည်။

အဆိုပါ ခြင်မကိုက်ဆေးတွင် ဓာတုဆေးဝါး ဖြစ်သည့် တာရှည်ခံ ဆေးများ လုံးဝထည့်သွင်း ထားခြင်းမရှိဘဲ အသုံးပြုလျှင် အရေပြား ယားယံမှု ရှိ၊ မရှိကို ယုန်များဖြင့် စမ်းသပ်ရာ ၉၅ ရာခိုင်နှုန်း အထိ အောင်မြင်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ရှောက်ခါးသီးမှ ရရှိသော အဆီနှင့် ထုတ်လုပ်ဖော်စပ် ထားသည့် ဆေးအပြင် မကွေးဒေသထွက် သစ်ပင်ဖြစ်သည့် စိန်ပန်းကလေး နှင့် ဇလပ်ပင် တို့မှရရှိသော အရွက်မှ အဆီကို ထုတ်ယူကာ ပိုးလောက်လမ်း သေဆေးနှင့် ခြင်မကိုက် လိမ်းဆေးကို ကြွက်နှင့်ပူး တို့ဖြင့် စမ်းသပ် ရာတွင်လည်း အောင်မြင်မှု ရရှိခဲ့ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၃)

Sunday, December 25, 2016

အကိုက်အခဲပျောက်ဆေးစွဲ ရောဂါကို အချိန်မီကုသရန်လို



နယူးယောက် ၊ ၂၅-၁၂-၂၀၁၆

အစားအစာကို မွတ်သိပ်စွာ တောင့်တသည့် စိတ်ကို ထိန်းချုပ်နိုင်ရန် အကိုက်အခဲ ပျောက်ဆေးများကို သုံးစွဲနေကြောင်း စစ်ဆေးတွေ့ ရှိရပြီး အများစုမှာ အကိုက်အခဲ ပျောက်ဆေးများ အပေါ် စိတ်ပိုင်းဆိုင်ရာ တပ်မက်မှု ပြင်းထန်ကာ ဆေးစွဲနေကြပြီ ဖြစ်သည့်အတွက် နေအိမ်နှင့် မိသားစုများအတွင်း အကိုက်အခဲပျောက် ဆေးစွဲရောဂါကို အချိန်မီကုသရန် လိုအပ်ကြောင်း အမေရိကန် သုတေသီများက သတိပေးထားသည်။ 

" အရင်တုန်းက အကိုက်အခဲ ပျောက်ဆေးစွဲ ရောဂါဆိုတာ ဆေးရုံ၊ အကျဉ်းထောင် အစရှိတဲ့ နေရာတွေမှာပဲ ဖြစ်တာပါ။ လူဦးရေများလွန်းတဲ့ အတွက် သူတို့ ဝေဒနာကို ကုသမှုရရှိဖို့  လနဲ့ ချီပြီးစောင့်ရ ပါတယ်။ သူတို့ ခံစားရတဲ့ ဝေဒနာတွေ ကတော့ အသည်းရောင် အသားဝါ၊ HIV၊ အဆုပ် အစရှိတဲ့ရောဂါတွေ ပါပါတယ်။ ကုသမှုရရှိနိုင်ဖို့ စောင့်နေတဲ့ကာလ မှာ သူတို့ ကို အထိုက်အလျောက် သက်သာစေဖို့  အကိုက်အခဲ ပျောက်ဆေးတွေ ပုံမှန်ပေးရာ ကနေ ဆေးစွဲတဲ့ရောဂါ တွေ ဖြစ်ကုန်တာပါ။ အခု အဲဒီပြဿနာက လူနေအိမ်တွေနဲ့ မိသားစုတွေဆီ ကိုပါ ကူးစက်လာတာကို တွေ့ရပါတယ် " ဟု Vermont တက္ကသိုလ်မှ သုတေသီတစ်ဦးက ပြောပြသည်။ 

" အကိုက်အခဲ ပျောက်ဆေးတွေမှာ ဘိန်းဖြူ ပါတာတွေ ရှိပါတယ်။ အဲဒါတွေကို ရေရှည်သောက်မိ ရာကနေ ဆေးစွဲ သွားကြတာပါ။ အဲဒီအတွက် အီလက်ထရွန်းနစ် ဆေးပေးစက်ကို ဖန်တီးပြုလုပ် ထားပါတယ်။ ဆေးကို ဒီစက်ထဲမှာ ထည့်ထားရပါတယ်။ အဲဒီစက်က ဆေးသောက်ချိန်ကို ရောက်မှ လိုအပ်တဲ့ ဆေးပမာဏကို အတိအကျ ထုတ်ပေးပါ တယ်။ ဒီတော့ လူနာတွေက အကြိမ်ရေလည်း ပိုလို့ မရတော့သလို ပမာဏလည်း ပိုလို့ မရတော့ဘူး " ဟု ၄င်းက ပြောပြသည်။ 

အကိုက်အခဲပျောက် ဆေးများတွင် buprenorphine အုပ်စုသည် Oxycontin, Heroin နှင့် Vicodin တို့ ကဲ့သို့  ဦးနှောက်ကို ပြောင်းလဲစေနိုင် ကြောင်း၊ ထို့ ကြောင့် ဘိန်းဖြူ အသုံးပြုသည့် အတိုင်း စိတ်ဖိစီးမှုကို လျော့နည်းစေပြီး စိတ်ကိုပြောင်းလဲ မြူးကြွစေနိုင်ကြောင်း၊ ယင်းခံစားမှုကို နှစ်သက်ပြီး ၄င်းဆေးများကို ရေရှည် သောက်ခြင်းမှာ ယခု နောက်ပိုင်းတွင် ဆေးစွဲရောဂါ အသွင်ကို ဆောင်လာပြီ ဖြစ်ကြောင်း သိရသည်။ 

ယခုအခါ Vermont တက္ကသိုလ်မှ ထုတ်လုပ်ထားသော အီလက်ထရွန်းနစ် ဆေးပေးစက်ဖြင့် လူနာများကို ဆေးပေး ဝေမှုအား ထိန်းချုပ်လျက်ရှိရာ အောင်မြင်မှု အထိုက်အလျောက် ရရှိနေပြီ ဖြစ်ကြောင်း၊ နေအိမ်နှင့် မိသားစုများတွင်လည်း အကိုက်အခဲ ပျောက်ဆေးစွဲရောဂါ ဖြစ်ပွားနေသူများ အတွက် အဆိုပါ အီလက်ထရွန်းနစ် စက်ဖြင့် ထိန်းချုပ် နိုင်မည်ဖြစ်ကြောင်း၊ နေ့ စဉ် လိုအပ်သည့် ပမာဏကိုသာ သုံးစွဲခြင်းဖြင့် ဆေးစွဲရောကို ကုသပျောက်ကင်း နိုင်မည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

Tuesday, December 13, 2016

ဘိန်းဖြူပါသော ဆေးဝါးများနှင့် အကိုက်အခဲပျောက်ဆေး အပြင်းစားများ၏ ဒဏ်ကို မွေးကင်းစများတွင် တွေ့ ရ



မီချီဂန် ၊ ၁၃-၁၂-၂၀၁၆

အမေရိကန် ပြည်ထောင်စုတွင် ဘိန်းဖြူပါသော ဆေးဝါးများနှင့် အကိုက်အခဲ ပျောက်ဆေး အပြင်းစားများ၏ ဒဏ်ကို  မွေးကင်းစ ကလေးများတွင် စတင်တွေ့ ရှိနေရပြီး ၄င်းတို့ ၏မိဘအများစုမှာ ဝေးလံသီခေါင် သော အစွန်အဖျားဒေသ များတွင် နေထိုင်သူများ ဖြစ်ကြောင်း မီချီဂန် တက္ကသိုလ်မှ သုတေသီ များက ပြောသည်။

သုတေသီများက ၂၀၀၄ ခုနှစ်မှ စတင်ကာ ဘိန်းဖြူပါသော ဆေးဝါးနှင့် အပြင်းစား အကိုက်အခဲ ပျောက်ဆေးများ၏ မွေးကင်းစ ကလေးငယ်များ အပေါ် ဆိုးကျိုး သက်ရောက်မှုကို ၂၀၁၃ အထိ စောင့်ကြည့်လေ့လာ ခဲ့ရာ မွေးကင်းစ ကလေး ၂၁  ရာခိုင်နှုန်းထက် မနည်းတွင် ဆေးကြောင့်ဖြစ်သော ချို့ ယွင်းမှုများကို မွေးရာပါ အဖြစ် တွေ့ ရှိရခြင်း ဖြစ်ကြောင်း၊ အဆိုပါ ချို့ယွင်းချက် များမှာ တက်တတ်ခြင်း၊ လွန်ကျူးစွာ ငိုကြွေးခြင်း၊ အသက်ရှူရာတွင် အခက်အခဲ ဖြစ်ခြင်း၊ အိပ်စက်ပုံ နှင့် အစာ စားသောက်ပုံမှာ သာမန်ကလေးငယ် များကဲ့သို့ မဟုတ်ဘဲ တွန့် ဆုတ် ကြောက်ရွံ့ နေတတ်ခြင်းတို့  ဖြစ်ကြောင်း၊ ၄င်းတို့ ကို မက်သဒုံး တိုက်ကျွေးခြင်းများ ပြုလုပ်ရတတ်ပြီး ကလေးငယ် များကို ဆေးရုံတွင် ရက်သတ္တပတ် မှ လပေါင်းများစွာ အထိ ကုသမှု ပေးရတတ်ကြောင်း သိရသည်။ 

" ကျေးလက်ဒေသက မွေးကင်းစတွေမှာ ဆေးကြောင့် ဖြစ်တဲ့ ချို့ ယွင်းမှု တွေကို အရင်ကထက် ခြောက်ဆပိုပြီး တွေ့ရပါတယ်။ ၂၀၀၄ တုန်းက ကလေး ၁၀၀၀ မှာ ၁ ယောက်နှုန်း ဖြစ်ခဲ့ရာကနေ ၂၀၁၃ မှာ ၁၀၀၀ မှာ ၈ ယောက်နှုန်း လောက်မှာ ဆေးကြောင့်ဖြစ်တဲ့ ချို့ယွင်းမှုတွေကို တွေ့ရတာပါ။ မြို့ပြဒေသ တွေမှာတော့ အရင်က ၁၀၀၀ မှာ ၁ ယောက်နှုန်း ကနေ ၁၀၀၀ မှာ ၅ ယောက်နှုန်း အထိပဲ တက်ခဲ့တာကို တွေ့ရပါတယ်။ မိခင်တွေက ဘိန်းဖြူပါတဲ့ အပြင်းစား အကိုက်အခဲ ပျောက်ဆေးတွေကို သောက်လို့  ဖြစ်တာပါ။ အဓိကကတော့ အောက်စီကိုဒုန်း နဲ့  အခြားသော ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေအပြင် တရားမ၀င် မူးယစ်ဆေးဝါး သုံးစွဲမှုလည်း ပါနိုင်ပါတယ် " ဟု သုတေသီ တစ်ဦးက ပြောပြသည်။ 

ထို့ ကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ အနေဖြင့် ဆရာဝန် ညွှန်ကြား၍ ဖြစ်စေ၊ မိမိသဘောနှင့် မိမိဖြစ်စေ အကိုက်အခဲ ပျောက်ဆေး အပြင်းစားများ၊ ဘိန်းဖြူပါသော ဆေးဝါးများကို အလွန်အကျွံ မသောက်သုံး ခြင်းဖြင့် မွေးဖွားလာမည့် ရင်သွေးကို ကာကွယ် စောင့်ရှောက်ပေးရန် လိုအပ်ကြောင်း ၄င်းက ဆက်လက် ပြောပြသည်။

မြ၀တီနေ့စဉ်သတင်းစာ

Tuesday, December 6, 2016

ဆေးခြောက်အဆီ ကို ထုတ်ယူ၍ ၀က်ရူးပြန်ကြောင့် တက်ခြင်းကို ကာကွယ်မည့်ဆေးထုတ်ရန် ကြိုးပမ်း



နယူးယောက် ၊ ၆-၁၂-၂၀၁၆

ပြင်းထန်သော ဝက်ရူးပြန် ရောဂါကြောင့် တက်ခြင်းကို ကာကွယ် ပေးနိုင်မည့် ဆေးတစ်မျိုးကို ဆေးခြောက်မှ ထုတ်ယူရရှိသော အဆီကို အသုံးပြု၍ ထုတ်လုပ်ရန် ကြိုးပမ်းလျက် ရှိကြောင်းနှင့် ဆေးခြောက်မှ ရရှိသည့် အဆီအနှစ် များကို အသုံးပြုခြင်း ဖြစ်သော်လည်း ဆေးခြောက်ကဲ့သို့ စိတ်ကိုပြောင်းလဲ စေသည့် အာနိသင် ရှိမည်မဟုတ်ကြောင်း အမေရိကန် သုတေသီများက ပြောပြသည်။

ဆေးခြောက်တွင် တွေ့ရလေ့ရှိသော ကန်နာဘီဒီရောလ် (CBD) ဓာတုပစ္စည်းကို ပြန်လည်သန့်စင်ကာ ရရှိသော အရည်ဖြင့်ပြုလုပ် ထားသော ဆေးဖြစ်ကြောင်း၊ CBD သည် ဦးနှောက်အပေါ် အကျိုး သက်ရောက်မှု ရှိသော်လည်း စိတ်ကိုပြောင်းလဲ စေမည် မဟုတ်ကြောင်း၊ ထို့ကြောင့် ဝက်ရူးပြန်လျှင် တက်သည့် ဝေဒနာကို ကာကွယ်လျှော့ချ ပေးနိုင်မည် ဖြစ်သော်လည်း ဆေးခြောက် သုံးစွဲသည့် အတိုင်း စိတ်ကို ပြောင်းလဲစေကာ မူးယစ်ထုံထိုင်း စေမည် မဟုတ်ကြောင်း သိရသည်။

သုတေသီများက တစ်လအတွင်း လေးကြိမ်ထက် မနည်း တက်ခဲ့သည့် ဝက်ရူးပြန် ဝေဒနာရှင် ကလေးငယ် ဦးရေ ၁၂ဝ ထက်မနည်းကို လေ့လာဆန်းစစ် ခဲ့ကြောင်း၊ ထို့နောက် ၄င်းတို့အား CBD ဆေးကို တစ်ရက် နှစ်ကြိမ်နှုန်း ဖြင့် ၁၄ ပတ်ထက် မနည်း တိုက်ကျွေး ခဲ့ကြောင်း၊ ထိုအခါ ၄င်း ကလေးငယ်များ၏ ဝက်ရူးပြန်ပြီး တက်သည့် ဝေဒနာသည် မူလ ကထက် ၃၉ ရာခိုင်နှုန်း ကျဆင်း သွားခဲ့သည်ကို တွေ့ရှိရကြောင်း၊ ယခုတစ်ကြိမ် စမ်းသပ်ခဲ့သော ဝက်ရူးပြန်ရောဂါ အမျိုးအစားသည် Dravet အမျိုးအစား ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၇)

Monday, November 28, 2016

ပဋိဇီဝဆေးဝါးများ ၏ အရှုံးနိဂုံး


ပဋိဇီဝဆေးဝါးများ ၏ အရှုံးနိဂုံး

ပါမောက္ခ ဒေါက်တာ ခင်ဖြူပြာ

ပဋိဇီဝဆေး စတင်ပေါ်လာ ခြင်းသည် သန်းပေါင်း များစွာသော လူသားများ အသက်ကို ကယ်တင် လာနိုင်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် လူသားများသည် ပဋိဇီဝဆေးများ အရောင်းအဝယ် ပြုလုပ်ရာ ဈေးကွက်ကြီး တစ်ခု ဖြစ်လာသည်။ ဤသို့ ပဋိဇီဝဆေး များကို လူသားများ က ပရမ်းပတာ အသုံးချခြင်းနှင့် ဗက်တီးရီးယား ပိုးမွှားများ၏ ဉာဏ်ရည် အစွမ်း ထက်မြက်မှုသည် ပဋိဇီဝ ဆေးဝါးယဉ်ပါး ခြင်းကို ဖြစ်လာစေသည်။ ယင်းကဲ့သို့ လူသား၊ ပိုးမွှားများနှင့် ပဋိဇီဝဆေး သုံးပွင့်ဆိုင် တိုက်ပွဲ တွင် လူသားများက တစ်ချိန်ချိန်တွင် အရှုံးဖြင့် ရင်ဆိုင် လာနိုင်သည်။ ယခုအခါတွင် ပဋိဇီဝ ဆေးယဉ်ပါးခြင်း ပြဿနာသည် ၂၁ ရာစု ကမ္ဘာကြီးအား ခြောက်လှန့် လျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ပဋိဇီဝဆေး မနိုင်ခြင်းကြောင့် သေဆုံးသည့် လူ အရေအတွက်မှာ တစ်နှစ်လျှင် လူ ၇ဝဝဝဝဝ ခန့် ရှိသောကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့သည် ပဋိဇီဝ ဆေးဝါးများ၏ အရှုံးနိဂုံး ကို မည်သို့ရှောင်လွှဲ နိုင်ပါမည်နည်း။

ပဋိဇီဝဆေးကို အသုံးပြုရာတွင် ကျွန်ုပ်တို့၏ အယူအဆ၊ အပြုအမူများကို ပြောင်းလဲပြင်ဆင် ကြရမည်။ ကျွန်ုပ်တို့သည် ပဋိဇီဝဆေး များကို လူသားများ ဆေးကု ရာတွင်သာမက တိရစ္ဆာန်များကို မွေးမြူခြင်း၊ ကုသခြင်း များနှင့် တချို့သော အပင်များ စိုက်ပျိုးရာတွင် အသုံးပြု ကြရသည်။

ကျွန်ုပ်တို့ ပဋိဇီဝဆေး များကို အသုံးပြုမှု များလာလေလေ ပိုးမွှားများ၏ ဆေးယဉ်ပါးမှု များလေလေ ပင်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ပဋိဇီဝ ဆေးသုံးစွဲမှုကို လျှော့ချသင့်သည်။ အမေရိကန်မှ စိတ်ပညာရှင် တစ်ဦးက ဆရာဝန်များ၏ ပဋိဇီဝ ဆေးညွှန်း သုံးစွဲခြင်း ဆိုင်ရာ သုတေသန တစ်ခု ပြုလုပ်ခဲ့သည်။ သူက ဆရာဝန် ၂ဝဝ ကျော်ကို ပဋိဇီဝဆေး သုံးသောအခါ ပိုမို၍ တွေးခေါ် စဉ်းစားစေရန် ကြိုးပမ်းခဲ့သည်။ ဆရာဝန်များ ထံသို့ တစ်လလျှင် ပဋိဇီဝဆေး မည်မျှသုံးစွဲ နေကြောင်း အီးမေးလ်ဖြင့် လစဉ် သတိပေး ခဲ့သည်။ ထို့ပြင် ဆရာဝန် များ၏ ကွန်ပျူတာတွင် ဆေးသုံးသော အခါတိုင်း နှစ်ခါပြန် စဉ်းစားရန် သတိပေး ခဲ့သည်။ ဤကဲ့သို့ လုပ်ဆောင် ချက်သည် ဆရာဝန်များ၏ ပဋိဇီဝ ဆေးသုံးစွဲမှုကို သိသိသာသာ လျှော့ချ နိုင်ခဲ့ကြောင်း တွေ့ရှိရသည်။ ထို လုပ်ဆောင်ချက် ကို အမေရိကန်နိုင်ငံ ရှိ နေရာ အတော်များများ တွင် ပြန့်ပွား လုပ်ဆောင်နေပြီ ဖြစ်သည်။

ပဋိဇီဝဆေး များသည် တိရစ္ဆာန်များ၏ ကြီးထွားမှုကို အလွန်မြန်ဆန် စေသည့်အချက်ကို ၁၉၅ဝ ပြည့်နှစ် ကတည်းက တွေ့ရှိခဲ့သည်။ ထို့ကြောင့် ကမ္ဘာပေါ်ရှိ နေရာအတော် များများတွင် လယ်သမားများက ပဋိဇီဝဆေးကို တိရစ္ဆာန်များ ကြီးထွားမှု မြန်သည့် အားဆေးသဖွယ် အသုံးပြု လာကြသည်။ သို့ရာတွင် သိပ္ပံပညာရှင် များကလည်း ပဋိဇီဝဆေး ယဉ်ပါးမှုသည် တိရစ္ဆာန်မှ တစ်ဆင့် လူသို့ ပြန့်ပွားနိုင်ကြောင်း သုတေသန ပြုလုပ်ပြီး ဖြစ်သည်။

နယ်သာလန်နိုင်ငံ တွင် ကျွဲ၊ နွား၊ ဆိတ်၊ သိုး အစရှိသော တိရစ္ဆာန်များကို ပုံမှန် ပဋိဇီဝဆေး တိုက်ပြီး ကြီးထွားမှု မြန်စေရန် လုပ်ဆောင် နေကြသည်။ ထို့ကြောင့် နယ်သာလန် အစိုးရက မလိုအပ်ဘဲ ပဋိဇီဝဆေး သုံးသည်ကို တွေ့ရှိလျှင် တိရစ္ဆာန် ဆေးကုဆရာဝန် များကို ဆေးကုသခွင့် လိုင်စင် ပိတ်ပင်ခြင်း နှင့် လယ်သမား များအား ဒဏ်တပ်ခြင်းများ လုပ်ဆောင်ခြင်းဖြင့် ပဋိဇီဝဆေး သုံးစွဲမှု လျော့ပါးလာစေရန် လုပ်ဆောင်ခဲ့ သည်ကို တွေ့ရှိရသည်။

သက္ကရာဇ် ၂ဝ၃ဝ တွင် တရုတ်နိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ ရုရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံ နှင့် တောင်အာဖရိက နိုင်ငံများတွင် ပဋိဇီဝ ဆေးဝါးသုံးစွဲမှု နှစ်ဆ ဖြစ်လာဖွယ် ရှိသည်ဟု ခန့်မှန်းသည်။ ထိုသို့ဆိုလျှင် ဆေးယဉ်ပါးမှု သည်လည်း ပိုမိုများပြား လာမည်ဖြစ်သည်။

ထို့ကြောင့် သိပ္ပံပညာရှင် များက ပဋိဇီဝဆေး အသစ်များကို သမုဒ္ဒရာ၊ မိုးသစ်တော နှင့် သဲကန္တာရ များတွင် ရှာဖွေလာကြသည်။ လတ်တလော ကပင် ပနားမားနိုင်ငံရှိ ဆလော့ မျောက်သတ္တဝါ များ၏ အမွေးတွင် ကပ်နေသည့် ရေညှိတစ်မျိုး ထံမှ ပဋိဇီဝဆေးသစ်ကို စမ်းသပ် ဖော်ထုတ်နေပြီ ဖြစ်သည်။ ကူမိုးဒိုးဖွတ် များ၏ တံတွေးမှ ပဋိဇီဝဆေး အသစ်ကို တွေ့ရှိပြီ ဖြစ်ကြောင်း သတင်းကောင်း ကြားရသည်။

နော်တင်ဟန် တက္ကသိုလ်မှ အဏုဇီဝ ဗေဒပညာရှင် တစ်ဦးကလည်း ဗက်တီးရီးယား ပိုးမွှားများ၏ ဆက်သွယ်ရေး စနစ်ကို လေ့လာခဲ့သည်။ ကျွန်ုပ်တို့ အသက်ရှူ လိုက်သည့် လေထဲတွင် ပါသည့် ဗက်တီးရီးယား တစ်ကောင်သည် အဆုတ်ထဲသို့ ဝင်လာသည် ဆိုကြပါစို့။ ၄င်း ဗက်တီးရီးယားသည် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်ရှိ အိမ်စောင့် စစ်သားများ မမြင်အောင် ကွယ်ရာတွင် ပုန်းနေသည်။ မည်သည့် အသံမျှ မပြုပါ။ သူသည် အခြေအနေ အချိန်အခါ ကောင်းနှင့် ကြုံသောအခါ၊ ဥပမာ ကျွန်ုပ်တို့၏ အိမ်စောင့် စစ်သားများ အားနည်းနေသော အခါ သူကဲ့သို့ ပုန်းအောင်းနေသော ဗက်တီးရီးယား အချင်းချင်း ဆက်သွယ် လှုံ့ဆော်ပြီး ကျွန်ုပ်တို့၏ အိမ်စောင့်စစ်သား များကို အလဲထိုး တိုက်ခိုက်သည်။

ထို့ကြောင့် ၄င်းအဏုဇီဝ ဗေဒပညာရှင်၏ ယူဆချက်မှာ ဗက်တီးရီးယား ပိုးမွှားများ၏ ဆက်သွယ်ရေး စနစ်ကို ဖြတ်တောက်နိုင်သည့် နည်းလမ်း ဖော်ထုတ်နိုင်လျှင် လူသားများ အနိုင်ရရှိမည် ဖြစ်သည်။ သူမ၏ ဓာတ်ခွဲခန်း စမ်းသပ်ချက်ရလဒ် ကောင်းမွန်ကြောင်း သိရှိရသည်။

ဤကဲ့သို့ အလားတူ သုတေသနများ အမြောက်အမြား၊ ကမ္ဘာ့တခြား နေရာများတွင် လည်း အမြောက်အမြား လုပ်ဆောင်လျက် ရှိကြောင်း သိရှိရသည်။ လူသားများ ဘက်မှ ဗက်တီးရီးယား ၏ နေထိုင်မှု ဝန်းကျင် ဆက်သွယ်ရေး အနေအထားကို ပိုသိလေလေ ကျွန်ုပ်တို့ အနိုင်ရရှိ နိုင်လေဖြစ်သည်။ ရင်ဆိုင် တိုက်ခိုက်သည့် စစ်ပွဲများတွင် ကျွန်ုပ်တို့က ရန်သူ့ အကြောင်းကို ခရေစေ့တွင်းကျ ပိုသိလေ ပိုအောင်နိုင်လေ ဖြစ်သည်။ ကျွန်ုပ် တို့ ပဋိဇီဝ ဆေးဝါးများ၏ အရှုံးနိဂုံးကို မည်သို့ ရှောင်လွှဲ နိုင်ကြမည်နည်း ဆိုသည့် အချက်ကို ထပ်မံ၍ ရှာဖွေလေ တွေ့ရှိလေ ဆိုသော စကားအတိုင်း အားစိုက် လုပ်ဆောင် ကြရမည်ဖြစ်သည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၈)

Monday, September 12, 2016

ရှလကာရည် ဖြင့်ဝိတ်ချခြင်း



ဒေါက်တာ အေးမင်းထူး

ဒီ ၀ိတ်ချနည်းက အနောက်နိုင်ငံ တွေက ခေတ်စားတယ်။ ရှလကာရည် ကို Vinegar လို့ခေါ်တယ်။ အရသာ ချဉ်စူးစူး နဲ့ အနံ့ဆိုးတယ်။ တကယ်က အက်စစ် အပြင်းစား တစ်မျိုးဖြစ်တယ်။ ရှလကာရည် ထဲမှာ Acetic Acid ပါတယ်။ Acetic Acid က ဇီဝဖြစ်ပျက်မှုကို မြန်စေတယ်။ အဆီပိုတွေကို လောင်ကျွမ်းစေတယ်။ သကြားဓာတ် ကိုပါ ထိန်းညှိပေးသလို ၀ိတ်ကျအောင် ကူညီပေးတယ်။ ပုံမှန်အားဖြင့် ရှလကာရည် ထဲမှာ Acetic Acid  ၃ ရာခိုင်နှုန်း ကနေ ၉ ရာခိုင်နှုန်း ပါဝင်တယ်။ မီးဖိုချောင်သုံး ရှလကာရည် အဖြူမှာ Acetic Acid ၇ ရာခိုင်နှုန်းထိ ပါတယ်။ အပြင်းစားတွေက ၅ ရာခိုင်နှုန်း ကနေ ၂၀ ရာခိုင်နှုန်း အထိ ပါနိုင်တယ်။

ရှလကာရည်ထဲမှာ အကောင်းဆုံးက ပန်းသီးက ထုတ်တဲ့ Apple Cider Vinegar ( ACV ) ဖြစ်တယ်။ ၀ိတ်ချချင်တယ် ဆိုရင် ပန်းသီး ရှလကာရည် ကိုပဲ သုံးရမယ်။ သုံးတဲ့အခါ Unpasteurized or Raw Vinegar ခေါ်တဲ့ ပြုပြင်သန့်စင် မထားတဲ့ အရည်နောက်တဲ့ ပန်းသီး ရှလကာရည် ပဲ သုံးသင့်တယ်။ Bragg တံဆိပ် ပန်းသီး ရှလကာရည် က အကောင်းဆုံးလို့ ဆိုပါတယ်။

ပန်းသီး ရှလကာရည် မှာ Acetic Acid ၊ ဗီတာမင် နဲ့ သတ္တုဓာတ် တွေအပြင် Citric Acid, Succinic Acid ( Amber Acid) , Malic Acid, Amino Acids စတာတွေ ပါဝင်တယ်။ အထူးသဖြင့် Citric Acid ပဲ။ Citric Acid ကို ချဉ်တဲ့အသီး တွေမှာ တွေ့နိုင်တယ်။ ဗီတာမင်ကြွယ်ဝပြီး ကိုလာဂျင် ထုတ်လုပ်မှုများ စေလို့ ငယ်ရုပ်ဆင် နိုင်တယ်။ အသက်အရွယ် အိုမင်း ရင့်ရော်မှု ၊ အသားအရေ တွန့်ခေါက်မှု ကို ကာကွယ်ပေးတယ်။

ပိုကောင်းတက Citric Acid Cycle (ဒါမှမဟုတ်) TCA Cycle ( Tricarboxylic Acid) ကို သက်ဝင် လှုပ်ရှားစေတယ်။ TCA Cycle ဆိုတာ စွမ်းအင် ထုတ်လုပ်တဲ့ ဖြစ်စဉ်ပါ။ အဆီပိုတွေ ၊ သကြားဓာတ်တွေ ကို မြန်မြန် လောင်ကျွမ်းစေတယ်။ နောက် အာနိသင် တစ်ခုက Lactic Acid စွန့်ထုတ်မှုကို အားပေးတာပါ။ သွေးထဲမှာ Lactic Acid များလာရင် အားယုတ် ၊ နုံးချည့်တာ ဖြစ်မယ်။ ခန္ဓာကိုယ်ထဲမှာ TCA Cycle ဖြစ်စဉ် အသက်ဝင်လာ တာနဲ့ Lactic Acid နည်းပြီး အင်အား ကုန်ခန်းမှု လျော့ပါးလာမယ်။ ဇီဝဖြစ်စဉ် မြန်ပြီး အဆီပို လောင်ကျွမ်းမှု အားကောင်းပြီး အဆီကျ လာမယ်။ ဒါကြောင့် Natural Fat Blocker အဆီမတက်အောင် တားဆီးတဲ့ ဓာတ်တစ်မျိုး လို့ ပြောလို့ ရတယ်။

ဘယ်လို သောက်မလဲ

ပန်းသီး ရှလကာရည် ( Apple Cider Vinegar ) လက်ဖက်ရည်ဇွန်း နှစ်ဇွန်း နေ့စဉ် သောက်ပေးပါ။ သူ့ချည်း မသောက်သင့်ဘဲ ရေတစ်ဖန်ခွက် (200ml) နဲ့ ရောပြီးမှ သောက်ရမယ်။ အစာမစားခင် မနက်ပိုင်းနဲ့ ညပိုင်း သောက်နိုင်ရန် အကောင်းဆုံး ဖြစ်တယ်။ အစာအိမ် ရောဂါရှိရင် အစာစားပြီးမှ သောက်ပါ။ တစ်ရက်ကို ထမင်းစားဇွန်း နှစ်ဇွန်းထက် ပိုမသောက်သင့်ပါ။ တချို့ သွားကြွေလွှာကို မထိခိုက်အောင် ပိုက်နဲ့ စုပ်သောက် ကြတယ်။ သူရဲ့ ချဉ်တဲ့ အရသာမခံနိုင်ရင် ပျားရည် နည်းနည်း ထည့်လို့ရတယ်။ ယေဘုယျ အားဖြင့် ၃ လဆက်တိုက် သောက်ရတယ်။ ပြီးရင် ရက်သတ္တနှစ်ပတ် နားပြီး ပုံမှန်အတိုင်း ပြန်သောက် နိုင်တယ်။

ဘာတွေ သတိထားမလဲ

ကြာရှည် သောက်ရင် အိုင်အိုဒင်းဓာတ် ချို့တဲ့ လာတယ်။ ရေရှည်မှာ ပိုတက်ဆီယမ် ပမာဏ ကျဆင်းလာလို့ အရိုးပွ တတ်တယ်။ အစာအိမ်ရောဂါ အခံရှိသူတွေ လုံးဝ မသောက်သင့်ဘူး။ သွေးဆုံးပြီး အမျိုးသမီးတွေ မသုံးသင့်ပါ။ ကျောက်ကပ် ဟော်မုန်းတစ်မျိုး ဖြစ်တဲ့ Renin ကိုပါ သက်ရောက် စေတယ်။ ရှလကာရည် ရဲ့ အက်စစ်ဓာတ်က ကြွေလွှာ ပျက်စီးနိုင်တယ်။ တစ်ဖက်က အဆီကျနိုင် ပေမယ့် တခြား တစ်ဖက်မှာ ဆိုးကျိုးတွေ ဖြစ်လာနိုင်တာ သတိပြု ရပါမယ်။

ရှလကာရည် ၀ိတ်ချနည်း က အွန်လိုင်းမှာ ခေတ်စားတယ်။ သောက်ဆေးပုံစံ တောင် လာတယ်။ ဂျပန်နိုင်ငံက လေ့လာမှု တစ်ခုမှာ လေ့ကျင့်ခန်း မလုပ်ဘဲ နေ့စဉ် သောက်သုံးရုံနဲ့ သုံးလအတွင်း ကိုယ်အလေးချိန် လေးပေါင် ကနေ ရှစ်ပေါင် လောက် ကျတယ်လို့ ဆိုတယ်။ ကြွက်တွေမှာ စမ်းတော့ အဆီး ၁၀ ရာခိုင်နှုန်း ထိ ကျသွားတယ်။ ဒါပေမယ့် ဖြတ်ပြီး ရက်သတ္တ လေးပတ်အကြာ ၀ိတ်ပြန်တက် လာနိုင်တယ်။ ဒါပေမယ့် ခက်တာက သိပ္ပံနည်းကျ အချက်အလက်တွေ နည်းနေသေးတာ ဖြစ်တယ်။ ၀ိတ်ကျနိုင် ပေမယ့် သတိပြုရမှာတွေ ရှိတယ်။ အိမ်သုံး ရှလကာရည် အဖြူရဲ့ pH က 2.4 ရှိတာမို့ အက်စစ်ဓာတ် များတယ်။ ဒီတိုင်းသောက်ရင် အစာအိမ်နဲ့ အစာမျိုပြွန် ကို လောင်ကျွမ်း စေနိုင်တယ်။ အစာအိမ်ရောဂါ ရှိသူ လုံးဝ မစမ်းသုံး သင့်ပါ။ ရေရှည်မှာ အရိုးကို ထိခိုက်စေနိုင် ပါတယ်။

ရတနာပုံနေ့စဉ် ၊ စာ(၁၂)

Monday, August 15, 2016

OBIMIN အားဆေးအတွင်းသား အရောင်ပြောင်းလဲခြင်းနှင့် ပတ်သက်၍ ဆေးနမူနာများကို စမ်းသစ်စစ်ဆေးပြီးမှသာ အဖြေထုတ်ပြန် ပေးနိုင်မည်



နေပြည်တော် ၊ ၁၅-၈-၂၀၁၆

ကိုယ်ဝန်ဆောင်မိခင် အများစု သုံးစွဲကြသည့် OBIMIN အားဆေး အတွင်းသား အရောင်ပြောင်းလဲခြင်း နှင့်ပတ်သက်၍ ဆေးနမူနာများကို စမ်းသပ် စစ်ဆေးပြီးမှသာ အဖြေထုတ်ပြန် ပေးနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (နေပြည်တော်) မှ သိရသည်။

အဆိုပါအားဆေးကို ကိုယ်ဝန်ဆောင် မိခင်တစ်ဦးက ဆေးမသောက်မီ ဆေးတောင့်ကို ချိုးကြည့်ရာ ဆေးအတွင်းသားမှာ အမည်းရောင် အဖြစ် အရောင်ပြောင်း နေသည်ကို တွေ့ရှိရ၍ မိခင်များ သတိပြု သောက်သုံးကြရန် လူမှုကွန်ရက် စာမျက်နှာ၌ ဖော်ပြခဲ့ခြင်းမှစပြီး ဆေးအတွင်းသား အရောင်ပြောင်းလဲခြင်း ကိုမသိဘဲ သောက်သုံးမိသည့် မိခင်များက ရင်သွေးအတွက် စိုးရိမ်သဖြင့် ၄င်းတို့ သောက်နေသော ဆေးတောင့်များကို စမ်းသပ် ချိုးကြည့်ရာမှ ဆေးအတွင်းသား အရောင်ပြောင်းလဲမှု ဖြစ်စဉ် တွေ့ကြုံရခြင်း ဖြစ်သည်။ ယင်းအတွက် မြန်မာနိုင်ငံ အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန (နေပြည်တော်) က မည်သို့ ဖြစ်သည်ကို ပေးပို့လာသည့် ဆေးနမူနာ များအား စမ်းသပ် စစ်ဆေးပြီးမှသာ အဖြေထုတ်ပြန် ပေးမည် ဖြစ်သည်။

အဆိုပါ အကြောင်းအရာ နှင့် ပတ်သက်ပြီး OBIMIN အားဆေး တင်သွင်းသည့် Unitexd Pharma ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆေးသား အရောင် ပြောင်းလဲခြင်းကြောင့် ကိုယ်ဝန်ဆောင် မိခင်များ အနေဖြင့် စိုးရိမ်စရာ ဖြစ်နိုင်သော်လည်း အဆိုပါ ဆေးများမှာ အန္တရာယ်မရှိကြောင်း ၊ မြန်မာနိုင်ငံ၏ ရာသီဥတုမှာ ပူနွေးစိုစွတ်သည့် အတွက် ထားသိုမှု ပုံစံမမှန်လျှင် ဆေးအရောင် ပြောင်းလဲခြင်း ဖြစ်တတ်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

Monday, July 25, 2016

ရှားပါးရောဂါများတွင် သုံးစွဲရသောဆေးတချို့မှာ မှတ်ပုံတင်ခြင်းမပြုရသေး၍ ရောဂါဝေဒနာရှင်များက အာနိသင်တူဆေးဝါးများ ရှာဖွေဝယ်ယူနေရ



ရန်ကုန် ၊ ၂၅-၇-၂၀၁၆

ရှားပါးရောဂါများ အတွက် ပြည်တွင်း ဈေးကွက်အတွင်းရှိ ဆေးဝါးတချို့ မှာ မှတ်ပုံတင်ခြင်း မပြုရသေး ခြင်းကြောင့် ရောင်းချမှု ရပ်ဆိုင်းထား သဖြင့် ဝေဒနာရှင် များက အာနိသင်တူ ဆေးဝါးများကို ရှာဖွေဝယ်ယူ နေရကြောင်း ဆေးဝါးဈေးကွက် အတွင်းမှ သိရသည်။

''အဖြစ်နည်းပြီး ရှားပါးရောဂါ အတွက် အသုံးပြုရတဲ့ ဆေးတွေက အရောင်းအဝယ် ပါးတော့ ကုမ္ပဏီတွေက မှတ်ပုံတင် မထားကြဘူး။ ဒီအတိုင်း တရားမဝင် သွင်းတာမျိုးပဲ ရှိတယ်။ တရားဝင်အောင် FDA ကို တင်မယ်ဆိုရင် စရိတ်စက မကိုက်ပြန်ဘူး။ ကျွန်တော်တို့ ဘက်ကလည်း တရားမဝင် ဆေးတွေဖမ်းတယ် ကြားတော့ ဘယ်သူမှ မရောင်းရဲ ကြတော့ဘူး'' ဟု မင်္ဂလာဈေးမှ ဆေးဆိုင်ပိုင်ရှင် ကိုအောင်မိုးကျော် က ပြောသည်။

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန FDA ၏ ခွင့်ပြုချက် မရသည့် တရားမဝင် ဆေးဝါးများကို စစ်ဆေးသိမ်းဆည်း အရေးယူမှု များကြောင့် ရှားပါးရောဂါ များအတွက် ဆေးများကို ဆေးဆိုင်များ၌ ရောင်းချခြင်း မပြုတော့သဖြင့် ရောဂါခံစားနေရ သူများအနေဖြင့် ဝယ်ယူရန် ခက်ခဲနေကြောင်း ဆေးရောင်းချ သူများထံမှ သိရသည်။

ရှားပါးရောဂါ များအတွက် အသုံးနည်းသည့် ဆေးဝါးများ ဝယ်မရခြင်း ကြောင့် ဝေဒနာရှင်များ အနေဖြင့် အနာနှင့် ဆေးမတွေ့ ကြခြင်းကို မလိုလားသဖြင့် လိုင်စင်မဲ့ ဆေးဝါးများနှင့် ပတ်သက်၍ ဖြေရှင်းရန် နည်းလမ်းများ ရှာဖွေဆောင်ရွက် နေကြောင်း သိရသည်။ ထိုသို့ မှတ်ပုံတင် ထားခြင်း မရှိသည့် တရားမဝင် ဆေးများ ရောင်းချခွင့် မပြုတော့ခြင်းကြောင့် Myasthenia Gravis ရောဂါအတွက် Mestinon သောက်နေရသူ များမှာ ဆေးဝါးများ အလွယ်တကူ မဝယ်ယူ နိုင်သည့် အတွက် အခက်အခဲ များနှင့် တွေ့ကြုံ နေရကြောင်း Myasthenia Gravis ရောဂါခံစား နေရသူ တစ်ဦးက ပြောသည်။

အဆိုပါရောဂါ သည် ခွဲစိတ်ကုသမှု ခံယူရုံဖြင့် ရောဂါ ပျောက်ကင်းသည် ဟု မသတ်မှတ်နိုင်ဘဲ ရောဂါပြန်လည် မဖြစ်စေရေး ဆေးများပုံမှန် သောက်နေရန် လိုအပ်ကြောင်း၊ ဆေးမှန်မှန် မသောက်နိုင်ခြင်း သို့မဟုတ် ဆေးပုံမှန် မရရှိပါက မျက်စိ၌ ပုံရိပ်နှစ်ထပ် မြင်ခြင်းမှ အစပြု၍ အသက်ရှူ ကြွက်သားများ အားပျော့ကာ အမောဖောက်ပြီး အသက်အန္တရာယ် ထိခိုက် နိုင်ကြောင်း သိရသည်။

အဆိုပါရောဂါ အတွက် သောက်သုံးရန် ဆေးများကို ကုမ္ပဏီများက တင်သွင်းခြင်း မရှိဘဲ ပြင်ပဈေးကွက် များ၌သာ ဝယ်ယူ သုံးစွဲခဲ့ရပြီး မှတ်ပုံတင် ထားခြင်း မရှိသည့် တရားမဝင် ဆေးများ ဖမ်းဆီးခြင်း၊ FDA တွင် တရားဝင် မှတ်ပုံတင်ထားခြင်း မရှိခြင်း နှင့် ကုမ္ပဏီများက တရားဝင် တင်သွင်းသည့် အထဲတွင်လည်း မပါဝင်ခြင်း ကြောင့် အလွယ်တကူ ဝယ်ယူ၍ မရတော့ခြင်း ဖြစ်ကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၆)

Friday, July 1, 2016

စပျစ်သီးနဲ့ ပဋိဇီဝဆေးဝါးများ အန္တရာယ်


စပျစ်သီးနဲ့ ပဋိဇီဝဆေးဝါးများ အန္တရာယ်

( ပေါက်ပေါက် )

ကမ္ဘာပေါ်မှာ စပျစ်သီး မျိုးစိတ်ပေါင်း ၈ဝဝဝ ခန့်ရှိပြီး အရောင်နဲ့ အမျိုးအစား ပေါ်လိုက်၍ အရသာကလည်း ကွဲပြား နေပါတယ်။

စပျစ်သီးထဲမှာ ကျန်းမာရေး ကို အထောက်အကူ ဖြစ်စေတဲ့ Caffeic အက်စစ်၊ Resveratrol ၊ Bioflavonoids နဲ့ Polyphenols စတဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်း တွေပါရှိနေ ပါတယ်။ စပျစ်သီး အခွံအရောင် ရင့်လေ ကျန်းမာရေး အတွက် ပိုပြီး ဆေးဖက်ဝင် ပါတယ်။ ဆေးဖက်ဝင်အောင် အစေ့နဲ့အခွံ တွေကို ညက်ညက် ဝါးစားပေး ရမှာဖြစ်ပြီး အရွယ်ရောက်ပြီးသူ တစ်ဦးအတွက် တစ်နေ့ကို စပျစ်သီး လက်တစ်ဆုပ်စာ နံနက် သို့မဟုတ် ညအိပ်ရာ ဝင်ခါနီး စားသင့် ပါတယ်။ ဝိုင် (အနီ) သောက်သူတွေ အနေနဲ့ ညအိပ်ရာဝင် ခါနီးတိုင်း ၅ဝ စီစီလောက် သောက်ပေးနိုင် ပါတယ်။ စပျစ်သီးက ကိုယ်ခံ စွမ်းအားကို တိုးတက်မြင့်မား စေပြီး သွေးတိုး၊ ခေါင်းတစ်ခြမ်းကိုက်၊ ဝမ်းချုပ်၊ မျက်စိတိမ်စွဲ၊ အအေးမိ၊ နှာစေး၊ ချောင်းဆိုး၊ ဖျားနာ၊ အရိုးအဆစ်ရောင် (ဂေါက်) နဲ့ လေးဖက်နာ၊ Type 2 diabetes (ခေါ်) ဆီးချို၊ ဦးနှောက်နဲ့ အာရုံကြော၊ သွေးဆုံးကိုင်၊ လည်ချောင်းနာ၊ အာသီးရောင်၊ ပန်းနာ ရင်ကျပ်နဲ့ အသည်း အဆီဖုံး ရောဂါတွေကို ကောင်းကျိုးပြု ပါတယ်။

ဒါ့အပြင် လည်ချောင်း၊ အဆုတ်၊ အသည်း၊ အူမကြီး၊ ဆီးကျိတ်နဲ့ ရင်သားကင်ဆာ ဖြစ်နိုင်ခြေတို့ကို နည်းပါး စေပါတယ်။ နှလုံးသွေးကြော ပျက်စီးခြင်း၊ နှလုံးရောဂါ ဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း၊ DNA ကို တိုးမြှင့်ပေးကာ အသက်ရှည် ကျန်းမာစေခြင်း၊ ခန္ဓာကိုယ်တွင်း အဆိပ်အတောက် များကို ပြေပျောက်စေခြင်း၊ သည်းခြေကို သန့်စင်ပေးကာ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းနဲ့ ဆီးကျောက်တည် ဝေဒနာကို သက်သာစေခြင်း၊ သွေးအတွင်းရှိ ကိုလက်စထရော ကျစေတဲ့အပြင် ကိုယ်အလေးချိန် ကိုပါ ကျစေနိုင်ခြင်း၊ နာလန်ထစ လူနာတွေ ခံတွင်းလိုက်ကာ အားပြန်ပြည့် စေခြင်း၊ အိုမင်း ရင့်ရော်မှုကို နှေးကွေးစေခြင်း၊ အရိုးနဲ့ ကြွက်သား တစ်သျှူးတွေကို သန်မာ စေခြင်းတို့ ဖြစ်စေပါတယ်။

ဒါပေမဲ့ ပဋိဇီဝဆေးတွေ သောက်ပြီး ချက်ချင်း စပျစ်သီး ဒါမှမဟုတ် စပျစ်ဖျော်ရည် တွေကို သောက်မိမယ် ဆိုရင် အသီးထဲမှာ ပါတဲ့ အင်ဇိုင်း ဓာတုပစ္စည်း တွေက ပဋိဇီဝဆေး တွေနဲ့ ဓာတ်ဖောက်ပြန်ကာ ဘေးထွက်ဆိုးကျိုး အဖြစ် သွေးခုန်နှုန်း မြင့်မားပြီး မြန်ဆန်လာကာ ပျို့အန်မူးမော် နိုင်ပြီး အခန့်မသင့်ပါက သတိလစ်စေ ပါတယ်။

အထူးသဖြင့် သွေးကျဆေး၊ ကယ်လ်စီယမ် အားဖြည့်ဆေး၊ စိတ်ငြိမ်ဆေး၊ ကိုလက်စထရော ကျဆေး၊ အားဆေးအမျိုးမျိုး၊ အကိုက်အခဲ ပျောက်ဆေး၊ ကျား၊ မ ဟော်မုန်းအားဆေးနဲ့ HIV ဆေးတွေက စပျစ် သို့မဟုတ် စပျစ်ဖျော်ရည် တွေနဲ့ ဓာတ်ဖောက်ပြန်ကာ လူကိုအန္တရာယ် ဖြစ်စေနိုင် တာကြောင့် ပဋိဇီဝဆေးဝါးနဲ့ ကုသမှုခံယူ နေစဉ်မှာ စပျစ်သီး မစားသုံး သင့်ကြောင်း American Health Digest (ခေါ်) အမေရိကန် ကျန်းမာရေး အင်တာနက် သတင်းမှာ ဖော်ပြထား ပါတယ်။

ဒါ့အပြင် ပိုးသတ်ဆေး တွေနဲ့ အပင်ကြီးထွားဆေး စတဲ့ ဓာတုဆေးတွေ အန္တရာယ် က ကင်းဝေးအောင် စပျစ်သီးကို ရေစင်စင် ဆေးကြောပြီးမှ စားသုံးသင့် ပါတယ်။ မွေးရာပါ သွေးအားနည်း ရောဂါ ရှိသူတွေ၊ သံဓာတ် အားနည်းသူတွေ၊ အစာအိမ်နာ ရှိသူတွေ၊ ဆီးချိုရောဂါသည် တွေနဲ့ အဝလွန်သူတွေ စပျစ်သီးကို အလွန်အကျွံ မစားသင့် ပါဘူး။ သွားပိုးစားပြီး ကလိုင်ပေါက် ဖြစ်နေသူတွေ စပျစ်သီးကို ရှောင်နိုင်လေ ကောင်းလေပါပဲ။

စပျစ်သီး စားပြီးခါစနဲ့ စားနေစဉ်မှာ နို့၊ ငါး၊ ဘီယာ၊ ဘိလပ်ရည်နဲ့ ဖရဲသီးတို့ကို အလွန်အကျွံ မစားမိဖို့ လိုပါတယ်။ စားမိပါက အစာအိမ်ဝေဒနာ ကို ပြင်းပြင်းထန်ထန် ခံစားရတတ် ပါတယ်။ စပျစ်သီးက မည်မျှပင် ဆေးစွမ်းထက်ပါစေ တချို့သူတွေက စပျစ်သီးနဲ့ မွေးရာပါ ဓာတ်မတည့်မှုတွေ ဖြစ်စေနိုင်လို့ သတိပြု စားသုံးသင့် ပါတယ်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

Monday, February 15, 2016

အသုံးအများဆုံး ပိန်ဆေးများ



ဒေါက်တာ အေးမင်းထူး

လက်ရှိ ကမ္ဘာမှာ ရောင်းအကောင်းဆုံး ဆေးတွေက ပိန်ဆေးနဲ့ အသားလှဆေး တွေ ဖြစ်တယ်လို့ စစ်တမ်းတစ်ခုက ဖော်ပြထားတယ်။ ပိန်ဆေးဈေးကွက် တစ်ခုတည်း ကတင် ဒေါ်လာ ဘီလီယံနဲ့ ချီပြီး အမြတ်ငွေ ရရှိနေတယ်။ ပိန်ဆေးဆိုတာ လူတော်တော် များများရဲ့ သည်းခြေကြိုက် ဆေးပါ။ ပိန်ဆေးတွေကို အုပ်စုခွဲ လိုက်ရင် (၁) အစာ စားချင်စိတ် နည်းတဲ့ဆေး၊ (၂) အစာစုပ်ယူမှု တားမြစ်တဲ့ဆေး၊ (၃) အဆီ လောင်ကျွမ်းစေတဲ့ ဆေးဆိုပြီး အဓိကသုံးမျိုး ပဲ တွေ့တယ်။ ပိန်ဆေး ဆိုပေမယ့် အာနိသင် တွေလဲ အမျိုးမျိုး ရှိတယ်။ အဲဒီထဲကမှ ကမ္ဘာပေါ်မှာ လက်ရှိ အသုံးအများဆုံး ပိန်ဆေးတွေကို ဖော်ပြ လိုက်ပါတယ်။

(၁) Garcinia Cambogia
အသီးပုံစံက ရွှေဖရုံသီးနဲ့ တူတယ်။ Brindleberry ဒါမှမဟုတ် Malabar Tamarind အမျိုးမျိုး ခေါ်တယ်။ တချို့က အာသံသီး တဲ့။ အတွင်းသားမှာ Hydroxycittic Acid (HCA) ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တယ်။ ခန္ဓာကိုယ် ထဲမှာ ရှိတဲ့ အဆီဖြစ်ပေါ်စေတဲ့ အင်ဇိုင်းကို တားဆီးပေးတယ်။ Glycogen ပုံစံဖြင့်သာ သိမ်းဆည်း နိုင်အောင် ဆောင်ရွက်ပေးလို့ အဆီပိုတွေ တက်မလာ တော့ဘူး။ နောက်ပြီး ဆီရိုတိုနင် (Serotonin) ဓာတ်ကိုလဲ များစေတယ်။ အဲဒီဓာတ်ကြောင့် ရင်ခံစေတယ်။ အစာစားချင်စိတ် လျော့ နည်း စေတယ်။ ၂ဝ၁၁ ခုနှစ် လေ့လာမှုတွေ အရ ဒီဆေးက နှစ်ပတ်အတွင်း နှစ်ပေါင်ကျ စေနိုင်သတဲ့။ အသီးက ထုတ်တာဖြစ်လို့ ဘေးထွက်ဆိုးကျိုး နည်းတယ်။ ဒါပေမဲ့ အစာမကြေ၊ ရင်ပြည့်တာမျိုး ဖြစ်နိုင်တယ်။

(၂) Hydroxycut
ကမ္ဘာမှာ နာမည်အကြီးဆုံး ပိန်ဆေးတွေ ထဲက တစ်မျိုး ဖြစ်တယ်။ သုံးစွဲသူ အလွန်များတယ်။ Hydroxycut ထဲမှာ ကဖင်းနဲ့တခြား ဝိတ်ကျစေတဲ့ ဟာဗယ် အဆီအနှစ်တွေ ပေါင်းစပ် ထုတ်လုပ် ထားတယ်။ လေ့လာမှု တစ်ခုအရ ဒီဆေးက သုံးလအတွင်း ၂၁ ပေါင်ထိ ကျဆင်းနိုင် တယ်။ ဘေးထွက် နည်းနည်း များတယ်။ ကဖင်းကြောင့် ရင်တလှပ်လှပ် ဖြစ်တာ၊ ရင်တုန် လက်တုန်၊ စိတ်လှုပ်ရှား လွယ်၊ စိတ်တိုလွယ်၊ ပျို့ချင် အန်ချင်၊ ဝမ်းသွားချင်တာ ဖြစ်တတ်တယ်။ သုံးစွဲတာ ဆယ်စုနှစ် တစ်ခုကျော်လွန် ခဲ့ပေမယ့် ရေရှည် သက်ရောက်မှု သေချာ မသိသေးပါ။

(၃) Caffeine
ကဖင်းကို နောက်ပိုင်း ဝိတ်ချရာမှာ သုံးလာကြတယ်။ ကော်ဖီ ၊ လက်ဖက်စိမ်း၊ ချောကလက် ထဲမှာ ပါလေ့ရှိတယ်။ အချိုရည်တွေ ထဲမှာလဲ ပါလေ့ရှိတယ်။ ဒီနောက်ပိုင်း အဆီချ ကော်ဖီ၊ လက်ဖက်ရည် စတဲ့ အထုပ်တွေ ထဲမှာ ကဖင်းကို ဝိတ်ထိန်းဖို့ သုံးတတ်တယ်။ အဓိက အာနိသင်က စိတ်အာ ရုံ နိုးကြား စေတယ်။ ဇီဝ ဖြစ်ပျက်မှုကို အားပေးတယ်။ တစ်နည်းအားဖြင့် အဆီပိုတွေ လောင် ကျွမ်း စေတယ်။ ရေတို လေ့လာမှုတွေ အရ ဇီဝဖြစ်ပျက်မှု (Metabolism) ကို ၁ဝ ရာခိုင်နှုန်း မြင့် တက်စေပြီး အဆီပို လောင်ကျွမ်းမှုကို ၃ဝ ရာခိုင်နှုန်းထိ များပြား စေတယ်လို့ ဆိုတယ်။ ဘေးထွက်ဆိုးကျိုး အနေနဲ့ ကော်ဖီသောက်ရင် ခံစားရတာတွေ ဖြစ်နိုင်တယ်။ ရင်တုန်၊ လက်တုန်၊ ပျို့အန်၊ စိတ် လှုပ်ရှားလွယ်၊ စိတ်တိုလွယ် တာမျိုး။ ရေရှည်သုံးရင် အာနိသင် တဖြည်းဖြည်း နည်းလာတယ်။ နောက်ပိုင်း မှာ ဆေးစွဲ တာမျိုး ဖြစ်နိုင်တယ်။

(၄) Orlistat
Xenical နာမည်နဲ့ ရပါတယ်။ နိုင်ငံခြားမှာ Orlistat 120mgu က ဆရာဝန်ညွှန်ကြား ချက်နဲ့ သောက်ရပေမယ့် Orlistat 60mg(alli) က လက်မှတ် မလိုပါဘူး။ Orlistat က အစားအသောက်မှာ ပါတဲ့ အဆီတွေကို အူက မစုပ်ယူနိုင်အောင် တားမြစ်လိုက်တာ ဖြစ်တယ်။ အာဟာရက အဆီစုပ်ယူမှု ၃ဝ ရာခိုင်နှုန်း ဖြတ်တောက် နိုင်တယ်။ ပျမ်းမျှအလေးချိန် ခြောက်ပေါင် ကျဆင်းတယ်။ ဘေးထွက် အနေနဲ့ ၀မ်းထဲ အဆီပါတာ ရှိတယ်။ အဆီ လျှော့စားတာက ဘေးထွက် ပိုနည်းစေတယ်။ ဝမ်းလွယ်တယ်။ လေတက်တယ်။ Vitamins A, D, E and K လျော့နည်းနိုင်တယ်။ စိတ်ဝင်စားစရာက သွေးတိုး ဖြစ်နိုင်ခြေကို ကျဆင်းစေပြီး ဆီးချိုဖြစ်ပွားမှုကို ၃၇ ရာခိုင်နှုန်း လျော့ကျ စေသတဲ့။

(၅) Raspberry Ketone
Raspberry Ketone ဆိုတာ Raspberry အသီးမှာ တွေ့ရတဲ့ ပစ္စည်းတစ်မျိုး ဖြစ်တယ်။ ဆေးမှာ ထူးခြားတဲ့ အနံ့ရှိတယ်။ လေတက်တဲ့အခါ ဒီအနံ့မျိုး ထွက်လာ တတ်တယ်။ အထူးသဖြင့် ဝိတ်ကျစေ တဲ့ ဟော်မုန်းတစ်မျိုး ဖြစ်တဲ့ Adiponectin ကို မြင့်တက် စေတယ်။ အာနိသင်က အဆီပိုတွေကို ဖြိုခွဲပေးနိုင်တယ်။ ကြွက်တွေမှာ လေ့လာတဲ့ အခါ အာနိသင် အထူး ကောင်းမွန်ပေမယ့် လူတွေမှာ တကယ် အာနိသင် ရှိနိုင်မလား ဆက်လက် စမ်းသပ်ရအုံးမှာ ဖြစ်တယ်။

(၆) Green Coffee Beans
Green Coffee Beans ဆိုတာ လှော်မထား ရသေးတဲ့ ကော်ဖီစေ့ အစိမ်းသက်သက် ကို ပြော တာပါ။ ကော်ဖီစေ့ထဲမှာ အဓိက ဓာတ်နှစ်မျိုး ပါတယ်။ Caffenine (ကဖင်း) နဲ့ Chlorogenic Acid တို့ဖြစ်တယ်။ ကဖင်းက အဆီပို လောင်ကျွမ်းစေပြီး ဝိတ်ကျစေတယ်။ Chlorogenic Acid ကာဗိုဟိုက်ဒရိတ် ဖြိုခွဲမှုကို တားဆီးပေးလို့ သွေးတွင်း ကစီဓာတ် နည်းစေတယ်။ ကော်ဖီစေ့က ထုတ်တဲ့ ပိန်ဆေးတွေ က ယေဘုယျ ငါးပေါင်လောက် ဝိတ်ကျစေတယ်။ ဘေးထွက် တွေတော့ ရှိတယ်။ ကဖင်းအာနိသင် က သွေးတက်စေပြီး Chlorogenic Acid ကြောင့် ဝမ်းလျှောနိုင်တယ်။

(၇) Glucomannan
Glucomannan ဟာ အမျှင်ဓာတ် ကြွယ်ဝတယ်။ အူတွင်း အကျိုးပြု ဗက်တီးရီးယားကို အားပေးတယ်။ ဂျယ်လီလိုပဲ ကပ်စေးစေး ပုံစံမျိုးဖြစ်ပြီး အူထဲရောက်တာနဲ့ အလိုလို ရင်ပြည့်သလို ဖြစ်နေမယ်။ အမျှင်ဓာတ်က ဝမ်းမှန်စေတယ်။ အဆီပိုတွေ ဖယ်ရှားနိုင်တယ်။ သွေးတွင်း သကြားဓာတ် သာမကပဲ ကိုလက်စထရော ကို ကျဆင်းစေတယ်။ ဆေးကြောင့် ရင်ပြည့်ရင်ကယ် လေထိုးလေတက် ဖြစ်နိုင်တယ်။ ဝမ်းပျော့နေမယ်။ ဆေးကို အစာမစားခင် နာရီဝက်စောပြီး ကြိုသောက်ထားပါ။ အစားအသောက်၊ အနေအထိုင် ဆင်ခြင်နိုင်ရင် ငါးပတ်အတွင်း ၁ဝ ပေါင်လောက် ကျနိုင်ပါသတဲ့။

(၈) Meratrim
ဝိတ်ကျစေတဲ့ သဘာဝအပင်၊ အဆီအနှစ်က ထုတ်ယူဖော်စပ် ထားတယ်။ Meratrim က အဆီဆဲလ် စုဖွဲ့မှုကို တားဆီးတယ်။ သိုလှောင် ထားတဲ့ အဆီပျဉ်တွေကို လောင်ကျွမ်း စေတယ်။ ဒါတင်မက သွေးကြော ထဲမှာရှိတဲ့ အဆီဓာတ်ကို လျော့နည်းစေတယ်။ ရှစ်ပတ်ကြာ လေ့လာ မှုအရ ဒီဆေး သောက်သူဟာ အဆီပို ၁၁ ပေါင် ကျဆင်းစေပြီး ဗိုက်အဆီပျဉ် ခါးဆိုဒ်ကို ၄ ဒသမ ၇ လက်မထိ လျော့နည်း သွားစေတာ တွေ့ရတယ်။ ဒါ့ပြင် သကြားဓာတ်၊ ကိုလက်စထရော နဲ့ ထရိုင်ဂလစ် ဆရိုက် အဆီကိုပါ လျော့ကျစေတာ တွေ့ရတယ်။

(၉) Green Tea Extract
သဘာဝ အဆီကျဆေး တော်တော်များများမှာ လက်ဖက်စိမ်း ကိုလဲ အသုံးများတယ်။ အဲဒီထဲမှာပါတဲ့ Catechin နဲ့ EGCG ( Epigallocatechin Gallate ) ဓာတ်တွေက Norepinephrine ပမာဏကို များစေလို့ အဆီပိုတွေ လောင်ကျွမ်းမှုကို အားပေးတယ်။ အထူးသဖြင့် ခါးမှာရှိတဲ့ အဆီပိုတွေ လျော့ နည်းသွားတာ ဖြစ်တယ်။ ဆေးသောက်သူဟာ ဘေးထွက် ကြီးကြီးမားမား မရှိပေမယ့် ညဘက်သောက်ရင် အိပ်မပျော်တာမျိုး ရှိတတ်တယ်။

(၁ဝ) CLA(Conjugated Linoleic Acid)
CLA ဆိုတာ ထောပတ်၊ ဒိန်ခဲ စတာတွေမှာ ပါတဲ့ Trans Fats အဆီတစ်မျိုးသာ ဖြစ်တယ်။ ဇီဝဖြစ်ပျက်မှုကို အားပေးပြီး အဆီပို ချေဖျက်ခြင်းကို အားပေးတယ်။ ရင်ပြည့်ရင်ကယ် လေပွသလို ခံစားရလို့ အစာစားချင် စိတ်ကို လျော့နည်း စေတယ်။ သွေးတွင်း အဆီကိုပါ ကျဆင်းစေလို့ နှလုံးသ မားတွေကို ပေးကြ တယ်။ လေ့လာမှုတွေ အရ တစ်ပတ်ကို ပျမ်းမျှ သုည ဒသမ၂ ပေါင်သာ ကျဆင်းစေနိုင်ပြီး ၂ဝ၁၂ ခုနှစ်က လေ့လာမှုမှာ သုံးပေါင်ထိ ကျဆင်း နိုင်တယ်လို့ ဖော်ပြထား တယ်။ ဆေးကို အနည်းဆုံး ခြောက် လထိ သောက်မှ အာနိသင်ရှိတယ်။ ဒါပေမဲ့ ဝိတ်ချတဲ့အခါ ခြောက်လထက် ပိုမသောက်သင့် ပါဘူး။ တာရှည်မှာ အသည်း အဆီဖုံးတာ၊ အင်ဆူလင် မတိုးတာမျိုး ဖြစ်နိုင်တယ်။

(၁၁) Forskolin
Forskolin ဆိုတာ ကော်ဇော ရွက်လှပင် မှာပါဝင်တဲ့ ဓာတ်တစ်မျိုး ဖြစ်တယ်။ ဖောစကိုလင် (Forskolin) က ဆဲလ်တွင်း အဆီပို လောင်ကျွမ်းမှု အားပေးတဲ့ CAMP ပမာဏ မြင့်တက် လာစေတယ်။ ဝိတ်များတဲ့ သူတွေကို လက်တွေ့ စမ်းသပ်ကြည့်တဲ့ အခါ ခန္ဓာကိုယ် အဆီပျဉ် ကျဆင်းစေပြီး ကြွက်သားထုထည် တက်လာစေတယ်။ ဒါပေမဲ့ တခြားလေ့လာမှု တစ်ခုအရ ဒီဆေးမှာ ဝိတ်ကျစေတဲ့ အာနိသင်မျိုး မရှိပါဘူးလို့ ဆိုတယ်။ ဒါကြောင့် သတိထားရမယ်။ ရေရှည်အကျိုး သက်ရောက်မှု ကိုတော့ ဆက်လက် လေ့လာဖို့ လိုအပ် နေသေးတယ်။

(၁၂) Bitter Orange
လိမ္မော်ခါးမှာ Synephrine ဆိုတဲ့ဓာတ် ပါတယ်။ သူက Ephedrine နဲ့တူတယ်။ အာနိသင်က အစာစားချင်စိတ် နည်းစေပြီး အဆီ လောင်ကျွမ်းမှုကို အားပေးတယ်။ ဒါပေမဲ့ Ephedrine လောက် အစွမ်းမထက်ဘူး။ နောက် ပြဿနာ တစ်ခုက ဆေးစွဲတတ်တာပဲ ဖြစ်တယ်။ Synephrine အကြောင်း သိပ်မသိပေမယ့် Ephedrine ကတော့ သိသိသာသာ ဝိတ်ကျစေတယ်။ ရေတိုမှာ ကောင်းပေမယ့် ရေရှည် အကျိုး သက်ရောက်မှု ရှိ၊ မရှိ ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်တယ်။

တခြား ဆရာဝန် ညွှန်ကြားချက်နဲ့ သုံးလို့ရတဲ့ ဆေးတွေလဲ ရှိတယ်။ Contrave ၊ Belviq ၊ Phentermine နဲ့ Qsymia တို့ဖြစ်တယ်။ ၂ဝ၁၄ ခုနှစ်လေ့လာမှုမှာ ဒီဆေးတွေကလဲ တခြား ဝိတ်ချဆေး တွေထက် အာနိသင် ထူးကောင်းတာမျိုး မရှိဘဲ အလေးချိန် ၃ ရာခိုင်နှုန်း ကနေ ၉ ရာခိုင်နှုန်း လောက်သာ ကျဆင်းစေတယ် လို့ဆိုတယ်။ ဒါပေမဲ့ ပိန်ဆေးတွေ ကတော့ ရောင်းအား ကောင်းဆဲပါ။ အားလုံးကို ခြုံကြည့်ရင် အဆီ လောင်ကျွမ်းမှုကို ဖြစ်စေတာ ကဖင်းနဲ့ လက်ဖက်စိမ်း တို့ဖြစ်ပြီး အဆီချပေးတာက Glucomannan , CLA နဲ့ Orlistat တို့ဖြစ်တယ်။ ဝိတ်ကျစေတာမှန်ပေမယ့် ဆေးချည်း အားကိုးလို့မရပါ။ တကယ် ဝိတ်ကျဖို့ လေ့ကျင့်ခန်း သာမက ကစီဓာတ်နဲ့ အဆီ အစားအသောက် ကိုလျှော့ချပြီး ပရိုတင်းများများ စားတာက အသင့်တော်ဆုံး ဖြစ်ပါတယ်။

ရတနာပုံနေ့စဉ် ၊ စာ(၂၃)

Friday, December 18, 2015

အကိုက်အခဲပျောက်ဆေးကို ရွေးချယ်တတ်ရန် လိုအပ်



အကိုက်အခဲ ပျောက်ဆေးများကို နိုင်ငံတကာတွင် ဆရာဝန်ဆေးညွှန်း မပါဘဲ ဝယ်ယူခွင့်ရှိရာ မိမိခံစား နေရသည့် ဝေဒနာနှင့် ကိုက်ညီသည့် အကိုက်အခဲ ပျောက်ဆေးကို ရွေးချယ် ဝယ်ယူခြင်းက ပို၍ထိရောက် နိုင်မည် ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ အခြေစိုက် Royal Pharmaceutical Society မှ ပြောပြ၍ သိရသည်။

ထို့ပြင် အကိုက်အခဲ ပျောက်ဆေး အမျိုးအစား ကွဲပြားလျှင် ကွဲပြားသည့် အလျှောက် သက်သာ ပျောက်ကင်း စေနိုင်သည့် ဝေဒနာသည်လည်း မတူ ကွဲပြားကြောင်း၊ Paracetamol ၊ Ibuprofen ၊ Aspirin ကဲ့သို့ ကမ္ဘာကျော် အကိုက်အခဲ ပျောက်ဆေး သုံးမျိုးသည် သက်သာပျောက်ကင်း စေပြီး ဝေဒနာချင်းလည်း ကွဲပြားကြောင်း ၄င်းက ဆက်လက် ပြောပြသည်။

''Paracetamol ဆိုရင် ခေါင်းကိုက်ဝေဒနာ၊ သွားကိုက်ဝေဒနာ အစရှိတာတွေ အတွက် သင့်တော်ပါတယ်။ အဖျားကျဖို့လဲ အသုံးတည့် ပါတယ်။ Ibuprofen ကျတော့ ရောင်ရမ်းနာကျင် နေတဲ့ ဝေဒနာမျိုးတွေကို ပိုပြီး သင့်တော်တဲ့ အတွက် အဆစ်အမျက် ရောင်နာ မျိုးအတွက် Paracetamol မသောက်ဘဲ Ibuprofen ကို ရွေးချယ်သင့်ပါတယ်။ Aspirin ကျတော့ Ibuprofen လိုပဲ ရောင်ရမ်းနာကျင် ကိုက်ခဲမှု တွေအတွက် ကောင်းမွန်တယ် ဆိုပေမယ့် အသက် ၁၆ နှစ်အောက်အရွယ် ကလေးတွေကို ဆရာဝန် မညွှန်းဘဲ မသောက်သင့်တဲ့ ဆေး အမျိုးအစား ဖြစ်ပါတယ်''ဟု ၄င်းက ဆက်လက် ရှင်းပြသည်။

ထို့ပြင် အကိုက်အခဲ ပျောက်ဆေးများကို ပမာဏအနည်းမှ အများသို့ တိုးမြှင့် သောက်သုံးသည့် စနစ်ကိုသာ ကျင့်သုံးသင့်ကြောင်း၊ အကိုက်အခဲ ပျောက်ဆေးများတွင် Codeine ဓာတ် ပါဝင်ကြောင်း၊ ရက်အနည်းငယ်အတွင်း စွဲသွားနိုင်သည်။ ထို့ပြင် အကိုက်အခဲ ပျောက်ဆေးများသည် အစာအိမ်ကိုလည်း ထိခိုက်စေနိုင် သည့်အတွက် မိမိကိုယ်ကို သံသယရှိပါက ဆရာဝန်နှင့် ပြသပြီးမှသာ အကိုက်အခဲ ပျောက်ဆေးများ သောက်သုံး သင့်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်

Friday, December 11, 2015

ကမ္ဘာ့ပထမဆုံး ငှက်ဖျားရောဂါ ကာကွယ်ဆေးကို မက္ကဆီကိုနိုင်ငံ၌ အသုံးပြုခွင့်ရတော့မည်



ပဲရစ် ၊ ၁၁-၁၂-၂၀၁၅

တစ်နှစ်လျှင် ကမ္ဘာ့လူဦးရေ သန်း ၄၀၀ ကျော် ခံစားနေကြ ရသည့် ငှက်ဖျားရောဂါ အတွက် ကမ္ဘာ့ ပထမဆုံး ငှက်ဖျားရောဂါ ကာကွယ်ဆေးကို မက္ကဆီကို နိုင်ငံ၌ အသုံးပြုခွင့် ရတော့မည် ဖြစ်သည်ဟု ကာကွယ်ရေး ကို ထုတ်လုပ်ခဲ့သည့် ပြင်သစ် အခြေစိုက် ဆာနိုဖီ ဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီက ဒီဇင်ဘာ ၉ ရက်က သတင်းထုတ်ပြန် ခဲ့ကြောင်း သိရသည်။

မိမိတို့၏ ကမ္ဘာ့ ပထမဆုံးသော ငှက်ဖျားရောဂါ ကာကွယ်ဆေးကို ကမ္ဘာတစ်ဝန်းက လက်ခံ သုံးစွဲလာကြဖွယ် ရှိပြီး ဆာနိုဖီဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီအတွက် အမြတ်ငွေ အမေရိကန် ဒေါ်လာ တစ်ဘီလီယံ အထိ ရရှိလာပြီ ဖြစ်ကြောင်း ဆာနိုဖီဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိ သူများက ပြောကြားသည်။

ဒန်ဗားရှား ( Dengvaxia ) အမည်ရှိ အဆိုပါ ငှက်ဖျားရောဂါ ကာကွယ်ဆေးကို ထုတ်လုပ်၍ ဆာနိုဖီ ဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီသည် နှစ် ၂၀ မျှ သုတေသန ပြုလုပ်ခဲ့ရပြီး အမေရိကန် ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ အသုံးပြု ခဲ့ရသည်။ လက်ရှိအချိန်တွင် ဆာနိုဖီ ဆေးဝါး ထုတ်လုပ်မှု ကုမ္ပဏီသည် ဒန်ဗားရှား ငှက်ဖျားရောဂါ ကာကွယ်ဆေးကို ကမ္ဘာ့နိုင်ငံပေါင်း ၂၀ တွင် ဈေးကွက်တင် ရောင်းချနိုင်ရေး ကြိုးပမ်းလျက် ရှိသည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) အဆိုအရ ခြင်မှတစ်ဆင့် ကူးစက် ဖြစ်ပွားတတ်သော ငှက်ဖျားရောဂါကို လက်ရှိ အချိန်တွင် ဆာနိုဖီ ဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီ သည် အာရှနှင့် လက်တင် အမေရိက နိုင်ငံများသို့ နှစ်စဉ် ဒန်ဗားရှား ငှက်ဖျားရောဂါ ကာကွယ်ရေး ထိုးဆေး သန်းပေါင်းများစွာ တင်ပို့ရန် အဆင်သင့် ပြင်ထားပြီး ၂၀၁၇ ခုနှစ် အရောက်တွင် ဒန်ဗားရှား ငှက်ဖျားရောဂါ ကာကွယ်ရေး ထိုးဆေးကို သန်း ၁၀၀ ထိ မြှင့်တင် ထုတ်လုပ်ရန် စီစဉ်ထား ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၃)

Wednesday, December 9, 2015

ဆေးသောက်နည်း လမ်းညွှန်



ဆေးသောက်နည်း လမ်းညွှန်

ထမင်းမစားခင် ပဋိဇီဝဆေးသောက်ရ မည်ဆိုလျှင် ထမင်းမစားခင် နာရီဝက်အလိုမှာ ဆေးသောက်ပါ။ ထမင်းမစားခင် ၂ မိနစ်လောက် အလိုမှ အချိန်ကပ်၍ မသောက်ပါနှင့်။ အကြောင်းကတော့ အစာနဲ့ဆေး သောက်ချိန် နီးတဲ့အခါ တချို့သော ဆေးများက အစားအစာထဲ ရောပါပြီး ဆေးစွမ်းသတ္တိ ဓာတ်ပြယ် သွားစေလို့ပါ။

ထမင်းစားပြီးနောက် ပဋိဇီဝဆေးသောက် ရမည်ဆိုပါလျှင် ထမင်းစားပြီးနောက် ၅ မိနစ် သို့မဟုတ် ၁ဝ မိနစ်ခန့်ကြာမှ ဆေးသောက်ပါ။ အကြောင်းကတော့ တချို့ဆေးများက အစာအိမ်ကို အနှောင့်အယှက် ပြု၍ မအီမသာ ဖြစ်စေသလို၊ တချို့ဆေးများ ကလည်း အစာဟောင်းနှင့် ရော၍ မစင်အဖြစ် ပါသွားတာကြောင့် ဆေးမတိုးတော့ ပါဘူး။

ဗီတာမင်အားဆေး တစ်ခုခုမှီဝဲ ရမည်ဆိုပါလျှင် ဆေးသောက်ရန် အကောင်းဆုံး အချိန်က နေ့လယ်စာ ထမင်းစားပြီး နောက် ၅ မိနစ် သို့မဟုတ် ၁ဝ မိနစ်ခန့် ကြာမှ သောက်ရမှာ ဖြစ်ပါတယ်။ ဗိုက်ထဲ အစာမရှိဘဲ လုံးဝ အားဆေး မသောက်ပါနှင့်။ အကြောင်းကတော့ အထူးသဖြင့် ဗီတာမင် B နှင့် ဗီတာမင် C အားဖြည့်ဆေး များဟာ ဆီးအဖြစ် ချက်ချင်းစွန့်ပါ သွားတဲ့အတွက် ဆေးအာနိသင် ပျက်ပြယ်သွားကာ သောက်သမျှ အားဆေး အချည်းအနှီး ဖြစ်စေ ပါတော့တယ်။

ဆေးပတ်လည်အောင်သောက်ပါ

နေကောင်းသွားသည့် တိုင်အောင် သောက်လက်စ ဆေးကို ရပ်မပစ်ပါနှင့်။ ဆရာဝန် ညွှန်ကြားသည့်အတိုင်း ဆေးပတ်လည်အောင် ဆက်သောက်ပါ။ အကြောင်းကတော့ ဥပမာ- အဖျားကျသွား သော်လည်း ခန္ဓာကိုယ်ထဲမှာ ငုပ်လျှိုးကျန်ရစ် နေသေးတဲ့ အင်အားကြီး အဖျားပိုးက လူကိုထပ်မံ ဖျားနာ စေတတ်လို့ အမြစ်ပြတ် ချေမှုန်းသည့် အနေဖြင့် ဆေးညွှန်း ကုန်အောင် ဆက်သောက်ပါ။

ပဋိဇီဝဆေးဝါးများနှင့် နွားနို့အန္တရာယ်

ဆေးဝါးများကို နွားနို့နှင့် တွဲဖက်မသောက် သင့်ကြောင်း စာဖတ်ပရိသတ်များ ကြားဖူးကြမယ် ထင်ပါတယ်။ အဘယ်ကြောင့် မသောက်သင့် ပါသလဲ။ ရောဂါတစ်ခုခု အတွက် ခံတွင်းမှ မျိုချ သောက်သုံးလိုက်သော သောက်ဆေးများကို အစာအိမ်မှ အက်စစ်ဓာတ်ပြု၍ အစာချေဖျက် ပေးပြီး သက်ဆိုင်ရာ ရောဂါထံသို့ သွေးစီးကြောင်း များမှတစ်ဆင့် အနာနှင့်ဆေး တွေ့စေ၍ ဝေဒနာ သက်သာ လာစေပါတယ်။

နွားနို့ တစ်မျိုးတည်းသာ သောက်ပါက နို့ထဲတွင် ပါရှိသော ကယ်လ်စီယမ်နှင့် အာဟာရဓာတ် တို့ကို အစာအိမ်မှ ဓာတ်ပြု၍ ခွန်အား ဖြစ်စေသည်မှာ မှန်သော်လည်း အကယ်၍ တက်ထွာဆိုက္ကလင်း ( Tetracycline) အပါအဝင် ၄င်းနှင့် အာနိသင်တူသော ပဋိဇီဝ ဆေးဝါးများကို နွားနို့ဖြင့် ရောသောက်မိ ပါက နို့ထဲတွင် ပါရှိသော ကယ်လ်စီယမ် ဓာတ်က ဟန့်တားစေသော အစွမ်းရှိသဖြင့် ဆေးမတိုး စေနိုင်တော့ပါဘူး။ ထို့အတူ ကော်ဖီ၊ လက်ဖက်ရည် နှင့် အချိုရည် တို့တွင် ပါရှိသော ကဖိန်းဓာတ် များကလည်း ခန္ဓာကိုယ်မှ ဆေးဝါးကို စုပ်ယူနိုင်မှု နှောင့်နှေး စေပါတယ်။

ဒါကြောင့် မည်သည့်ဆေးဝါး အတွက်ဖြစ်စေ သောက်ရေ တစ်မျိုးတည်းဖြင့် သောက်သုံးခြင်းသာ အမှန်ကန်ဆုံး ဖြစ်ပြီး အစာမစားခင် သို့မဟုတ် စားပြီး နောက်ပိုင်း ဆေးဝါး သောက်သုံးခြင်းက အကောင်းဆုံး ဖြစ်ပါကြောင်း အိန္ဒိယနိုင်ငံမှ Dr. Sharib Azmi မှ Daily Health Tips တွင် အကြံပြု ထားပါကြောင်း ရေးသားလိုက်ရ ပါသည်။

ပေါက်ပေါက်

မြ၀တီနေ့စဉ် ၊ စာ(၂၅)
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger